အစင်ရွာ၊ ရေးမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

အစင်ရွာ(မွန်: ကွာန်အစေံ)(အင်္ဂလိပ်: Ahsin)သည် မွန်ပြည်နယ်မော်လမြိုင်ခရိုင်ရေးမြို့နယ်အစင်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၃၃၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အစင်ကျေးရွာအုပ်စုတွင် ကျား ၁၀၈၅၁ ဦး၊ မ ၁၀၆၁၁ ဦး၊ လူဦးရေ စုစုပေါင်း ၂၁၄၆၂ ဦး နေထိုင်သည်။ [][] ရေးမြို့မှ အစင်ရွာသို့ ဒူးယားလမ်း၊ ငါးမျှားစခန်းလမ်း၊ ဓမင်းဆိပ်လမ်း၊ ချောင်းဝလမ်း၊ ဇီးဖြူတောင်လမ်းတို့ဖြင့် ဆက်သွယ်ထားသည်။[]

အချက်တိုများ အစင်, အစင်ရွာ ...

ရေးမြို့နှင့် အစင်ရွာမှာ ၅ မိုင်ခန့်မျှသာ ကွာဝေးသည်။ အစင်ရွာတွင် ရေးမြို့နှင့် ချောင်းတောင်ရွာဓမင်းဆိပ်ရွာအဘော်ရွာဇီးဖြူတောင်ရွာဒူးယားရွာရွှေပြည်သာရွာများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသော မြတ်သူရထွန်းကုမ္ပဏီစက်ရုံလည်း တည်ရှိသည်။[] အစင်ရွာဒေသခံများ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ အုတ်ဖုတ်လုပ်ငန်း၊ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတို့ဖြစ်သည်။ နယ်ခံမဟုတ်သောလူများစုများမှာ ဖျာပုံဒေးဒရဲရန်ကုန်နှင့် အညာဒေသတို့မှ လာရောက်အလုပ်လုပ်ကိုင်ကြသောသူများဖြစ်သည်။[] အဓိကစီးပွားရေးမှာ တံငါလုပ်ငန်း ဖြစ်သည်။ ထိုရွာတွင် ရှေးဟောင်းဘုရားပုထိုးများလည်း ရှိသည်။ လူများစုမှာဗမာလူမျိုးများဖြစ်ပြီး မွန်မူဆလင်ထားဝယ်လူမျိုးများမှာ လူနည်းစုဖြစ်သည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads