၂၀၂၆ အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၂၆ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2026 Asian Games) သည် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပမည့် အကြိမ် (၂၀)မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ၂၀၂၆ခုနှစ် စက်တင်ဘာ ၁၉ရက်နေ့မှ အောက်တိုဘာ ၄ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ နာဂိုယာမြို့သည် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် ဂျပန်နိုင်ငံ၏ တတိယမြောက်မြို့ ဖြစ်လာသည်။ ၁၉၅၈ခုနှစ်တွင် တိုကျိုမြို့၊ ၁၉၉၄ခုနှစ်တွင် ဟီရိုရှီးမားမြို့ တို့၌ လက်ခံကျင်းပခဲ့ဖူးသည်။
Remove ads
လက်ခံကျင်းပခြင်း
အိမ်ရှင်ရွေးချယ်ခြင်း
၂၀၁၆ခုနှစ် စက်တင်ဘာ ၂၅ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ကျင်းပသော အစည်းအဝေး၌ နာဂိုယာမြို့အား ၂၀၂၆ပွဲတော်အတွက် ကျင်းပခွင့် ပေးခဲ့သည်။ မူလက အိုက်ချီစီရင်စုနှင့် ထိုစီရင်စု၏မြို့တော် နာဂိုယာတို့အကြား ဘဏ္ဍာရေးပိုင်း မပြေမလည်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြေလည်သွား၍ အိမ်ရှင်ဖြစ်ခွင့် လျှောက်လွှာအား တင်နိုင်ခဲ့သည်။
Remove ads
ပြိုင်ပွဲအထိမ်းအမှတ်များ
အထိမ်းအမှတ်တံဆိပ်
၂၀၂၆အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်တွင်ပါဝင်သော မျဉ်းကွေးများသည် အားကစား၏ အသက်ဝင်မှုကို ပြသည်။ ခရမ်းရောင်၊ ရွှေရောင်နှင့် အစိမ်းရောင်တို့ ပါဝင်သော အလယ်မှမျဉ်းဖြောင့်မှာ အာရှအိုလံပစ်ကောင်စီ၏ အမှတ်အသား နေဝန်းနီဆီသို့ ဦးတည်ထားသည်။ ဤသည်မှာ လူများအတူတကွပေါင်းစည်းပြီး အနာဂတ်သို့ ရှေ့ဆက်သွားခြင်းဖြစ်သည်။ အထိမ်းအမှတ်တံဆိပ်အတွက် ယှဉ်ပြိုင်နိုင်ရန် ၂၀၁၉ဆောင်းဦးတွင် ကြေညာခဲ့ပြီး နိုင်ငံအနှံ့မှ ယှဉ်ပြိုင်သော တံဆိပ်ပေါင်း ၈၈၄ ခုရှိခဲ့သည်။ထိုအနက်မှ ဤအမှတ်တံဆိပ်ကို ရွေးချယ်ခဲ့ကြသည်။[၂]
Remove ads
ပွဲများနှင့် အားကစား
ပါဝင်သည့်နိုင်ငံများ
အာရှအိုလံပစ်ကောင်စီ အဖွဲ့ဝင်(၄၅)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြမည်ဟု ခန့်မှန်းရသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads