ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် From Wikipedia, the free encyclopedia
Remove ads
ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံး လေဆိပ်ဖြစ်ပြီး ဟက်တာ ၄၀၀ ကျယ်ဝန်းသည်။ ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်မြို့မှ အနောက်ဘက် ၁၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။
Remove ads
သမိုင်း
ဖနွမ်းပင် လေဆိပ်၏ နာမည်အဟောင်းမှာ ပိုချန်တောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်သည်။
၁၉၉၅ ခုနှစ် ဇွန်လိုင်လ ၆ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံအစိုးရနှင့် ပြင်သစ်-မလေးရှား ပူးတွဲကုမ္ပဏီဖြစ်သည် SCA တို့အကြား လေဆိပ်တည်ဆောက်ရန် နားလည်မှုစာချုပ် ချုပ်ဆိုကြသည်။
အထောက်အပံ့ပစ္စည်း
လေဆိပ်သည် ပင်လယ်ပြင်မျက်နှာပြင်အထက် ပေ၄၀ (၁၂ မီတာ) တွင် တည်ရှိသည်။ လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်ထားပြီး ပြေးလမ်းအရှည် မီတာ ၃၀၀၀ (၉၈၄၀ ပေ) နှင့် ပြေးလမ်း အကျယ် ၅၀ မီတာ (ပေ ၁၆၀) ရှိသည်။
လေဆိပ် အဆောက်အဦး (၂) ခု တည်ရှိပြီး တစ်ခုမှာ ပြည်ပ လေကြောင်းလိုင်းများအတွက် အသုံးပြုပြီး တစ်ခုမှာ ပြည်တွင်း လေကြောင်းလိုင်း များအတွက် အသုံးပြုသည်။ မကြာသေးမှီက အရေးကြီးပုဂ္ဂိုလ်များအတွက် ဝန်ဆောင်မှုကို ထပ်မံထည့်သွင်းခဲ့သည်။ ပြည်ပ လေဆိပ်အဆောက်အဦးကို ၂၀၀၃ ခုနှစ်က တည်ဆောက်ခဲ့ပြီး လေယာဉ်ရပ်နားရန်တံတား (၅) ခု ပါဝင်သည်။ လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် ၂ သန်း ဝန်ဆောင်မှုပေးနိုင်ရန် တည်ဆောက်ထားသည်။
Remove ads
အဆင့်မြှင့်တင်မှု
ဖနွမ်းပင်လေဆိပ်ကို တိုးတက်လာသော ခရီးသည်များအတွက် တိုးချဲ့ရန် စီစဉ်ခဲ့ကြသည်။ တစ်နှစ်လျှင် ခရီးသည် ၃ သန်းအထိ တိုးတက်ဝင်ဆောင်မှုပေးနိုင်ရန်အတွက် ၂၀၁၃ ခုနှစ်တွင် စတင်၍ လေဆိပ်အဆောက်အဦးကို တိုးချဲ့တည်ဆောက်ခဲ့သည်။ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် မျှော်မှန်းသည်။
လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ
ခရီးသည်
လေကြောင်းလိုင်း ၂၅ လိုင်းသည် ဖနွမ်းပင်လေဆိပ်မှ အခြားမြို့ ၂၀ ကို ပျံသန်းပြေးဆွဲလျက်ရှိသည်။
ကုန်ဂိုဒေါင်
Remove ads
ကိန်းဂဏန်းအချက်အလက်
Remove ads
ပြည်ပ လေဆိပ်အဆောက်အဦး
- ဝန်ဆောင်မှုပမာဏ: ၁ သန်း ခရီးသည်
- မျက်နှာပြင်: ၂၀ ၀၀၀ စတုရန်းမီတာ (၂၂၀ ၀၀၀ စတုရန်းပေ)
- စောင့်ဆိုင်း ခန်းမ: ၂ ၀၀၀ စတုရန်းမီတာ (၂၂ ၀၀၀ စတုရန်းပေ)
- အရေးကြီး ပုဂ္ဂိုလ်ခန်းမ: ၅၀၀ စတုရန်းမီတာ (၅ ၄၀၀ စတုရန်းပေ)
- စားသောက်ဆိုင်: ၅၀၀ စတုရန်းမီတာ (၅ ၄၀၀ စတုန်ရန်းပေ)
- အကောက်ခွန်မဲ့ဆိုင်: ၁၀၀၀ စတုရန်းမီတာ (၁၁ ၀၀၀ စတုရန်းပေ)
- ထိုင်ခုံ အရေအတွက်: ၅၀၀
- Check-in ကောင်တာ: ၂၀
- လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန် ကောင်တာ : ၂၀
- ဂိတ်အရေအတွက်: လေယာဉ်ဆိုက်ရောက်တံတား (၅) , ဘတ်ကားဖြင့် (၁၀)
- လက်ဆွဲအိတ်ရွေးရန် နေရာ: ၅
- ကားရပ်နားရန် နေရာ: ၅၀၀
Remove ads
ပြည်တွင်း လေဆိပ်အဆောက်အဦး
ထွက်ခွာ
- ၁နာရီလျှင် ခရီးသည် ၁၀၀၀ ဝန်ဆောင်မှုပေးနိုင်
- ကြမ်းခင်း မျက်နှာပြင်
- ထွက်ခွာ ဂိတ်
ဆိုက်ရောက်
- ကြမ်းခင်း မျက်နှာပြင်Floor surface
- ပန်းခြံ
- ၁ နှစ်လျှင် ခရီးသည် ၁ သန်း ဝန်ဆောင်မှုပေးနိုင်
References
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads