ဗီယက်လူမျိုး

ဗီယက်နမ်နိုင်ငံ၏လူမျိုးစု From Wikipedia, the free encyclopedia

ဗီယက်လူမျိုး
Remove ads

ဗီယက်နမ်လူမျိုး (ဗီယက်နမ်: người Việt သို့မဟုတ် người Kinh) သည် ခေတ်သစ်မြောက်ပိုင်းဗီယက်နမ်ဒေသမှ ဆင်းသက်လာသော ဩစထြိုအေးရှားတစ် ဘာသာစကားပြော လူမျိုးဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ အများစု တိုင်းရင်းသားလူမျိုးစုဖြစ်ပြီး ၁၉၉၉ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏ ၈၆% ရှိသည်။ ဗီယက်နမ်နိုင်ငံတွင် အခြား တိုင်းရင်းသားလူမျိုးစုများမှ ကွဲပြားစေရန်အတွက် ၎င်းတို့ကို တရားဝင်အားဖြင့် ကင်းလူမျိုး (Kinh) အဖြစ် သိရှိကြသည်။ ရှေးဟောင်းဗီယက်နမ်လူမျိုးများအတွက် အစောဆုံး မှတ်တမ်းတင်ထားသော အမည်မှာ လပ်ခ် (Lạc) ဟု ပေါ်ထွက်သည်။

အချက်တိုများ người Việt / người Kinh, လူဦးရေ စုစုပေါင်း ...

ပထဝီအနေအထားအရနှင့် ခံယူချက်အရ အရှေ့တောင်အာရှသားများအဖြစ် သတ်မှတ်ကြသော်လည်း တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုနှင့် ဩဇာသက်ရောက်မှု ကြာရှည်စွာ ရှိခဲ့သည့် ကာလများက ၎င်းတို့ကို ယဉ်ကျေးမှုအရ အရှေ့အာရှသားများနှင့် ပိုမိုနီးစပ်စေခဲ့သည်။ အထူးသဖြင့် ၎င်းတို့၏ မြောက်ဘက်အိမ်နီးချင်း တောင်ပိုင်းတရုတ်နိုင်ငံနှင့် တောင်ပိုင်းတရုတ်အတွင်းရှိ အခြားလူမျိုးစုများနှင့် ပိုမို နီးစပ်စေခဲ့သည်။ ဗီယက် (Việt) သည် ရှေးခေတ်ကာလတွင် အသုံးပြုခဲ့သော အမည်တစ်ခုမှ ဆင်းသက်လာသည့် စကားလုံးဖြစ်ပြီး နမ် (Nam) သည် "တောင်ဘက်" ဟု အဓိပ္ပာယ်ရသည်။

Remove ads

မျိုးရိုးဗီဇ

ဗီယက်လူမျိုးများသည် အဓိကအားဖြင့် ဩစတြိုအေးရှားတစ် မျိုးရိုးဗီဇနှင့် ဆက်စပ်မှု ရှိကြပြီး၊ အချို့သော တိဗက်-ဗမာတရုတ်တောင်ပိုင်း နှင့် ခရာ-ဒိုင်း လူမျိုးဗီဇများနှင့်လည်း ပေါင်းစပ်မှု ရှိကြသည်။မျိုးရိုးဗီဇ စမ်းသပ်မှုများအရ ဗီယက်လူမျိုးများတွင် O1-M119၊ O2-M122၊ O-M95 တို့ကဲ့သို့သော အမျိုးသားမျိုးရိုး haplogroup များတွေ့ရပြီး၊ ၎င်းတို့သည် တရုတ်တောင်ပိုင်းနှင့်အရှေ့တောင်အာရှဒေသများတွင် တွေ့ရသည့် ဗီဇများဖြစ်သည်။ ထို့ကြောင့် ဗီယက် လူမျိုးသည် အရှေ့တောင်အာရှတွင် ရှေးအချိန်ကတည်းက လူမျိုးဆိုင်ရာ ပေါင်းစပ်မှုများအလွန်များသော အုပ်စုတစ်ခုဖြစ်သည်ဟု သုတေသနများ၌ ဖော်ပြထားသည်။

Remove ads

သမိုင်းကြောင်း

Kinh လူမျိုးသည် သမိုင်းအရ မြစ်နီမြစ်ဝှမ်း ဒေသတွင် နေထိုင်ခဲ့သော ဗီယက်မဉ်း (Viet-Muong) အုပ်စုမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ ဂေါင်းဘုရင်မင်းဆက်များကာလမှစ၍ Kinh လူမျိုးသည် ဒေါင်းဘုရင်မင်းဆက်Ngô, Đinh, , Trần မင်းဆက်များအတွင်း အဓိကလူမျိုးအဖြစ် တည်ဆောက်လာခဲ့သည်။ ထိုအချိန်အတွင်း တရုတ်နိုင်ငံ၏ သက်ရောက်မှုကြောင့် စာပေ၊ အုပ်ချုပ်မှုစနစ်နှင့် ယဉ်ကျေးမှုအပေါင်းတို့ကို စွမ်းစွမ်းတမန် သက်ရောက်ခံခဲ့ရသည်။ သို့ရာတွင် Kinh လူမျိုးသည် အချိန်အဆက်ဆက်တိုင်း တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုကို ဆန့်ကျင်၍ လွတ်လပ်ရေး ရယူရန် ကြိုးပမ်းခဲ့ကြပြီး၊ နောက်ဆုံးတွင် ၁၅ ရာစုအတွင်းမှစ၍ လွတ်လပ်သော ဗီယက်နမ်နိုင်ငံကို တည်ထောင်နိုင်ခဲ့သည်။

ယနေ့အခါ Kinh လူမျိုးသည် ဗီယက်နမ်နိုင်ငံ လူဦးရေ၏ အများစု ဖြစ်ပြီး၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် နိုင်ငံရေးအရ အဓိက အခန်းကဏ္ဍ ထမ်းဆောင်နေသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads