သောင်းအေး

From Wikipedia, the free encyclopedia

Remove ads

ဦးသောင်းအေး (၁ ဒီဇင်ဘာ ၁၉၅၆ မွေးဖွား) သည် မြန်မာ့တပ်မတော် အရာရှိဟောင်း၊ နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စ၍ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်း ခံရသည်။

အချက်တိုများ ဦး သောင်းအေး, ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ...
Remove ads

အစောပိုင်းဘဝနှင့် ပညာရေး

ဦးသောင်းအေးကို ၁၉၅၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပဲခူးတိုင်းကဝမြို့နယ်၊ ခနာကျေးရွာတွင် ဖခင် ဦးဝိုင်းနှင့် မိခင် ဒေါ်သန်းတို့မှ မွေးဖွားခဲ့သည်။ အခြေခံပညာကို မင်္ဂလာဒုံမြို့နယ်၊ အ.လ.က ၅ နှင့် အ.ထ.က ၁၊ မရမ်းကုန်းမြို့နယ် အ.ထ.က ၄ တို့တွင် သင်ယူခဲ့သည်။ စစ်တက္ကသိုလ် အပတ်စဉ် (၂၀) က ဖြစ်သလို ၁၉၇၄ ခုနှစ်မှာ ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နဲ့ ၁၉၇၅ ခုနှစ်မှာ စစ်တက္ကသိုလ်တို့ကို တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့နဲ့ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ) တို့ကို ရရှိခဲ့သူ ဖြစ်သည်။ []

Remove ads

စစ်မှုထမ်းခြင်း

၁၉၇၉ ခုနှစ်တွင် ပြန်တန်းဝင်အရာရှိအဖြစ် ခန့်အပ်ခံရပြီး မြင်းခြံ၊ ရွှေကူ၊ ပဲခူး၊ သထုံ၊ ကလေး၊ မှော်ဘီ၊ ဖူးကြီး၊ ရန်ကုန်၊ လွိုင်လင်၊ မိုင်းနောင်၊ တောင်ကြီး၊ အမ်း၊ စစ်တွေမြို့များတွင် တပ်မတော် တာဝန်များ ထမ်းဆောင်ခဲ့သည်။ [] ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ အနားယူခဲ့သည်။ []

နိုင်ငံရေး

ရှမ်းပြည်နယ်တွင် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ အထိလည်းကောင်း ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ/တိုင်းမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။[]

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။

၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ ဦးဝင်းမြင့် နုတ်ထွက်သွားသည့်အတွက် ဥက္ကဋ္ဌသစ်နေရာအတွက် အစားထိုးရွေးချယ်ခဲ့ရာ ဦးသောင်းအေးနှင့် ဦးတီခွန်မြတ် (ကွတ်ခိုင်မဲဆန္ဒနယ်) တို့ကို အမည်စာရင်း တင်သွင်းခဲ့ပြီး ဦးတီခွန်မြတ်က ထောက်ခံမဲအများဆုံးဖြင့် ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။[]

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်မှ ပြန်လည်ဝင်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ ယင်းသို့ ရှုံးနိမ့်ရခြင်းမှာ NLD ပါတီဘက်မှ မဲမသမာမှုများကြောင့် ဖြစ်သည်ဟု ၎င်းက စွပ်စွဲခဲ့သည်။ ထို့ပြင် ၎င်း၏ မဲဆန္ဒနယ်မြေအတွင်းရှိ မဲစာရင်းများကို စစ်တပ်အား ခေါ်ယူစစ်ဆေးစေခဲ့ပြီး၊ ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် "အဓမ္မ အားကြီးလာရင် ပိုကြီးတာနဲ့ နှိမ်နင်းရမယ်" ဟု ရေးသားခဲ့သည်။[]

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်က ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးတွင် ညီလာခံအပြီး တွင် လစ်လပ်နေသည့် အထွေထွေအတွင်းရေးမှူးနေရာများအတွက် ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် ဗဟိုကော်မတီဝင် ဦးသောင်းအေးကို ခန့်အပ်သည်။ []

မိသားစု

ဦးသောင်းအေးသည် ဒေါ်သင်းမျိုးမျိုးအောင်နှင့် လက်ထပ်ခဲ့ပြီး သားသမီး သုံးဦး ထွန်းကားခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads