သန်းမြင့် (ဝန်ကြီး)

ဝန်ကြီးအငြိမ်းစား From Wikipedia, the free encyclopedia

သန်းမြင့် (ဝန်ကြီး)
Remove ads

ဒေါက်တာသန်းမြင့် သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဟောင်း တစ်ဦးဖြစ်သည်။ ဝန်ကြီးအဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

အချက်တိုများ ဒေါက်တာ သန်းမြင့်, စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ...
Remove ads

အစောပိုင်းဘဝနှင့် ပညာရေး

ဒေါက်တာသန်းမြင့်ကို ၁၉၄၃ခုနှစ် ဇန်နဝါရီလ ၁၇ရက်နေ့တွင် အင်္ဂပူမြို့နယ်၌ ဖွားမြင်သည်။ ရန်ကုန်တက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုရှိ Pacific Western University မှ ဘွဲ့လွန်နှင့် ဒေါက်တာဘွဲ့များ ရရှိခဲ့သည်။ ၎င်း၏ ဒေါက်တာဘွဲ့နှင့် ပက်သက်၍ ပြဿနာ တက်ခဲ့သည်။[][]

ဒေါက်တာသန်းမြင့်သည် နိုင်ငံ့ဝန်ထမ်းဘဝ၊ ကုလသမဂ္ဂဝန်ထမ်း ဘဝများဖြင့် နေထိုင်ခဲ့သည်။ ၂၀၁၂ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့သည်။

Remove ads

အလုပ်အကိုင်

၂၀၁၅ ရွေးကောက်ပွဲ

ဒေါက်တာသန်းမြင့်သည် ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ ဆန္ဒမဲပေါင်း (၁၀၃,၈၃၂)မဲ ရရှိခဲ့သည်။[]ထို့နောက် နိုင်ငံတော်သမ္မတအသစ်အဖြစ် ရွေးကောက်ခံရသည့် ဦးထင်ကျော်က တင်သွင်းသော ဝန်ကြီး (၁၈)ဦးစာရင်းတွင် ဒေါက်တာသန်းမြင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးအဖြစ် အဆိုပြုခဲ့သည်။[]

ပညာရေးနောက်ခံပြဿနာ

အစိုးရအဖွဲ့ကို အတည်မပြုမီကာလတွင် အဆိုပြုထားသော ဝန်ကြီးများအနက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာသန်းမြင့်တို့၏ ပညာရေးနောက်ခံနှင့် ပက်သက်၍ ပြဿနာတက်ခဲ့ကြသည်။ ၎င်းတို့ရရှိခဲ့သည့် ဒေါက်တာဘွဲ့များနှင့် ပက်သက်၍ ထိုဘွဲ့များကို ပေးခဲ့သည့် အမေရိကန်တက္ကသိုလ်များသည် မှန်ကန်မှုမရှိခဲ့ပေ။ ဒေါက်တာသန်းမြင့်ကမူ သူ့အနေဖြင့် ကုလသမဂ္ဂ အစီအစဉ်တစ်ခုဖြင့် အမေရိကန်တက္ကသိုလ်တစ်ခုတွင် အွန်လိုင်းစနစ်ဖြင့် ကြိုးစားသင်ယူခဲ့ပြီး ၁၉၉၉ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ ထိုသို့ပြီးစီးခဲ့ရာတွင် အထောက်အထားများရှိကြောင်းနှင့် ပြဿနာများသည် ကျောင်းဘက်မှသာဖြစ်ကြောင်း ပြောကြားခဲ့သည်။[] သို့သော် ၎င်းအား ပြည်ထောင်စုဝန်ကြီးအဖြစ် လွှတ်တော်က အတည်ပြုခဲ့သည်။

ဝန်ကြီးဘဝ

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သော ဦးထင်ကျော်အစိုးရအဖွဲ့သည် ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့တွင် တက်လာခဲ့သည်။ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကျန်းမာရေးပြဿနာကြောင့် ယာယီအနားယူခဲ့ရသေးသည်။[] ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အခြားဝန်ကြီးများနည်းတူ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads