၂၀၂၂ အာရှ အားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

၂၀၂၂ အာရှ အားကစားပြိုင်ပွဲ
Remove ads

၂၀၂၂ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2022 Asian Games) သည် တရုတ်နိုင်ငံဟန်ကျိုးမြို့တွင် ကျင်းပ​နေ​သော (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။[] အားကစားနည်းပေါင်း (၄၀) ထည့်သွင်းကျင်းပမည်ဖြစ်သည်။

အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...

ဟန်ကျိုးမြို့သည် တရုတ်နိုင်ငံတွင် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် တတိယမြောက်မြို့ ဖြစ်လာခဲ့သည်။ ယခင်က ၁၉၉၀ပြည့်နှစ်တွင် ပေကျင်းမြို့၌လည်းကောင်း၊ ၂၀၁၀ပြည့်နှစ်တွင် ကွမ်ကျိုးမြို့၌လည်းကောင်း လက်ခံကျင်းပခဲ့သည်။ မူလက ၂၀၂၂ခုနှစ် စက်တင်ဘာလတွင် ကျင်းပရန် စီစဉ်ထား​သော်လည်း ကိုရိုနာဗိုင်းရပ်စ်​ရောဂါ​​ကြောင့် ပြိုင်ပွဲကို ၂၀၂၃ခုနှစ် စက်တင်ဘာလသို့ ​ရွှေ့ဆိုင်းခဲ့သည်။ ၂၀၂၃ခုနှစ်သို့ ​ပြောင်းလဲ​ကျင်းပ​သော်လည်း ပြိုင်ပွဲနှင့် သက်ဆိုင်ရာများကို ၂၀၂၂ ​ခေါင်းစဉ်ဖြင့်သာ ကျင်းပမည်ဖြစ်သည်။

Remove ads

လက်ခံကျင်းပခြင်း

အိမ်ရှင်ရွေးချယ်ခြင်း

၂၀၂၂ပွဲတော်အတွက် အိမ်ရှင်နေရာကို လျှောက်ထားသည့် မြို့မှာ ဟန်ကျိုးမြို့ တစ်မြို့တည်းသာရှိသည်။ တရုတ် အိုလံပစ်ကော်မတီအနေဖြင့် ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ကို လက်ခံကျင်းပခွင့် ရရှိပြီးနောက် ၂၀၂၂ အာရှအားကစားပြိုင်ပွဲကိုလည်း လက်ခံကျင်းပခွင့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် အိမ်ရှင်ဖြစ်ခွင့် ယှဉ်ပြိုင်ရန် ရှိသော်လည်း အစိုးရထံမှ အကြောင်းပြန်မှု နှောင့်နှေးသဖြင့် လျှောက်လွှာတင်ရန် နောက်ဆုံးရက်ကို ကျော်လွန်သွားခဲ့သည်။ထိုင်းနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီအနေဖြင့် နောက်ဆုံးရက်ကို ရွှေ့ဆိုင်းပေးရန် အာရှ အိုလံပစ်ကောင်စီကို တင်ပြသော်လည်း ငြင်းပယ်ခဲ့သည်။ ဟောင်ကောင် အထူးဒေသအစိုးရသည်လည်း ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရရန် ရည်ရွယ်ခဲ့သော်လည်း ဘဏ္ဍာငွေ ဖြတ်တောက်မှု အခြေအနေများကြောင့် လက်လျှော့ခဲ့သည်။ထို့ကြောင့် ဟန်ကျိုးမြို့သည် ပြိုင်ဘက်မရှိ ၂၀၂၂ ပွဲတော်များကိုကျင်းပခွင့် ရခဲ့သည်။

နောက်ထပ် အချက်အလက်များ ၂၀၂၂ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ်, မြို့ ...

ပြိုင်ပွဲ​ရွှေ့ဆိုင်းခြင်း

အားကစားပြိုင်ပွဲကို မူလက ၂၀၂၂ခုနှစ် စက်တင်ဘာ (၁၀) ရက်မှ (၂၅) ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု အခြေအနေများကြောင့် ၂၀၂၂ခုနှစ် မေလ (၆)ရက်နေ့တွင် ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့သည်။ ပြိုင်ပွဲကို ၂၀၂၃ခုနှစ် စက်တင်ဘာလတွင်မှ ကျင်းပမည်ဖြစ်သည်။[] တရုတ်နိုင်ငံသည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်း ပေကျင်းမြို့က လက်ခံကျင်းပသော ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကိုလည်း ပရိသတ်များမပါဝင်ဘဲ ကျင်းပခဲ့ရသည်။

အားကစားကွင်းများ

၂၀၂၂ အာရှအားကစားပြိုင်ပွဲအတွက် (၄၄) နေရာကို အသုံးပြုမည်ဖြစ်သည်။ ​နေရာ(၃၀)သည် ရှိပြီးသားဖြစ်ပြီး (၁၄)​နေရာကို အသစ်ထပ်မံတည်​ဆောက်ထားသည်။

Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၂၂ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ Surging Tides ဟုအမည်ရသည်။ ထိုအမှတ်တံဆိပ်တွင် တရုတ်ရိုးရာ ယပ်တောင်၊ ကျင်တန်းမြစ်၊ ဒီရေလှိုင်း၊ ပြေးလမ်းကြောင်း၊ အင်တာနက်အမှတ်အသားနှင့် အာရှအိုလံပစ်ကောင်စီ၏ တောက်ပနေသော နေဝန်းနီကြီး ပါဝင်သည်။ အဓိပ္ပါယ်မှာ တရုတ်ဝိသေသများ ပါဝင်သော ဆိုရှယ်လစ်စနစ်၏ ကြီးကျယ်သော အကြောင်းအရာများသည် အနာဂတ်တွင် အရှိန်အဟုန်ဖြင့် သွားနေသည်ကို ဖော်ညွှန်းထားသည်။ ထို့အပြင် အာရှအိုလံပစ်ကောင်စီ၏ စည်းလုံးမှု၊ ကြံခိုင်မှုနှင့် တိုးတက်မှုတို့ကိုလည်း ဖော်ပြသည်။ ဤအထိမ်းအမှတ်တံဆိပ်ကို ၂၀၁၈အင်ဒိုနီးရှား - ဖလန်ပင်ပွဲ​တော် ပိတ်ပွဲအခမ်းအနားတွင် အသုံးပြုရန်အတွက် ၂၀၁၈ခုနှစ် ဩဂုတ်လတွင် ​ထုတ်​ဖော်ပြသခဲ့သည်။ []

လာဘ်ကောင်

၂၀၂၂အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ Congcong၊ Lianlianနှင့် Chenchen ဟုအမည်ရကြသော အားကစားစက်ရုပ်များ ဖြစ်ကြသည်။ ထိုစက်ရုပ်များသည် ဟန်ကျိုးမြို့ရှိ ကမ္ဘာ့အမွေအနှစ်များကို ကိုယ်စားပြုသည့် စက်ရုပ်များဖြစ်သည်။ Congcong သည် Liangzhuဒေသရှိ တူးဖော်ရရှိသော နေရာကိုလည်းကောင်း၊ Lianlianသည် အနောက်ရေကန်ကို ကိုယ်စားပြုသည်။ Chenchenသည် ပေကျင်း-ဟန်ကျိုး တူးမြောင်းကြီးကို ကိုယ်စားပြုသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြီးကျယ်စွာ ဖြစ်ပွားနေသည့် အချိန်ကာလဖြစ်သော ၂၀၂၀ပြည့်နှစ် ဧပြီလတွင် ဤလာဘ်ကောင်များကို ကြေညာခဲ့ခြင်းဖြစ်သည်။[]

Remove ads

ပွဲအခမ်းအနားများ

ဖွင့်ပွဲအခမ်းအနား

ဟန်ကျိုးမြို့၏ Hangzhou Sports Park Stadium တွင် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားကို ဘေကျင်းမြို့တွင် ကျင်းပခဲ့သော ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၏ ဒါရိုက်တာတစ်ဦးဖြစ်ခဲ့သူ Sha Xiaolan က ဦးဆောင်စီစဉ်သည်။ အခမ်းအနားကို နိုင်ငံတော်သမ္မတမှ ချီးမြှင့်တက်ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဥက္ကဋ္ဌ မစ္စတာသောမတ်ဘာချ်လည်း တက်ရောက်ခဲ့သည်။

ပိတ်ပွဲအခမ်းအနား

ပိတ်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင့် ကျင်းပမည်။

ပွဲများနှင့်အားကစား

ပါဝင်​သော အားကစားနည်းများ

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ​ရေကူး
    • မာရသွန် ​ရေကူး
    • ​ကိုယ်ရည်​သွေးပြ ​ရေကူး
    • ဝါတာပိုလို
  • မြားပစ်
  • ​ပြေးခုန်ပစ်
  • ကြက်​တောင်ရိုက်
  • ​Breakdancing
  • ​ဗေ့စ​ဘော
    • ​​​ဗေ့စ​ဘော
    • softball
  • ဘတ်စကက်ဘော
    • 3×3 basketball
    • 5×5 basketball
  • ကတ်အားကစားနည်းများ
    • bridge
    • ​စစ်တုရင်
    • ​Go
    • ​Xiangqi
  • လက်​ဝှေ့
  • ကနူး​လှေ
    • ​Slalom
    • ​Sprint
    • ​ရိုးရာ​​လှေ
  • စက်ဘီးစီး
    • BMX
    • Mountain bike
    • Road
    • Track
  • မြင်းစီး
  • အီလက်ထ​ရောနစ် အားကစားနည်းများ[]
  • ဓားသိုင်းအတတ်
  • ​ဟော်ကီ
  • ​ဘောလုံး
  • ​ဂေါက်သီးရိုက်
  • ကျွမ်းဘား
    • Artistic
    • Rhythmic
    • Trampolining
  • Handball
  • ဂျူဒို
  • ဂျူဂျစ်ဆု
  • Kabaddi
  • ကရာ​တေး
  • ကူရတ်ရှ်
  • ​ခေတ်သစ် အားကစားနည်း၅မျိုးလက်ဆင့်ကမ်း
  • Roller sports
    • Roller skating
    • Skateboarding
  • ​လှေ​လှော်
  • ​၇​ယောက် ရက်ဘီ
  • ရွက်​လှေ
  • ပိုက်​ကျော်ခြင်း
  • ​သေနတ်ပစ်
  • ​​တောင်တက်
  • Squash
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
    • တင်းနစ်
    • Soft tennis
  • အားကစားနည်း၃မျိုး လက်ဆင့်ကမ်း
  • ​ဘော်လီ​ဘော
    • ​ကမ်း​ခြေ ဘော်လီ​ဘော
    • ရုံတွင်း ​ဘော်လီ​ဘော
  • အ​လေးမ
  • နပန်း
  • ဝူရှူး
Remove ads

ဆုတံဆိပ်ရရှိမှုများ


ပါဝင်သည့်နိုင်ငံများ

အာရှအိုလံပစ်ကောင်စီ အဖွဲ့ဝင်(၄၅)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြမည်ဟု ခန့်မှန်းရသည်။ ပထမဆုံးအနေဖြင့် အာရှပြင်ပရှိ သမုဒ္ဒရာပိုင်းဇုန်မှ နိုင်ငံများကိုလည်း ယှဉ်ပြိုင်ရန် ဖိတ်ကြားခဲ့သည်။ အိုလံပစ် ဝင်ခွင့်အတွက် ခွဲတမ်းယှဉ်ပြိုင်ခွင့် တူညီလေ့ရှိသည့် အချို့သော အားကစားနည်းများ (ဥပမာ- လက်ဝှေ့၊ လှေလှော်) တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်​ရောဂါဖြစ်ပွားမှု​ကြောင့် ဩစ​တြေးလျနှင့် နူးဇီလန်နိုင်ငံတို့သည် အားကစားသမားများ မ​စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

နောက်ထပ် အချက်အလက်များ IOC, နိုင်ငံ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads