ကျော်တင် (ဝန်ကြီး)

ဝန်ကြီးအငြိမ်းစား From Wikipedia, the free encyclopedia

ကျော်တင် (ဝန်ကြီး)
Remove ads

ဦးကျော်တင်သည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လက်အောက်တွင် နိုင်ငံခြားရေးဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးသည်။

အချက်တိုများ ကျော်တင်, အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဝန်ကြီး ...
Remove ads

ငယ်ဘဝနှင့် ပညာရေး

၁၉၅၅ခုနှစ် အောက်တိုဘာ ၃၁ရက်နေ့တွင် ဝန်းသိုမြို့၌ မွေးဖွားခဲ့သည်။ရန်ကုန်တက္ကသိုလ်မှ သင်္ချာဘာသာဖြင့် မာစတာဘွဲ့ရရှိခဲ့သည်။ ဂျာမနီနိုင်ငံ Dresden University of Technologyမှ environmental management ဖြင့် ဒီပလိုမာဘွဲ့ရရှိခဲ့သည်။

အလုပ်အကိုင်

နိုင်ငံ့ဝန်ထမ်းဘဝ

ဦးကျော်တင်သည် နိုင်ငံခြားရေးလောကတွင် နှစ်၃၀ကျော်ကြာအောင် လုပ်ကိုင်ခဲ့သည်။ဦးကျော်တင်သည် ၁၉၈၃ခုနှစ်မှ ၁၉၈၄ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဌာနခွဲ၏ ဒုတိယလက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။၁၉၈၄ခုနှစ်မှ ၁၉၈၆ခုနှစ်အထိ နယူးယောက် ကုလသမဂ္ဂ မြန်မာသံရုံး၌ တတိယအတွင်းဝန်၊ ၁၉၈၆ခုနှစ်မှ ၁၉၈၇ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး၊၁၉၈၇မှ ၁၉၉၁အထိ ဘန်ကောက်သံရုံးတွင် ဒုတိယအတွင်းဝန်၊ ၁၉၉၁မှ ၁၉၉၄အထိ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန အဖွဲ့(၁)၏ ခေါင်းဆောင်၊ ၁၉၉၄မှ ၁၉၉၇အထိ ဂျီနီဗာ ကုလသမဂ္ဂ မြန်မာသံရုံး၌ ဒုတိယအတွင်းဝန် ပထမအတွင်းဝန်တာဝန်များ၊ ၁၉၉၇မှ ၁၉၉၉အထိ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ၁၉၉၉မှ ၂၀၀၁အထိ လက်ထောက်ညွှန်ကြားရေးမှူး၊ ၂၀၀၁မှ ၂၀၀၃အထိ ဂျာကာတာသံရုံး ဒုတိယကောင်စစ်ဝန်၊၂၀၀၃မှ ၂၀၀၅အထိ နယူးယောက် ကုလသမဂ္ဂ မြန်မာသံရုံး၏ ကောင်စစ်ဝန် တာဝန်များ ထမ်းဆောင်ခဲ့သည်။

၂၀၀၅ခုနှစ်မှ ၂၀၀၆ခုနှစ်အထိ ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးရုံးတွင် နိုင်ငံရေးရာဦးစီးဌာန အာရှတောင်နှင့်အနောက်ဌာနခွဲတွင် ညွှန်ကြားရေးမှူး၊ ၂၀၀၇ခုနှစ်မှ ၂၀၀၈ခုနှစ်အထိ နိုင်ငံ​ရေးရာဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူချုပ်၊၂၀၀၈ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၁၁ခုနှစ် မတ်လမှစ၍ ၂၀၁၃အထိ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်အဖြစ် လုပ်ကိုင်ခဲ့သည်။၂၀၁၃ခုနှစ်တ့င် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် နယူးယောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။[][]

ဝန်ကြီးဘဝ

Thumb
၂၀၁၇ အရှေ့အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားတက်ရောက်ခဲ့စဉ်

၂၀၁၆ခုနှစ် အစိုးရအသစ်တက်လာချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်လာသည်။ ဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကိုပါ ရယူခဲ့သဖြင့် အချို့သော နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးများကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။[]ထို့ကြောင့် ဒုဝန်ကြီး ဦးကျော်တင်မှ ကိုယ်စားတက်ရောက်ခဲ့ရသည်။ ထို့အတွက်ကြောင့် ၂၀၁၇ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများဖြင့်ပင် ဝန်ကြီးဌာနအသစ် ဖွဲ့စည်းကာ ဦးကျော်တင်ကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။[][]ထိုအချိန်မှစ၍ နိုင်ငံတကာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲများသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် တက်ရောက်ခဲ့သည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် အာဏာသိမ်းစစ်ကောင်စီမှ ၎င်း၏နေရာကို ဦးကိုကိုလှိုင်ဖြင့် အစားထိုးခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads