မြန်မာနိုင်ငံရေးသမား From Wikipedia, the free encyclopedia
ဦးသန်းဌေး သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည်။ သူသည် ဦးသိန်းစိန်အစိုးရလက်ထက်၌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနတို့တွင် ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့အပြင် စွမ်းအင်ဝန်ကြီးဌာနတွင်လည်း ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ တပ်မတော်မှ ဗိုလ်မှူးချုပ်အဆင့်ဖြင့် အနားယူခဲ့သည်။[3]
သန်းဌေး | |
---|---|
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၂၃ ဩဂုတ် ၂၀၁၆ – ၁၂ စက်တင်ဘာ ၂၀၂၂ | |
ဒုတိယ ဥက္ကဋ္ဌ | ဦးမြတ်ဟိန်း (၂၀၁၆ - ၂၀၂၂) ဦးခင်ရီ (၂၀၁၆ - ၂၀၂၂) |
ယခင်လူ | ဦးသိန်းစိန် |
ဆက်ခံသူ | ဦးခင်ရီ |
ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၂၅ ဇူလိုင် ၂၀၁၃ – ၁၂ ဩဂုတ် ၂၀၁၅[1] | |
ယခင်လူ | ဇေယျာအောင် |
ဆက်ခံသူ | ဉာဏ်ထွန်းအောင် |
စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၂၅ ဇူလိုင် ၂၀၁၃ | |
ယခင်လူ | လွန်းသီ |
ဆက်ခံသူ | ဇေယျာအောင် |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၁၁ – ၃၀ မတ် ၂၀၁၁ | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | ကျော်မြင့် (NLD) |
မဲဆန္ဒနယ် | မြန်အောင်မြို့နယ် |
အနိုင်ရမဲ အရေအတွက် | ၈၁,၉၉၆ (၇၆.၉၉%)[2] |
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်အောင်မြို့၊ မြန်မာနိုင်ငံ | ၁၂ နိုဝင်ဘာ၊ ၁၉၅၄
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
ကြင်ဖော်(များ) | ဒေါ်စိုးဝတ်ရည် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
အမှုထမ်းကာလ | ၂၀၁၀ |
ရာထူး | ဗိုလ်မှူးချုပ် |
၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သည်။ ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်သက်တမ်းကာလတွင် အဓိကအတိုက်အခံပါတီတစ်ခု၏ ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ပြီး အငြင်းပွားဖွယ်ကိစ္စများဖြင့် အနိုင်ရခဲ့သည်။[4]
ဦးသန်းဌေးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မြန်အောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်မူ မြန်အောင်မြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ရှုံးနိမ့်ခဲ့သည်။ ဦးသန်းဌေး သည် ၂၀၁၆တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဥက္ကဋ္ဌဖြစ်လာခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲ၌ နေပြည်တော် ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ယင်းရွေးကောက်ပွဲတွင် ဦးသန်းဌေးသည် ဇေယျာသီရိမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းခံရသည်။[5] ယင်းမဲဆန္ဒနယ်သည် အထွေထွေရွေးကောက်ပွဲ ၂၀၁၀ နှင့် အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တို့တွင် သူရရွှေမန်း[6] ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး လှဌေးဝင်း [7]တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာအနိုင်ရခဲ့သည့် မဲဆန္ဒနယ်တစ်ခုလည်းဖြစ်ခဲ့သည်။
အထွေထွေရွေးကောက်ပွဲ ၂၀၂၀ မတိုင်ခင်နှင့် ပြီးဆုံးပြီးသည့် အချိန်တွင်ပြုလုပ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲများသို့ ဦးသန်းဌေးသည် အခြားသောနိုင်ငံရေးပါတီများနှင့်အတူ တက်ရောက်သည်။[8] [9] [10]ယင်းအပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တရားမျှတမှုမရှိဟု ဝေဖန်သည်။[11] အခြားပါတီများနှင့်အတူ ကန့်ကွက်ကြောင်းစာထုတ်သည်။[12]
၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း နောက်ပိုင်းကာလများတွင် ဦးသန်းဌေးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင်း မကျေနပ်မှုများနှင့် ရင်ဆိုင်ရသည်။[13] တစ်ဖက်တွင်လည်း ခါးနာရောဂါကြောင့် ခွဲစိတ်ကုသမှုကို ခံယူရ၍ ပါတီဥက္ကဋ္ဌတာဝန်ကို ဦးခင်ရီထံ လွှဲပေးသည်။[14]
၂၀၂၂ အောက်တိုဘာ ၄ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ်ညီလာခံတွင် ပါတီ ဥက္ကဋ္ဌတာဝန်မှ တရားဝင် နုတ်ထွက်သွားသည်။[15]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.