အမျိုးသားဒီမိုကရေစီပါတီသစ်

From Wikipedia, the free encyclopedia

Remove ads

အမျိုးသားဒီမိုကရေစီပါတီသစ် (အင်္ဂလိပ်: New National Democracy Party) သည် ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[]

အချက်တိုများ အမျိုးသားဒီမိုကရေစီပါတီသစ်, အင်္ဂလိပ် အမည် ...
Remove ads

သမိုင်းကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်အပါအဝင် သင်္ဃန်းကျွန်းမြို့နယ်မှ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လေးဦးသည် မူလက အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ [][] သို့သော် နောက်ပိုင်းတွင် ပါတီ၏ရန်ပုံငွေကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများကြောင့် ပါတီမှ ထုတ်ပယ်ခံခဲ့ရသည်။ ရွေးကောက်ပွဲကော်မရှင်ကလည်း ၎င်းတို့ကို တစ်သီးပုဂ္ဂလအမတ်များအဖြစ် သတ်မှတ်ပေးခဲ့သည်။[]

ထို့နောက် အမျိုးသားဒီမိုကရေစီပါတီသစ် ကို တည်ထောင်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။[]

Remove ads

ပါတီမှတ်ပုံတင်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ နေ့တွင် မှတ်ပုံတင်အမှတ် (၃၃) ဖြင့် ခွင့်ပြုခဲ့သည်။[]

Remove ads

ရွေးကောက်ပွဲ ဝင်ပြိုင်မှု

အမျိုးသားလွှတ်တော်

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, စုစုပေါင်း အနိုင်ရနေရာ ...

ပြည်သူ့လွှတ်တော်

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, စုစုပေါင်း အနိုင်ရနေရာ ...

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads