ယောင်ဝရွာ၊ ပလက်ဝမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ယောင်ဝရွာ(အင်္ဂလိပ်: Youngwa)သည် ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်၊ တိုင်ဝကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၈၀၆၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တိုင်ဝကျေးရွာအုပ်စုတွင် ကျား ၁၀၃၉ ဦး၊ မ ၁၀၇၇ ဦး၊ လူဦးရေ စုစုပေါင်း ၂၁၁၆ ဦး နေထိုင်သည်။ [၁]
Remove ads
လူနေထိုင်မှု
ယောင်ဝရွာတွင် အိမ်ခြေပေါင်း ၂၀၀ ကျော် ရှိသည်။ ယောင်ဝရွာတွင် ခေါင်စို၊ ခူမီး၊ အာနူး၊ ခေါင်တူး၊ မာရာနှင့် ရခိုင်တိုင်းရင်းသားများ နေထိုင်ကြသည်။
လမ်းပန်းဆက်သွယ်ရေး
ယောင်ဝရွာမှ မတူပီမြို့သို့ ကုန်းလမ်းဖြင့် ဆက်သွယ်ထား၍ ဆမီးမြို့ကို ရေလမ်း၊ ကုန်းလမ်းဖြင့်၎င်း၊ ကျောက်တော်မြို့ကို ရေလမ်း၊ ကုန်းလမ်းဖြင့်၎င်း၊ ပလက်ဝမြို့ကို ရေလမ်း၊ ကုန်းလမ်းဖြင့် ဆက်သွယ်ထားသည်။
ဦးစိုးထက်စတင်တပ်ဆင်သည့်ဂြိုဟ်တုဖုန်းလိုင်းစနစ်ကို၂၀၁၂-၂၀၁၃မှစ၍ပြည်တွင်း၊ပြည်ပသို့တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်ပြီး၊ဖုန်းအဝင်များလည်းလက်ခံရရှိ၍ဆက်သွယ်ရေးဖုန်းလိုင်းရရှိသည်။
စီးပွားရေး
ယောင်ဝရွာမှ ငရုတ်၊ ချင်းစိမ်း၊ နှမ်း၊ စပါး၊ ဝဥ၊ ငှတ်ပျော်သီး၊ သရက်သီး၊ နနွင်းစသော စားကုန်များထွက်ရှိပြီး ဆမီးမြို့၊ ပလက်ဝမြို့နှင့် ကျောက်တော်မြို့သို့ တင်သွင်းရောင်းချသည်။ နွား၊ ဝက်၊ ကြက်၊ ဆိတ်များကို အိန္ဒိယနိုင်ငံ၊ မနီပူရ်မြို့သို့ တင်သွင်းရောင်းချသည်။
ပညာရေး
ယောင်ဝရွာ၏ အခြေခံပညာမူလတန်းကျောင်းကို ၁၉၉၈-၁၉၉၉ခုနှစ်၊ မူလွန်ကျောင်းကို ၂၀၀၆ခုနှစ်၊ အလယ်ခွဲကို၂၀၁၃ခုနှစ်၊ အလယ်တန်းကို ၂၀၁၇ ခုနှစ်၊ အထက်တန်းခွဲကို ၂၀၁၉ ခုနှစ်တွင် တရားဝင်ရရှိခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads