သိန်းစိုး

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ (ငြိမ်း) From Wikipedia, the free encyclopedia

သိန်းစိုး
Remove ads

ဦးသိန်းစိုး (၂၃ ဇန်နဝါရီ ၁၉၅၂ မွေးဖွား) သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခန့်အပ်ခဲ့သော မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ထိုတာဝန်မှနေ၍ ကျန်းမာရေးအကြောင်းပြချက်ဖြင့် အနားယူသည်။[] [] []သူသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ပထမဆုံးသော ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ဖူးသည်။[]

အချက်တိုများ စည်သူ၊ ဦး သိန်းစိုး, ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ...
Remove ads

ငယ်ဘဝနှင့်ပညာရေး

ဦးသိန်းစိုးကို ၁၉၅၂ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အဘ ဦးဘသူ၊ အမိ ဒေါ်တင်အေးတို့မှ စစ်ကိုင်းတိုင်းကနီမြို့၌ ဖွားမြင်ခဲ့သည်။ စစ်တက္ကသိုလ်အမှတ်စဉ် ၁၆ တွင် တက်ရောက်ခဲ့ပြီး ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြန်တမ်းဝင်အရာရှိအဖြစ် စတင် ထမ်းဆောင်ခဲ့သည်။

တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့မှုများ

တပ်မတော်အရာရှိအဖြစ် အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ဥပဒေချုပ်(ဗိုလ်ချုပ်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ဒုတိယတရားသူကြီးချုပ်အဖြစ် ပြောင်းလဲထမ်းဆောင်ခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ၂၀၁၀ ခုနှစ်၊ မတ်လ ၁၁ မှ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[][] မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဥက္ကဋ္ဌ အဖြစ် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စတင် ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဥက္ကဋ္ဌ အဖြစ်မှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခဲ့သည်။[] လွှတ်တော် ကော်မတီများနှင့်  ကော်မရှင်များသည် ပြည်ထောင်စုအဆင့်မဟုတ်ဘူးဆိုသည့်   ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏  ဆုံးဖြတ်လိုက်မှု နောက်ဆက်တွဲ အနေဖြင့် နုတ်ထွက်သွားရခြင်းလည်းဖြစ်သည်။ []

Remove ads

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခံရပြီးနောက်  “၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်း တွေ့ရှိချက်”ဆိုသည့် အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့သည်။[၁၀] ယင်းနှင့် ပတ်သတ်ပြီး မေးခွန်းပေါင်းများစွာဖြင့် ဝေဖန်မှုအကြီးအကျယ်ခံခဲ့ရသည်။ အငြင်းပွားဖွယ်ရာ အစီရင်ခံစာဟုလည်း ထောက်ပြကြသည်။ NLD ကို ဖျက်သိမ်းသင့်မသင့် စဉ်းစားမည်ဟု ပြောဆိုမှုလည်းရှိခဲ့သည်။ [၁၁]၂၀၂၁ခုနှစ် မေလ ၁၇ရက်တွင် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးဌာန (အိုအက်ဖ်အေစီ) က ၎င်းအား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု စာရင်းထဲ ထည့်သွင်းခဲ့သည်။ [၁၂]

ဦးသိန်းစိုးခေါင်းဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အကြီးအကဲနှင့်အဖွဲ့ဝင်များ၊အဖွဲ့ခွဲများ အစရှိသည်တို့အား ရွေးကောက်ပွဲဆိုင်ရာအမှုများဖြင့် တရားလိုလုပ်ကာ တရားစွဲဆိုမှုအများအပြားကိုလည်း ပြုလုပ်ခဲ့သည်။ [၁၃] [၁၄] [၁၅] နိုင်သူအကုန်ရစနစ်အစား အချိုးကျကိုယ်စားပြု ပီအာစနစ် ကို ကျင့်သုံးနိုင်ရေးအတွက်ပါ ကြိုးပမ်းသည်။ [၁၆] ယင်းနောက် တည်ဆဲနိုင်ငံရေးပါတီများအားလုံး ရက်ပေါင်း(၆၀)အတွင်း ပါတီမှတ်ပုံ ပြန်တင်ခိုင်းသည့် နည်းဥပဒေကို ထုတ်ပြန်သည်။ [၁၇]

ဂုဏ်ပြုခံရခြင်း

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၄ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော စည်သူဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။ [၁၈]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads