အောင်မျိုးမင်း

လူ့အခွင့်အရေးလှုပ်ရှားသူ From Wikipedia, the free encyclopedia

အောင်မျိုးမင်း
Remove ads

ဦးအောင်မျိုးမင်းသည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။[][] လက်ရှိတွင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး၊ မြန်မာ့ပထမဆုံး လိင်စိတ်ပြောင်းခံယူသူ ဝန်ကြီးဖြစ်သည်။[]

အချက်တိုများ ဦးအောင်မျိုးမင်း, ပြည်ထောင်စုဝန်ကြီး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ...
Remove ads

ငယ်ဘဝနှင့် ပညာရေး

၈၈၈၈ အရေးအခင်းပြီးသည့်နောက် ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားပြီး၊ ပြည်ပ၌ ၂၃ နှစ်ကြာ နေထိုင်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။[] ၁၉၈၈ မတိုင်မီ မြန်မာနိုင်ငံတွင်ရှိစဉ်က ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဆည်းပူးခဲ့သည်။[] ၁၉၉၃ ခုနှစ်တွင် နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်၌ လူ့အခွင့်အရေးအကြောင်း လေ့လာခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် မဟာဘွဲ့ရရှိခဲ့သည်။[]

ဆောင်ရွက်ချက်များ

၂၀၀၀ ပြည့်နှစ်တွင် မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ပညာရေးအင်စတီကျု (HREIB) ကို တည်ထောင်ခဲ့သည်။[] ၎င်းကို နောင်တွင် ညီမျှခြင်းမြန်မာ (EQMM) အမည်သို့ ပြောင်းလဲခဲ့ပြီး၊ အမှုဆောင်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။[][]

၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရတွင် လူ့အခွင့်အရေး မှတ်တမ်းဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[] ၂၀၀၇ ခုနှစ်တွင် စတင်သည့် EQMM ၏ Colors Rainbow ပရောဂျက် တည်ထောင်သူ ဖြစ်သကဲ့သို့၊ မြန်မာ LGBT အခွင့်အရေးကွန်ရက်၏ အလုပ်အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သည်။[] ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးသည့်နောက် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။[]

၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[၁၀]

Remove ads

ဆုများနှင့် ဆန်ခါတင်စာရင်း

၁၉၉၉ ခုနှစ်တွင် International Gay and Lesbian Human Rights Commission က ချီးမြှင့်သည့် Felipa de Souza Award ကို ရရှိခဲ့သည်။[] ၂၀၁၇ ခုနှစ်တွင် ဥရောပသမဂ္ဂက ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့အတွက် တိုက်ပွဲဝင်နေကြသူ မြန်မာနိုင်ငံသားများအတွက် ပထမဆုံးပေးအပ်သည့် Robert Schuman Award အပါအဝင်၊[၁၁] လူ့အခွင့်အရေးနှင့် LGBT အရေး တက်ကြွစွာဆောင်ရွက်သည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများက ချီးမြှင့်သည့် ဆုခုနစ်ဆုကို ရရှိထားသည်။[၁၂] ၂၀၁၆ ခုနှစ်က ကုလသမဂ္ဂ၏ N-Peace Award အတွက်လည်း လျာထားခံရသည်။[၁၃]

လူသိများသော ယဉ်ကျေးမှု

This Kind of Love အမည်ရ မှတ်တမ်းရုပ်ရှင်တွင် ဦးအောင်မျိုးမင်း၏ ဘဝခရီးကို ခြယ်မှုန်းပုံဖော်ပြထားသည်။[၁၃]

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads