ကိုကို (ဝန်ကြီး)
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း From Wikipedia, the free encyclopedia
Remove ads
ဦးကိုကို (၁၉၄၇ ဖွား) သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ [၁] ယင်းမတိုင်မီက သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်ခဲ့သည်။[၂] သူသည် တပ်မတော်(လေ) တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သူဖြစ်ပြီး စာရေးဆရာ တစ်ဦးလည်း ဖြစ်သည်။
Remove ads
စစ်မှုထမ်းခြင်း
သူသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၀) ဆင်း ဖြစ်သည်။[၃] တပ်မတော် (လေ) တွင် ၁၉၆၈ ခုနှစ် နောက်ပိုင်းက စပြီး စစ်မှုထမ်းသည်။ ၂၀၀၇ ခုနှစ် တွင် တပ်မတော် (လေ) မှ ဗိုလ်မှူးကြီး အဆင့် ဖြင့် အငြိမ်းစားယူသည်။
နိုင်ငံရေးဘဝ
သူသည် ၂၀၁၁ ခုနှစ် နောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခံရသည်။[၄] [၅] အထွေထွေရွေးကောက်ပွဲ ၂၀၁၅ လုပ်ငန်းပြီးပြတ်ပြီးသည်အထိ ထမ်းဆောင်သည်။ [၆]
ပြည်ထောင်စုဝန်ကြီး
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီး နောက် ထိုနေ့မှာပင် သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးသည်။ [၇]
၂၀၂၃ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင် ထိုတာဝန်မှ အနားပေးခံရသည်။[၈][၉]
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာပုံ
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံရသည်။[၁၀] [၁၁]၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် ကော်မရှင် ဥက္ကဋ္ဌ ရာထူးမှ အနားပေးခံရသည်။
Remove ads
စာပေရေးသားခြင်းများ
သူသည် ဧကရာဇ်၊ ကို (ဗိုလ်မှူးကြီး) စသည့် ကလောင်အမည်ဖြင့် ကဗျာ အပါအဝင် စာပေများရေးသားသည်။ [၁၂]
အရေးယူပိတ်ဆို့ခံရမှု
သူ့ကို စစ်ကောင်စီ ထဲ ပါဝင်မှု ဖြင့် အမေရိကန် နှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအချို့က ဒဏ်ခတ် အရေးယူ ပိတ်ဆို့ထားသည်။
ဂုဏ်ပြုခံရခြင်း
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာအမှတ် ၂၁၁/ ၂၀၂၂ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် သီရိပျံချီ ဘွဲ့ ချီးမြှင့်အပ်နှင်းသည်။ [၁၃]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads