တင်မောင်ဝင်း (ဒုတိယဗိုလ်ချုပ်ကြီး)
From Wikipedia, the free encyclopedia
Remove ads
ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) တင်မောင်ဝင်း(၁၉၆၁ မွေးဖွား)သည် မြန်မာ့တပ်မတော်မှ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[၂] သူသည် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။
Remove ads
ငယ်ဘဝနှင့်ပညာရေး
ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့ တွင် မွေးဖွားခဲ့သူဖြစ်သည်။အခြေခံပညာရေးတို့အား မွေးရပ်ဇာတိတွင် သင်ယူခဲ့သည်။
ဆယ်တန်းအောင်ပြီးနောက် အဆင့်မြင့်ပညာကို ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် တွင် သင်ယူပြီး၊ရူပဗေဒအထူးပြုဖြင့် သိပ္ပံဘွဲ့ကို ရရှိခဲ့သည်။
ဘွဲ့ရပြီးနောက် ကျောင်းဆရာအဖြစ် ရေကြည်မြို့ အလက(ကွင်းလျား)၊အမက(သပြေကွင်း) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
စစ်မှုထမ်းခြင်း
သူသည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (OTS) အပတ်စဉ် – ၆၄ ဆင်း ဖြစ်သည်။၁၉၈၂ ခုနှစ် တွင် တပ်မတော် သို့ ဝင်ရောက်ခဲ့ပြီး၊ ပြန်တမ်းဝင်အမှတ် ကြည်း ၁၇၆၀၆ ဖြင့် စစ်မှုထမ်းသည်။ ပြည်ထဲရေးဝန်ကြီး ဟောင်း ဦးစိုးထွဋ် နှင့် တပတ်စဉ်တည်း ဖြစ်သည်။
၂၀၀၈ ခုနှစ်၊ ဇူလိုင်လတွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် ကရင် ပြည်နယ်၊ ဘားအံမြို့အခြေစိုက် တပ်မ (၂၂)တပ်မမှူး အဖြစ် တာဝန်ထမ်းဆောင်သည်။ ၂၀၀၉ ခုနှစ်တွင် ဗိုလ်မှူးချုပ် အဖြစ် ရာထူးတိုးသည်။
သူသည် မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)ရရှိသူ တစ်ဦးလည်းဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ ၂၀၁၁ ခုနှစ်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး စသည်ဖြင့် တာဝန် ပေးခံရသည်။[၃] ယင်းနောက် ၂၀၁၆ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် တပ်မတော်တွင် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်အဖြစ် [၄] [၅]တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် တပ်မတော်အရံအင်အားသို့ ပြောင်းရွှေ့ခံခဲ့ရသူများတွင် ပါဝင်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီး တပ်မတော်မှဖွဲ့စည်းခဲ့သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း တာဝန်ယူခဲ့သည်။[၆]၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ တွင် အဖွဲ့ဝင် အဖြစ် ဆက်လက် ပါဝင်ခဲ့သည်။ [၇]
Remove ads
တိုင်းဝန်ကြီးချုပ်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု အပြီး ၂၀၂၁ ခုနှစ် ဩဂုတ် ၁ ရက်နေ့တွင် တပ်မတော်မှ အငြိမ်းစားယူကာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ခဲ့သည်။[၈]
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အမြင့်ဆုံး အုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းလိုက်ရာ ဦးတင်မောင်ဝင်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခဲ့သည်။ [၉]
ဂုဏ်ပြုခံရခြင်း
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်သည့် စည်သူဘွဲ့ ရသည်။[၁၀]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
