ပီနန် အပြည်ပြည်ဆိုင်ရာ လေဆိပ်

မလေးရှားနိုင်ငံ၊ ပီနန်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် From Wikipedia, the free encyclopedia

ပီနန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
Remove ads

ပီနန် အပြည်ပြည်ဆိုင်ရာလေဆိပ် (IATA: PEN, ICAO: WMKP), ကို ယခင်က ဘရန်လီပက်စ် ဒေသတွင် ရှိသောကြောင့် ဘရန်လီပက်စ် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဖြစ် လူသိများသည်။  လေဆိပ်သည် ဂျော့ချ်မြို့ ၏ တောင်ဘက် ၁၄ ကီလိုမီတာ (၈.၇မိုင်) အကွာတွင် တည်ရှိသည်။[] မလေးရှားနိုင်ငံအတွင်း အစောဆုံးဖွင့်လှစ်သော လေဆိပ်ဖြစ်ပြီး ၁၉၃၅ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။ 

အချက်တိုများ ပီနန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Penang International Airport Lapangan Terbang Antarabangsa Pulau Pinang, အချက်အလက်များ ...

ပီနန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အလယ်အလတ် အရွယ်အစား ရှိသော လေဆိပ် ဖြစ်ပြီး အခြားသော အရှေ့တောင်အာရှ နိုင်ငံများသို့ ချိတ်ဆက်ပျံသန်းနိုင်စွမ်း ရှိသည်။ လေဆိပ်သည် မလေးရှားနိုင်ငံ မြောက်ဘက်ဒေသကို အဓိက ဝန်ဆောင်မှုပေးလျက်ရှိသည်။ မလေးရှားနိုင်ငံ မြောက်ဘက်ပိုင်းသို့ လာရောက်ကြသော ခရီးသွားများအနေဖြင့် ဂျော့ချ်မြို့၊ ပီနန်း တံတား နှင့် ဒုတိယ ပီနန်းတ့တား တို့ကို လာရောက်လည်ပတ်ကြသည်။ Check-in ဝင်ရန် စောင့်ဆိုင်းချိန်၊ ခရီးဆောင်အိတ် ရွေးရန်စောင့်ဆိုင်းချိန် တို့မှာ အခြားသော လေဆိပ်ကြီးများနှင့် နှိုင်းယှဉ်လျှင် တိုတောင်းသည်။ လေဆိပ်မှာ လူပြွတ်သိပ်ခြင်းမရှိပေ။

၂၀၁၃ ခုနှစ်တွင် ခရီးသည် ၅.၄၈ သန်းသည် ပီနန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တဆင့် ခရီးသွားခဲ့ကြသည်။ လေယာဉ်ဆင်းသက်မှု ၆၀ ၀၂၀ ဆင်း ရှိခဲ့သည်။ [] ပီနန် လေဆိပ်သည် မလေးရှားနိုင်ငံအတွင်း ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကိုတာ ကင်နာဘာလူ အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ပြီးလျှင် တတိယ အလုပ်အများဆုံး လေဆိပ်ဖြစ်သည်။ 

တန်ဖိုးနည်း လေကြောင်းလိုင်းများ ဖြစ်သော အဲအေးရှား နှင့် ဖားရားဖလိုင်း တို့၏ အခြေစိုက်  လေဆိပ်လည်း ဖြစ်သည်။[]

ပီနန် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၀၉ ခုနှစ်တွင် အာရှအဆင့် လေဆိပ်ဆုများကိုလည်း လက်ခံရရှိခဲ့သည်။

Remove ads

ဝန်ဆောင်မှု

Thumb
၂၀၁၂ ခုနှစ်တွင် လေဆိပ်အဆောက်အဦး ပြန်လည်ပြင်ဆင်မှုများပြုလုပ်ထားသည်ကို တွေ့ရစဉ်

မလေးရှားနိုင်ငံ၏ တတိယမြောက် တန်ဖိုးနည်းလေကြောင်းလိုင်း၏ လေဆိပ်အဆောက်အဦး ကို တည်ဆောက်ရန်အတွက် လေဆိပ် ဝန်ဆောင်မှုကုမ္ပဏီ၊ မလေးရှားနိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၊ မလေးရှား လေကြောင်းတို့အကြား ဆွေးနွေးမှုများ ရှိခဲ့သည်။[] ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင်လည်း ဖားရားဖလိုင်း လေကြောင်းလိုင်း သည် တန်ဖိုးနည်း လေဆိပ်အဆောက်အဦးအသစ် တည်ဆောက်ပြီး လက်ရှိ ရှိနေသော လေဆိပ်အဆောက်အဦးကို ပြန်လည်ပြင်ဆင် အဆင့်မြှင့်တင်ရန် ပီနန် ဝန်ကြီးချုပ် ကို တိုက်တွန်း ပြောဆိုခဲ့သည်။  []

ပီနန် လေဆိပ်သည် ပီနန်ပြည်နယ် အစိုးရ နှင့် မလေးရှား ဗဟိုအစိုးရ အကြား အငြင်းပွားဖွယ်တစ်ခု ဖြစ်လာခဲ့သည်။ ပြီးခဲ့သော နှစ်ပိုင်းက လေဆိပ်သည် ဝန်ဆောင်မှုပေးနိုင်သော ၆.၅ သန်း ကို ကျော်လွန်နေသောကြောင့် ပြည်နယ်အစိုးရက လေဆိပ်ကို တိုးချဲ့ရန် စီစဉ်ခဲ့သော်လည်း ဗဟိုအစိုးရက လက်မခံခဲ့ပေ။ []

Thumb
ခရီးသည် Check-in ကောင်တာ
Remove ads

လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ

Thumb
A Firefly ATR72-500 departing Penang
Thumb
Malaysia Airlines Boeing 747-400 arriving in Penang International Airport
Thumb
Cathay Pacific Boeing 777-300 parked at PEN
Thumb
A China Airlines Airbus A340-300 taxiing in Penang International Airport
နောက်ထပ် အချက်အလက်များ လေကြောင်းလိုင်းများ, ပျံသန်းရာနေရာ ...

ကုန်ပစ္စည်း

နောက်ထပ် အချက်အလက်များ လေကြောင်းလိုင်းများ, ပျံသန်းရာနေရာ ...
Remove ads

ကိန်းဂဏာန်းဆိုင်ရာ အချက်အလက်များ

နောက်ထပ် အချက်အလက်များ Year, Passengers handled ...

အချက်အလက်

နောက်ထပ် အချက်အလက်များ Rank, Destinations ...


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads