သန်းစိုး (ရွေးကောက်ပွဲကော်မရှင်)
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ (၂၀၂၅-လက်ရှိ) From Wikipedia, the free encyclopedia
Remove ads
ဦးသန်းစိုးသည် အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသည်။ ၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအပြီး ခန့်အပ်ခံထားရသည့် တတိယမြောက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဖြစ်ပြီး၊ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ခန့်အပ်ခံရသည့် ဆဋ္ဌမမြောက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ လည်း ဖြစ်သည်။
Remove ads
စစ်မှုထမ်းခြင်း
ဦးသန်းစိုးသည် တပ်မတော်သား စစ်မှုထမ်းတစ်ဦးဖြစ်သည်။သူ၏ ပြန်တမ်းဝင်အမှတ်မှာ ကြည်း ၁၆၇၃၅ ဖြစ်သည်။တပ်မတော်တွင် နှစ်ပေါင်း ၂၀ ကျော်ဖြတ်သန်းလာခဲ့သူ၎င်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေတ်တွင် ထားဝယ်မြို့ အခြေစိုက် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စကခ(၈) ၏ ဌာနချုပ်မှူး ဖြစ်ခဲ့သည်။ထိုစဥ်က ဗိုလ်မှူးချုပ် အဆင့်ဖြင့် ဖြစ်သည်။[၃]
၂၀၁၀ ပြည့်နှစ်၊နောက်ပိုင်းတွင် သူသည် လက်ထောက်စစ်ရေးချုပ် အဖြစ် ခန့်အပ်ခံရသည်။ထိုတာဝန်ကို ၂၀၁၆ ခုနှစ်၊နှစ်ကုန်ပိုင်းအထိ ထမ်းဆောင်ခဲ့သည်။[၄]
၂၀၁၆ ခုနှစ်၊ဇန်နဝါရီ ၁၈ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၎င်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ အဆိုပြုချက်အရ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ကြေညာခဲ့သည်။[၅]
ထိုသို့ကြေညာခံရသည့်နေ့မှစ၍ ၂၀၂၁ ခုနှစ်၊ဇန်နဝါရီ ၃၁ ရက် အထိ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၆]
ထိုကာလတွင် ဗိုလ်ချုပ်သန်းစိုးသည် (၅၆)ဦးပါ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။[၇]ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အတွင်း ဆောင်ရွက်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် သဘောထားတင်းမာသူတစ်ဦး အဖြစ် ကျော်ကြားခဲ့သည်။[၈]
Remove ads
ရွေးကောက်ပွဲကော်မရှင်ဝင်
ဦးသန်းစိုးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် စတင်ခန့်အပ်ခဲ့သည်။ [၉]ထို့နောက် ၂၀၂၅ ခုနှစ်၊ ဧပြီ ၈ ရက်နေ့တွင် ဒုတိယဥက္ကဋ္ဌရာထူးသို့ တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။[၁၀]
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အမြင့်ဆုံးအုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ [၁၁]ထိုပြင်ဆင်ဖွဲ့စည်းမှုတွင် ဦးသန်းစိုးအား ဥက္ကဋ္ဌရာထူး ပေးအပ်ခဲ့ပြီး၊ ယခင်ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုမှာမူ တာဝန်မှ အနားပေးခံခဲ့ရသည်။
Remove ads
နိုင်ငံတကာ ပိတ်ဆို့ခံရခြင်း
လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ခံနေရသည့် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိသောကြောင့် ဦးသန်းစိုး အပါအဝင် နစကနှင့် စစ်အစိုးရအဖွဲ့ဝင်များစွာသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူခြင်းကို ခံရသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads