အောင်ကို (နိုင်ငံရေးသမား)

From Wikipedia, the free encyclopedia

အောင်ကို (နိုင်ငံရေးသမား)
Remove ads

ဦး​အောင်ကို (သူရဦး​အောင်ကို) သည် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။၂၀၁၅ခုနှစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုပါတီဝင်တစ်ဦးဖြစ်ခဲ့သူလည်းဖြစ်သည်။၂၀၂၁မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတွင် ဖမ်းဆီးခံရပြီး ထောင်၁၂နှစ်ချခံရကာ ၂၀၂၃ ဇန်နဝါရီ၃ရက်တွင် ပြန်လွတ်သည်။

အချက်တိုများ သူရ ​အောင်ကို, သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ...
Remove ads

လွှတ်​တော်ကိုယ်စားလှယ်

ဗိုလ်မှူးချုပ်​ဟောင်းတစ်ဦးဖြစ်သူ သူရဦး​အောင်ကိုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအုပ်ချုပ်​ရေး​ကော်မတီဝင်တစ်ဦးအဖြစ် ၁၉၉၇ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည်။ဥ​ရောပသမဂ္ဂ၏ ပိတ်ဆို့အ​ရေးယူခံရသည့် မြန်မာအစိုးရအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ကာ ၂၀၀၃ခုနှစ်က သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ရာမှ လူသိများလာသည်။[]၂၀၀၇ခုနှစ်တွင် ဩစ​တြေးလျ၏ ပိတ်ဆို့မှုခံခဲ့ရသည်။ []

၂၀၁၀​ရွေး​​ကောက်ပွဲတွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွက် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်​ရေးပါတီမှ အ​ရွေးခံခဲ့ရသည်။​​နောက်ပိုင်းတွင် သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်​ရေးဗဟို​ကော်မတီဝင်များ ထုတ်ပယ်ခံရမှုတွင် ဦး​အောင်ကိုပါ ပါဝင်ခဲ့သည်။

Remove ads

ဝန်ကြီး

ဦးသန်းရွှေ၏ အစိုးရအဖွဲ့တွင် သူရဦးမြင့်​မောင် လက်​အောက်၌ သာသနာ​ရေးဒုဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟို​ကော်မတီဝင်အဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၁၂တွင် ပါတီအတွင်း​ရေးမှူးဖြစ်ခဲ့သည်။[]သူသည် ပြည်သူ့လွတ်​တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ ရင်းနီး​သော မိတ်​ဆွေဖြစ်သည်။၂၀၁၅​ရွေး​ကောက်ပွဲမတိုင်မီ ဩဂုတ်လတွင် ပါတီဗဟို​ကော်မတီဝင်မှ ထုတ်ပယ်ခံကြရသည်။[]

၂၀၁၅​ရွေး​ကောက်ပွဲအပြီးတွင် ကြံ့ခိုင်​ရေးပါတီမှ နုတ်ထွက်ခဲ့ပြီး အနိုင်ရပါတီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ကို ချဉ်းကပ်ခဲ့သည်။[]ဝန်ကြီးဌာန၂ခု​ပေါင်းကာ အသစ်ဖွဲ့ထားသည့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တွင် ပြည်​ထောင်စုဝန်ကြီးဖြစ်လာခဲ့သည်။[]

ဦးအောင်ကိုသည် ၂၀၁၇ ခုနှစ်က ဘာသာရေးအဖွဲ့တစ်ခုဖြစ်သော စစ်တပ်ကိုထောက်ခံသည့် မဘသအဖွဲ့ကို ဖျက်သိမ်းရာတွင် အဓိကအခရာကျသူလည်းဖြစ်သည့်အပြင် ဝရမ်းပြေးဖြစ်သော ဦးဝီရသူသည် လွတ်မြောက်နေဆဲဖြစ်သည်မှာ စစ်တပ်ထိန်းချုပ်မှုအောက်တွင်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲတပ်ဖွဲ့ကို လူထုရွေးကောက်ခံအစိုးရက ဩဇာမသက်ရောက်သောကြောင့်ဖြစ်သည်ဟူသော စကားရပ်ကို ၂၀၂၀ ဇန်နဝါရီ၌ ဘာသာပေါင်းစုံတွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့သည်လည်းရှိခဲ့သည်။ ထိုစကားရပ်နှင့်ပတ်သက်၍ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဖေဖော်ဝါရီတွင် စစ်တပ်ကိုဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့် အစိုးရအား ၎င်းကိုအရေးယူရန်တောင်းဆိုဖူးသည်လည်းရှိခဲ့၏ ။[]

Remove ads

တရားစွဲဆိုခံရခြင်း

သူရဦးအောင်ကိုအား စစ်ကောင်စီမှ ၂၀၁၅-၂၀၂၁ အန်အယ်လ်ဒီအစိုးလက်ထက်အတွင်း သာသနာရေးဝန်ကြီးတစ်ဦးအဖြစ် တာဝန်ယူစဉ် သာသနာရေးဆိုင်ရာဆုတံဆိပ်များကို လူပုဂ္ဂိုလ်များအားချီးမြှင့်ရာ၌ လာဘ်စားခဲ့သည်ဟူသောအကြောင်းပြချက်ဖြင့် တရားစွဲဆိုခဲ့သည်။ တရားစွဲဆိုရခြင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးသည်ဟု ၎င်းတို့၏သတင်းစာများတွင်ဖော်ပြထားသည်။ ဖော်ပြချက်များတွင် မည်ရွေ့မည်မျှပမာဏ လာဘ်ယူခဲ့သည်ဟုလည်း ဖော်ပြထား၏ ။[]

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က  သူရဦးအောင်ကို အား ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ခဲ့ပြီး[] ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင်  အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည့်အပြင် ရွှေပန်းကန်၊ငွေကျပ်သိန်း၁၀၀နှင့်  Ford Everest Titanium မော်တော်ယာဉ် တစ်စီးတို့အား ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေရန် ထည့်သွင်းကာ အမိန့်ချမှတ်ခဲ့သည်။[]

စွပ်စွဲချက်များနှင့် ပတ်သတ်ပြီး သူရဦးအောင်ကိုဘက်က  ၎င်းတွင် အပြစ်မရှိကြောင်း အထောက်အထားဖြင့်ခု ခံချေပသက်သေပြနိုင်ခဲ့သည်ဟု ဖော်ပြထားချက်များလည်းရှိသည်။[၁၀]

အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခံရသည့် ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင်ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သူရဦးအောင်ကို ကိုရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၀၁၊ပုဒ်မခွဲ ၁အရ ကျခံနေသည့်ပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သော ၆နှစ်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည်။[၁၁]

ဧရာဝတီနှင့်Myanmar Nowတို့က စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချမှုအပေါ် ရန်ငြိုးဖြင့် ဆောင်ရွက်မှု၊ပြစ်ဒဏ်လျှော့ပေးမှုက နိုင်ငံရေး အမြတ်ထုတ်မှုစသည်ဖြင့် ရှုမြင်ကြသည်။[၁၂] [၁၃]

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် သူရဦးအောင်ကို ပြန်လွတ်လာသည်။[၁၄]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads