တီခွန်မြတ်

မြန်မာနိုင်ငံရေးသမား From Wikipedia, the free encyclopedia

Remove ads

ဦးတီခွန်မြတ် (၃၀ အောက်တိုဘာ ၁၉၅၀ မွေးဖွား) သည် မြန်မာနိုင်ငံသား၊ ကချင်လူမျိုး နိုင်ငံရေးသမား၊ ရှေ့နေနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသည်။[][]၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် လစ်လပ်သွားသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် ရွေးချယ်ခန့်အပ်ခြင်းခံရသည်။

အချက်တိုများ သီရိပျံချီ ဦးတီခွန်မြတ်, ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ...
Remove ads

အစောပိုင်းဘဝ နှင့် ပညာရေး

ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် အလုပ်သင်ရှေ့နေအဖြစ် လက်တွေ့သင်ကြားပြီး ၁၉၇၆ မတ်လတွင် ဥပဒေဝန်ထမ်းအဆင့် ၄၊ ၁၉၈၁ မှ ၁၉၈၄ ထိ ကွတ်ခိုင်မြို့နယ် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်၊ ၁၉၈၅ မှ ၁၉၈၈ ထိ တောင်ငူမြို့နယ် ဥပဒေရုံးတွင် ဥပဒေဝန်ထမ်းအဆင့် ၃၊ ၁၉၈၈ မှ ၁၉၉၀ ထိ ကွတ်ခိုင်မြို့နယ် မဝတ အတွင်းရေးမှူး၊ ၁၉၉၀ မှ ၂၀၁၀ ဇူလိုင်လ ထိ ရှေ့နေချုပ်ရုံး ဥပဒေညွှန်ကြားရေးမှူး အဖြစ် တွဲဖက်ထားပြီး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုကိုခံယူ၍ ကွတ်ခိုင်ပြည်သူ့စစ်(ဌာနေ)၊ တိုက်ခိုက်ရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့သည်။ ၎င်းအပြင် ၂၀၀၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်တွင်လည်းကောင်း၊ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

Remove ads

နိုင်ငံရေး

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ကွတ်ခိုင်မြို့နယ်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်အလုပ်အမှုဆောင်အဖြစ် လည်းကောင်း၊ ကွတ်ခိုင်ပြည်သူ့စစ် (တိုက်ခိုက်ရေးရဲတပ်ဖွဲ့) တပ်ဖွဲ့ခေါင်းဆောင် တာဝန်ထမ်းဆောင်ခဲ့သည်။[][]

၂၀၁၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံရပြီး၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။[][]

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ၂၀၁၅ ခုနှစ်မှာပင် သူရဦးရွှေမန်းနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။[]

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နုတ်ထွက်ပြီးနောက် ဦးတီခွန်မြတ်အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသစ်အဖြစ် တင်မြှောက်ခြင်း ခံရပြီး ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။[]

၂၀၂၁ နောက်ပိုင်းကာလများ

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီး​နောက်တွင် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပုဒ်မ (၄၂၄)၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၇) တို့ အရ ဦးတီခွန်မြတ်သည် လွှတ်​တော်ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ [][] ဦးတီခွန်မြတ်သည်  ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်က ခေတ္တထိန်းသိမ်းခံရသည်။[] ထိုနေ့က နေပြည်တော်တွင် ပြုလုပ်သည့်  ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကျင်းပသည့် စစ်တပ်ခေါင်းဆောင်များသို့ အာဏာလွှဲမှုတွင် သူ မပါခဲ့ပေ။[] သို့သော် အရေးပေါ်အခြေအနေကို  နောက်ထပ် ခြောက်လစီ သက်တမ်းတိုးသော ၂၀၂၂ခုနှစ် ဇန်နဝါရီ ၃၁ရက်က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၂)[၁၀] ၊ ၂၀၂၂ခုနှစ် ဇူလိုင်လ ၃၁ရက်က ကျင်းပသည့်  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၂/၂၀၂၂)[၁၁] ၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ရက်က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ‌ရေးကောင်စီ အစည်းအဝေး (၁/၂၀၂၃)[၁၂] ၊ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ရက်က ကျင်းပသည့် အမျိုးသား ကာကွယ်‌ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၃)[၁၃] များသို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် တက်ရောက်သည်။

Remove ads

မူးယစ်ဆေးဝါးပြဿနာများ

ဦးတီခွန်မြတ်သည် ကွတ်ခိုင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်ခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းနှင့် ငွေကြေးခဝါချခြင်းတို့တွင် ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ငွေကြေးခဝါချခြင်းများကြောင့် ဖျက်သိမ်းသွားခဲ့ပြီးဖြစ်သော မြန်မာမေဖလားဝါးဘဏ်တွင် ရှယ်ယာဝင်တစ်ဦး ဖြစ်ခဲ့သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းများတွင် ပါဝင်မှုမရှိကြောင်း ဦးတီခွန်မြတ်က ငြင်းဆိုခဲ့သည်။[][၁၄][][]

ရရှိခဲ့သော ဆုတံဆိပ်များ

ရဲသူရတံဆိပ် (၁၉၈၉)၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ် (၁၉၈၉)၊ ဝန်ထမ်းကောင်းဆု(၁၉၈၉)၊ ရှေ့နေချုပ်ဒုတိယအဆင့် (၁၉၉၀)၊ ရဲချုပ်ဂုဏ်ထူးဆောင် လက်မှတ် (၁၉၉၃)၊ စီမံထူးချွန်တံဆိပ် တတိယအဆင့်(၂၀၀၂)၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) (၂၀၀၄)၊ ရှေ့နေချုပ်ပထမအဆင့်(၂၀၀၅) တို့ကို ရရှိခဲ့သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အမိန့်ကြော်ငြာ စာအမှတ် ၂၁၁/ ၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့်  သီရိပျံချီ ဘွဲ့ ချီးမြှင့်အပ်နှင်းသည်။ [၁၅]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads