စွမ်းအင် ဝန်ကြီးဌာန
မြန်မာနိုင်ငံ၏အစိုးရဝန်ကြီးဌာန From Wikipedia, the free encyclopedia
Remove ads
စွမ်းအင်ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Energy) မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍဖွံ့ဖြိုးစေရန် ဦးဆောင်သည့် ဝန်ကြီးဌာနတစ်ခု ဖြစ်သည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအားဖြင့် စွမ်းအင်တူးဖော်ခြင်း၊ ဖြန့်ချိခြင်း ထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
Remove ads
သမိုင်းကြောင်း
ကိုလိုနီခေတ်အတွင်းနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည်မှ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ၊ ရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအားလုံးကို ဘီအိုစီကုမ္ပဏီမှ ဆောင်ရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအစိုးရမှ ပြည်သူ့ရေနံလုပ်ငန်း အမည်ဖြင့် သတ္တုတွင်း ဝန်ကြီးဌာန ကြီးကြပ်မှု အောက်တွင် ဆောင်ရွက်ခဲ့ပြီး၊ ၁၉၇၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာ့ရေနံကော်ပိုရေးရှင်းအဖြစ် အမည်ပြင်ဆင်ပြောင်းလဲခဲ့သည်။ မြန်မာ့ရေနံကော်ပိုရေးရှင်းသည် ရေနံရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်းနှင့်ရေနံထွက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာမှ ၁၉၇၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ကျင်းပခဲ့သော နိုင်ငံတော်ကောင်စီ၏ (၂၆) ကြိမ်မြောက်အစည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်အရ ရေနံချက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် ရေနံချက် စက်ရုံများနှင့် ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ၁၉၇၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အမှတ်(၂)စက်မှု ဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့ပြီး၊ ၁၉၇၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာ့ရေနံကော်ပိုရေးရှင်းကိုပါ အမှတ်(၂)စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပေးခဲ့သဖြင့် အောက်ပါအဖွဲ့အစည်း(၃)ခုဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
- မြန်မာ့ရေနံကော်ပိုရေးရှင်း
- ရေနံဓာတုဗေဒနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကော်ပိုရေးရှင်း
- ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်း [၁]
၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
၂၀၂၂ခုနှစ် မေလ ၂ ရက်တွင် နစက၏ အိမ်စောင့်အစိုးရမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် စွမ်းအင်ဝန်ကြီးဌာနအဖြစ် ပြန်လည်ခွဲထုတ်ခဲ့သည်။[၂]
Remove ads
ပြည်ထောင်စုဝန်ကြီးများ(၂၀၁၀-လက်ရှိကာလ)
Remove ads
ဝန်ကြီးဌာန ဖွဲ့စည်းပုံ
၁၉၈၅
၁၉၈၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနကို အောက်ပါအဖွဲ့အစည်းများဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
- ဝန်ကြီးရုံး (အသစ်ဖွဲ့စည်းခြင်း)
- စွမ်းအင်စီမံရေး ဦးစီးဌာန (အသစ်ဖွဲ့စည်းခြင်း)
- မြန်မာ့ရေနံ ကော်ပိုရေးရှင်း
- ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကော်ပိုရေးရှင်း
- ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချရေး ကော်ပိုရေးရှင်း
- လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း၊
၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်စွဲပါ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ်(၂/၈၉)အရ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၏အမည်များကို ပြောင်းလဲခေါ်ဝေါ်ရန် သတ်မှတ်သဖြင့် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှု အောက်ရှိကော်ပိုရေးရှင်း ၄ ခု၏အမည်များကို အောက်ပါအတိုင်း ပြင်ဆင်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
- ဝန်ကြီးရုံး
- စွမ်းအင်စီမံရေး ဦးစီးဌာန
- မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
- မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
- မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း
- မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းသည် ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းသွားခဲ့သည်။
၂၀၂၂ ဖွဲ့စည်းပုံ
ယခုလက်ရှိ စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှာ -
- ပြည်ထောင်စုဝန်ကြီးရုံး
- ရေနံနှင့် သဘာဝဓာတ်ငွေ့စီးမံဦးစီးဌာန
- ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
- မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
- မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း တို့ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးရုံး
စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးကို ၁၉၈ရ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် အရာထမ်း(၈)ဦး၊ အမှုထမ်း(၄၀)ဦး၊ စုစုပေါင်း(၄၈)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ ရက်နေ့တွင် အရာထမ်း(၁၆)ဦး၊ အမှုထမ်း(၁၉)ဦး၊ စုစုပေါင်း(၃၅)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ဝန်ကြီးရုံး၏ အဓိကလုပ်ငန်းတာဝန်များမှာ စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲခြင်း၊ လိုအပ်သည်များကို စီမံခန့်ခွဲခြင်း နှင့် အထက်ဌာန/ အဖွဲ့အစည်းများနှင့် အခြားဝန်ကြီးဌာန/အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။ ဝန်ကြီးရုံး ရုံးအဖွဲ့ကို အောက်ဖော်ပြပါအတိုင်း ဖွဲ့စည်းထားရှိသည်။[၄]
- အဖွဲ့ခွဲ(၁)
- အဖွဲ့ခွဲ(၂)
- အဖွဲ့ခွဲ(၃)
- သတင်းအချက်အလက်နှင့်နည်းပညာဌာန
စွမ်းအင်စီမံရေး ဦးစီးဌာန
စွမ်းအင်ဝန်ကြီးဌာန၏ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုဌာန တစ်ခုဖြစ်ပြီး၊ ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒနှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့အစည်းများနှင့် စေ့စပ်ဆွေးနွေးညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို တာဝန်ခံဆောင်ရွက်သည်။ စွမ်းအင်စီမံရေးဦးစီးဌာနတွင် အောက်ဖော်ပြပါ ဌာနခွဲ(၃)ခု ပါဝင်သည်။[၅]
- စီးပွားရေးစီမံရေးဌာနခွဲ
- ထုတ်လုပ်မှုစီမံရေးဌာနခွဲ
- အထွေထွေစီမံရေးဌာနခွဲ
Remove ads
ကိုးကား
ပြင်ပအဆက်အသွယ်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads