အရိယသာဝက

From Wikipedia, the free encyclopedia

အရိယသာဝက
Remove ads

[] (က) အရိယာဖြစ်သော တပည့်။

(ခ) အရိယာ ဖြစ်တော်မူသော မြတ်စွာဘုရား၏ တပည့်။ (ပြလတ္တံ့သော သာဓကတို့တွင် အံ၊ ဋ္ဌ-၌ ၄-ချက် ခွဲပြထား၏။ []

  • (၁) မြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့သည် အရိယာပုဂ္ဂိုလ်သာ ဟုတ်၍ တပည့်သာဝက မဟုတ်ကြ။
  • (၂) မဂ်ဖိုလ် မရသေးသော ဗုဒ္ဓဘာသာဝင် လူဒါယကာများသည် သာဝကသာ ဟုတ်၍ အရိယာမဟုတ်။
  • (၃) ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့သည် အရိယာလည်း မဟုတ် သာဝကလည်း မဟုတ်။
  • (၄) မဂ်ဖိုလ် ရရှိပြီးသော ရဟန်း သံဃာများသည် အရိယာလည်း ဟုတ်၏၊ သာဝကလည်းဟုတ်၏။

ဤသို့ ‌လေးချက်ခွဲပြီးနောက်တဖန် “ခန္ဓာ အာယတန စသည်တို့ကို ကြားနာပြီး ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖြင့် သိမြင်ပြီး၍ သုတရှိသော အရိယ သာဝက”ဟု အထူးဆိုရာ၌ကား ၎င်းသုတရှိသော လူ၊ ရဟန်းအားလုံးကို အရိယသာဝက ဟု ခေါ်နိုင်ကြောင်း မိန့်ဆို၏။

ဣတိဝုတ်၊ ဋ္ဌ-၌ကား

  • (၁) မြတ်စွာဘုရား၏ တပည့် သာဝကဖြစ်လိုသောသူ၊
  • (၂) မြတ်စွာဘုရား၏ တပည့်သာဝက ဧကန်ဖြစ်လတ္တံ့ သူများကို အရိယသာဝက ခေါ်ဆိုနိုင်ကြောင်း မိန့်ဆိုထားသည်။)[]
Remove ads

ပိဋကတ်လမ်းညွန်မှ အရိယသာဝကအကြောင်းများ

အရိယာသာဝကတို့ ပြည့်စုံသောတရား ၁၅-ပါးကို “သေခသုတ်”၌ ဟောထား၏။ []

အရိယာသာဝကတို့ မကြောက်သောဘေး ၅-ပါးမှာ []

  • (၁) အာဇီဝိကဘယ၊
  • (၂) အသိလောကဘယ
  • (၃) ပရိသသာရဇ္ဇဘယ
  • (၄) မရဏဘယ၊
  • (၅) ဒုဂ္ဂတိဘယ၊ ဤဘေး ၅-ပါးမှ လွန်မြောက်သောကြောင့်တည်း။

အရိယာသာဝကတို့မှာ လူ နတ် ဗြဟ္မာ ဈာန် ပဋိပဒါ သညာ စသည်တို့၌ ငြီးငွေ့ကြကြောင်း ပဌမကောသလသုတ် []၌ ပါ၏။

အရိယာသာဝကတို့မှာ ဘုရားရှင်နှင့် ဘုရားရှင်၏ သာသနာတော်၌ ယုံမှားမှု မရှိကြကြောင်းနှင့် ဣန္ဒြေ ၅-ပါး (သဒ္ဓိန္ဒြေ စသည်) ဖြစ်ကြ၏။ အာပဏသုတ်။ ။ []

အရိယသာဝကသုတ်[] အရိယာသာဝကတို့မှာ ပဋိစ္စသမုပ္ပါဒ်၌ အမှန်အတိုင်း သိကြ၏ဟူလို။

[] အရိယာပုဂ္ဂိုလ်တို့မှာအံ့ဩဘွယ်ရှိအောင် မပြုလုပ်တော့ပြီ၊ (ဝါ) သာဌေယျအမှု မပြုတော့ပြီ ဟူလို။

[၁၀] အရိယာပုဂ္ဂိုလ်တို့အား မာယာ သာဌေယျတရားများ မရှိတော့ပြီ ဟူလို။ ။ မာယာ-လွန်ကျူးမိသောအပြစ်ကို သူတပါးတို့ မသိအောင်ဖုံးထားတတ်မှု။ ။ သာဌေယျ-မရှိသော ဂုဏ်ကို ရှိလေဟန် ကြွားဝါတတ်မှုတည်း။

အရိယာသာဝကဟူ၍ စခေါ်ရပုံ [၁၁] အရိယာနှင့် သာဝကခွဲပြပုံ၊ [၁၂] လေးချက်လှည့်ပြထား၏။

[၁၃] အရိယာပုဂ္ဂိုလ်တို့မှာ များသောအားဖြင့် လက်ယာနံတောင်း စောင်းလျက်သာ သေလွန်ကြ၏ဟု ဆိုထားပုံ။ ။ [၁၄]

အာဒိယသုတ်[၁၅] အရိယာတို့ ပစ္စည်းရှာကြခြင်းအကြောင်း ၅-မျိုးကို ဟောထား၏၊ ဂါထာများပါ၏။

အာပဏသုတ်[၁၆] အရိယာသာဝကတို့မှာ ဘုရားရှင်နှင့် ဘုရားရှင်၏ သာသနာတော်၌ ယုံမှားမရှိကြကြောင်းနှင့် ဣန္ဒြေ ၅-ပါးဖြစ်ပုံကို ဟောထား၏။

ဣန္ဒြေ ၅-ပါး၏ အဿာဒ အာဒီနဝ နိဿရဏ ဤသုံးချက်ကိုသိလျှင် အရိယာ ဖြစ်ကြောင်း ဟောသော သောတာပန္နသုတ် (ပ-ဒု) [၁၇]အရဟန္တသုတ်၊ (ပ-ဒု)။

အဂ္ဂပ္ပသာဒသုတ်[၁၈] အမြတ်၌ ကြည်ညိုလျှင်(ဘုရားရှင်, သမ္မာမဂ္ဂင် ၈-ပါး, နိဗ္ဗာန် အရိယာသံဃ) မြတ်သော အကျိုးကို ရကြောင်း ဟော၏၊

အမျိုးအနွယ် ၈-မျိုးတွင် အရိယာဝံသသာ အမြတ်ဆုံး ဖြစ်ကြောင်း၊ [၁၉] ၁-ခတ္တိယဝံသ၊ ၂-ဗြာဟ္မဏဝံသ၊ ၃-ဝေဿဝံသ၊ ၄-သုဒ္ဒဝံသ၊ ၅-သမဏဝံသ၊ ၆-ကုလဝံသ၊ ၇-ရာဇဝံသ၊ ၈-အရိယဝံသ၊

အရိယာ ဖြစ်သော ရောဇမည်သော မလ္လာမင်းက သူ၏ပစ္စည်းလေးပါးကိုသာ အလှူခံတော်မူကြရန် သူတပါး၏ ပစ္စည်းလေးပါးကို အလှူမခံကြရန် တောင်းပန်ခန်း။ ။ [၂၀] ဘုရားရှင် ခွင့်ပြုတော်မမူ။

အရိယာ သာဝကတို့ ကြီးပွားကြောင်း ၅-ပါး၊ ဝုဍ္ဎီသုတ်[၂၁] (သဒ္ဓါ သီလ သုတ စာဂ ပညာ)။ ။ ၁၀မျိုး၊ ဝဍ္ဎီသုတ်၊ [၂၂] အထက်ပါ ၅-ပါးနှင့် ခေတ္တဝတ္တု၊ ဓနဓည၊ ပုတ္တဒါရ၊ ဒါသကမ္မကရပေါရိသ၊ စတုပ္ပဒ၊ ပေါင်း ၁၀-ပါး။

အရိယာတို့ ဝိနည်း (ဆုံးမမှု) ၌ သီချင်းဆိုခြင်းသည် ငိုသည်မည်၏။ ။ ကခြင်း သည် ရူးသည်မည်၏၊ ပြင်းစွာရယ်ခြင်းသည် လူငယ်ဆံ၏ဟု ဟောထားသော ရုဏ္ဏသုတ်[၂၃]

Remove ads

အရိယာကထာ ၁၀-မျိုး

ရထဝီနီတသုတ်[၂၄] အကျယ်ဟောထား၏။ ။ [၂၅] ၎င်း ကထာ ၁၀-မျိုးကို သီလ, သမာဓိ, ပညာထဲ သွင်းပြပုံ။ ။ [၂၆] (ပ-ဒု) ကထာဝတ္ထုသုတ်။ ။ [၂၇]

  • (၁) အပိစ္ဆကထာ-အလိုနည်းမှုနှင့် စပ်သောစကား။
  • (၂) သန္တုဋ္ဌီကထာ-ရောင့်ရဲလွယ်မှုနှင့် စပ်သောစကား။
  • (၃) ပဝိဝေကကထာ-ဆိတ်ငြိမ်မှုနှင့် စပ်သော စကား။
  • (၄) အသံသဂ္ဂကထာ-ရှင် လူ ရဟန်းတို့နှင့် မရောနှော မဆက်ဆံကြောင်း စကား။
  • (၅) ဝီရိယာရမ္ဘကထာ-ဝိပဿနာအားထုတ်မှုနှင့် စပ်သောစကား။
  • (၆) သီလကထာ-သီလပြည့်စုံစေမှုနှင့် စပ်သောစကား။
  • (၇) သမာဓိကထာ-သမာဓိပြည့်စုံစေမှုနှင့် စပ်သောစကား။
  • (၈) ပညာကထာ-ပညာပြည့်စုံစေမှုနှင့် စပ်သော စကား။
  • (၉) ဝိမုတ္တိကထာ-မဂ်ဖိုလ်နှင့်စပ်သောစကား။
  • (၁၀) ဝိမုတ္တိဉာဏဒဿနကထာ-ပစ္စဝေက္ခဏာဉာဏ်နှင့်စပ်သော စကား။

အရိယဝေါဟာရ... အရိယာတို့ပြောဆိုသောစကားများ။ [၂၈]အနရိယဝေါဟာရသုတ်များ၊ [၂၉] ဝေါဟာရသုတ်[၃၀] [၃၁] ပိလိန္ဒဝစ္ဆမထေရ်ဝတ္ထု။

Remove ads

အရိယဝေါဟာရ ၁၂-ချက် ရေတွက်ပြပုံ

မုသာဝါဒါ ဝေရမဏိ၊ ပိသုဏာယ ဝါစာယ ဝေရမဏိ၊ ဖရုသာယ ဝါစာယ ဝေရမဏိ၊ သမ္ဖပ္ပလာပါ ဝေရမဏိ၊ ဤ ၄-ချက်မှာ သိသာပြီ။ ။

  • (၅) အဒိဋ္ဌေ အဒိဋ္ဌဝါဒိတာ... မမြင်သည်ကို မမြင်ဟု ပြောဆိုခြင်း။
  • (၆) အဿုတေ အဿုတဝါဒိတာ... မကြားသည်ကို မကြားဟုပြောဆိုခြင်း။
  • (၇) အမုတေ အမုတဝါဒိတာ... မတွေ့သည်ကို မတွေ့ဟု ပြောဆိုခြင်း။
  • (၈) အဝိညာတေ အဝိညာတဝါဒိတာ... မသိသည်ကို မသိဟုပြောဆိုခြင်း။
  • (၉) ဒိဋ္ဌေ ဒိဋ္ဌဝါဒိတာ... မြင်သည်ကို မြင်၏ဟု ပြောဆိုခြင်း၊
  • (၁၀) သုတေ သုတဝါဒိတာ... ကြားသည်ကို ကြား၏ဟု ပြောဆိုခြင်း။
  • (၁၁) မုတေ မုတဝါဒိတာ... တွေ့သည်ကို တွေ့၏ဟု ပြောဆိုခြင်း။
  • (၁၂) ဝိညာတေ ဝိညာတဝါဒိတာ... သိသည်ကို သိ၏ဟု ပြောဆိုခြင်း။

တနည်း၊ အရိယာတို့ မပြောသော စကားများ၊ [၃၂]

အရိယာပုဂ္ဂိုလ်တို့မှာ အပါယ်လေးပါးမှအပ ဖြစ်ပြီး (ဝါ) ကင်းလွတ်ပြီးသော်လည်း ဝဋ်ကြွေးကိုမူ ခံကြရသေးကြောင်း၊ ထို့ကြောင့် ဝဋ်မှာအမြဲ-ငရဲမှာအပဟု ပြောစမှတ်ပြုကြ၏။ ကြည့်ပါ။

အရိယာတို့၏ ကိုယ်ကျင့်သီလ

အဂတိ ၄-ပါးကို အရိယာပုဂ္ဂိုလ်တို့ လုံးဝမလွန်ကျူးကြတော့ကြောင်း အဘိ၊ ဝိသုဒ္ဓိ-ဝိနယ-ဒီဃတို့၌ ဟောပြ ဖွင့်ပြထား၏။ ။ [၃၃]

အဘိသန္ဒသုတ်[၃၄] ရတနာသုံးပါး၌ သက်ဝင် ယုံကြည်မှု ၅-ပါးသီလ လုံခြုံမှုနှင့် ပြည့်စုံသော အရိယာပုဂ္ဂိုလ်တို့၏ ကုသိုလ် ပမာဏကို ရေတွက်ခြင်းငှါ မတတ်နိုင်ကြောင်း ဟောထား၏။

အရိယာ ပုဂ္ဂိုလ်တို့မှာ ပါဏာတိပါတ အမှုကို ကိုယ်တိုင်မပြုရုံသာ မဟုတ်၊ တိုက်တွန်းခြင်း၊ ချီးမွမ်းခြင်းကိုပင် မပြုကြကြောင်း။ ။ [၃၅]

အရိယာ ရဟန်းတော်တို့မှာ မဂ်ရသည်နှင့်တပြိုင်နက် ဝိကာလဘောဇန သိက္ခာပုဒ် လုံခြုံတော့ကြောင်း။ ။ [၃၆] ဝိကာလဘောဇန သိက္ခာပုဒ်ကိုမပညတ်မီကပင် အရိယာပုဂ္ဂိုလ်တို့မှာ နေလွဲအခါ၌ စားသောက် မှုမရှိတော့ကြောင်း။

အရိယာ ရဟန်းတော်တို့မှာ သံဃာ့လာဘ်တည်းဟူသော အကြောင်းကြောင့် ငြင်းခုံမှု၊ ခိုက်ရန်ဖြစ်မှု မရှိတော့ကြောင်း ဂါထာ။ ။ [၃၇]

အရိယာဖြစ်ပြီးသောရဟန်း သာမဏေတို့ လူအဖြစ်သို့ ပြန်၍ မဆင်းသက်တော့ကြောင်း၊ [၃၈] မေထုန်မှီဝဲမှုလည်းမရှိတော့ကြောင်း။ ။ [၃၉]ပုတ္တသုတ် [၄၀]ပပတိတသုတ် [၄၁]ပါရာဇိက လေးပါး လုံခြုံတော့ကြောင်း၊ [၄၂] ပဌမသိက္ခာသုတ်။ ။ ကဠာရသုတ်[၄၃]

အရိယာလင်မယားတို့ ကိုယ့်ဘို မငဲ့ကြဘဲ လှူကြမှုအတွက် တတိယပါဋိဒေသနီယသိက္ခာပုဒ်ကို ပညတ်တော်မူရပုံ။ ။ [၄၄]ဦနပဉ္စဗန္ဓန သိက္ခာပုဒ်၊ ဝိ-၁-ပါ-၃၅၅၊ ဝိ-၁-ဋ္ဌ-ဒု-အုပ်-၂၈၆။ ။ အရိယာလူတို့မှာ ရဟန်းကိုမြင်လျှင် မလှူဘဲ မနေနိုင်ကြပုံ၊ [၄၅]

အရိယာရဟန်းတော်တို့ တောင်းခြင်းကား ရပ်ခြင်းသာတည်းဟုမိန့်ဆိုထားပုံ [၄၆] မူရင်းမှာ အဋ္ဌိသေနကဇာတ် [၄၇]

Remove ads

အရိယာပုဂ္ဂိုလ်တို့အား သင့်တတ်သောအာပတ်များ

[၄၈] ဂရုကအာပတ်တွင် ကုဋိကာရသိက္ခာပုဒ်နှင့် တူသော လဟုကအာပတ်တွင် သဟသေယျသိက္ခာပုဒ်နှင့်တူသော အစိတ္တက အာပတ် များတည်း၊ သင့်သော အာပတ်များကိုလည်း ဖုံး၍ မထားတတ်ကြပေ။ ။ စေတနာနှင့် အာပတ်ကို မလွန်ကြူးတော့ကြောင်း၊ [၄၉] ။ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ် အချို့ကို လွန်ကြူကြသေးကြောင်း၊ သို့သော် ဓုဝသီလ ဌိတသီလ ဖြစ်ကြောင်း ဟောသော ပဌမသိက္ခာသုတ်[၅၀] ။ လောကဝဇ္ဇသိက္ခာပုဒ်ကို အသက်ပင် စွန့်ရစေကာမူ မလွန်ကြူးတော့ကြောင်း၊ [၅၁]

Remove ads

အရိယာ ၄-မျိုး

[၅၂] ဤ၌ အကျယ်ပြထား

  • (၁) အာစာရအရိယာ... မြတ်သော အကျင့်ကို ကျင့်သော လူ ရှင်, ရဟန်း တိရစ္ဆာန်၊ မဟာဟံသဇာတက-ပါ-ပ-အုပ်-၉၂၊ ဇာတက-ဋ္ဌ-မ-အုပ်-၃၈၆။
  • (၂) ဒဿနအရိယာ... ဣရိယာပုထ်လေးပါး၌ ကြည်ညိုဘွယ် ရှိသော လူ ရှင်, ရဟန်း တိရစ္ဆာန်၊ သင်္ခပါလဇာတက-ပါ-ပ-အုပ်-၁၆၊ ဇာတက-ဋ္ဌ-မ-အုပ်-၁၇၅။
  • (၃) လိင်္ဂအရိယာ... ရဟန်းတော်များနှင့် ဝတ်ရုံ ပုံချင်း အသွင် အပြင် တူသော ပုဂ္ဂိုလ်၊ သုတ္တ-ပါ-၂၉၄၊ သုတ္တ-ဋ္ဌ-ပ-အုပ်-၁၄၇။
  • (၄) ပဋိဝေဓ... အရိယာမဂ်ဖိုလ်ကို ထိုးထွင်း၍ သိသော ဘုရားစသော အရိယာပုဂ္ဂိုလ် ရှစ်ယောက်။
Remove ads

အရိယာ ပုဂ္ဂိုလ်တို့သာ သိ၍ ကျင့်၍ ပုထုဇဉ်တို့နှင့် မဆက်ဆံသော အရာ(၇)မျိုး

[၅၃]

  • (၁) ကာမစ္ဆန္ဒ နီဝရဏ စသည် ၅-ပါး၌ ပရိယုဋ္ဌိတစိတ်မဖြစ်(ဝါ) လှုပ်ရှားသော စိတ်မဖြစ်ဟူ၍၎င်း၊ ငြင်းခုံမှု ခိုက်ရန်ဖြစ်မှု ရိုက်ပုတ်မှု စသည်လည်း မရှိဟူ၍၎င်း သိခြင်း။
  • (၂) မိမိ၏စိတ်၌ ကိလေသာ ပူပန်မှုမရှိ၍ အေးငြိမ်းမှုကိုရ၏ဟု သိခြင်း။
  • (၃) ဗုဒ္ဓသာသနာမှတပါး အခြားသော သာသနာ၌ အရိယာသမဏမရှိဟု သိခြင်း
  • (၄) သင့်ရောက်မိသော အာပတ်ကို ဖုံးလွှမ်းမထားတတ်ဘဲ ထင်စွာပြု၍ အာယတိံ သံဝရ ရှိ၏ဟု သိခြင်း။
  • (၅) သီတင်းသုံးဘော်တို့၏ ကိစ္စကြီးငယ်၌ ကြောင့်ကြမှုရှိ၍ သိက္ခာသုံးပါး၌ အားကြီး တောင့်တ၏ဟု သိခြင်း။
  • (၆) တရားတော်ကိုနာယူရာ၌ အိပ်ငိုက်ခြင်းမရှိ စကားလည်းမပြော စိတ်လည်း မပျံ့လွင့်ဘဲ ရိုသေစွာ နာယူ၏ဟု သိခြင်း။
  • (၇) ထိုသို့နာယူရာ၌ အတ္ထဓမ္မကို ထိုးထွင်းသိ၍ တရားနှင့်စပ်သော နှစ်သက် ဝမ်းမြောက်မှုရှိ၏ဟု သိခြင်း။
Remove ads

အရိယာတိုနှလုံးမသွင်းသော၊ မပြုလုပ်သော အရာများ

အဋ္ဌာနပါဠိ[၅၄]

  • (၁) သင်္ခါရဟူသမျှ၌ သုခဟူ၍ နှလုံးမသွင်း။
  • (၂) အတ္တဟူ၍ နှလုံးမသွင်း၊ ပဉ္စာနန္တရိယကံ ၅ ပါးကိုလည်း မလွန်ကြူး၊
  • (၃) ဗုဒ္ဓသာသနာမှတပါး အခြားသော အညတိတ္ထိယ သာသနာ၌ ဆရာမရှာခြင်း၊ ပေါင်း ၈-ပါး၊

၎င်းတို့ မပြုသောအရာများ၊ အဘဗ္ဗသုတ်၊ ၅-သုတ်၊ [၅၅] ဤ၌ ပဉ္စာနန္တရိယကံ ၅-ပါး၊ ဘုရားရှင်၏ ဓာတ်တော်များ ကိန်းဝပ်ရာစေတီတော်ကို ဖျက်ဆီးခြင်း၊ အညတိတ္ထိယ သာသနာ၌ ဆရာရှာခြင်း၊ အလှူခံရှာခြင်း၊ လောကီမင်္ဂလာဖြင့် သံသရာမှ လွတ်မြောက်နိုင်၏ဟု ယုံကြည်ခြင်း၊ ဤအချက်များကိုလည်း မပြုလုပ်တော့ကြောင်း ဖွင့်ပြထား၏။

မျက်နှာလိုက်၍ ပေးကမ်းမှု မရှိကြောင်း ဟောသော ဂုဏဇာတ် [၅၆] ကျေးဇူးရှိဘူးသူအား ပို၍ ပေးကမ်းသည် ချီးမြှင့်သည်မှာ အရိယာ ပုဂ္ဂိုလ်များသော်ပင် ကတညုတ ကတဝေဒီတရားအရ ပြုလုပ်ကြခြင်းဖြစ်၏။

အသက်ပင် စွန့်ရစေကာမူ အဂတိလေးပါးကို မလိုက်စားတော့ကြောင်း၊ (အဂတိလေးပါးခဏ်း၌ ရေးခဲ့ပြီ။)

နို့ရည်နှင့် သေအရက်ကို ရောစပ်၍ တိုက်လျှင် (မသိသော်လည်း) နို့ရည်သာ ဝင်၍ သေအရက်မဝင်ကြောင်း မိန့်ဆိုထားပုံ၊ [၅၇]

အရိယာတို့ မလွန်ကြူးတော့သော အရာများကို ရှင်းပြ ဇီဝိတာဝေါရော ပန ကထာ၊ [၅၈]

အရိယာပုဂ္ဂိုလ်တို့ ငြင်းခုံမှု လုံးဝမရှိတော့ကြောင်း [၅၉] လောကုတ္တရမဂ္ဂ ပတွာ ဝိဝါဒေါ နာမ သဗ္ဗသော ဝူပသမ္မတိဟု ဖွင့်ပြထား၏။ ။ လူတို့ကွဲပြားလျှင် ကိုယ်စောင့်နတ်လည်း ကွဲပြားကြကြောင်း ဟူသော အခန်း၌ များစွာရှိ၏။

အရိယာဝိနယတရား ၈-ပါး- (အရိယာတို့ ဆင်ခြင်၍ ရှောင်ကြဉ်သော တရား ဟူလို။) [၆၀] ပါဏာတိပါတ၊ အဒိန္နာဒါန၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဂိဒ္ဓိလောဘ၊ တပ်မက်မှုလောဘ၊ နိန္ဒာရောသ... ကဲ့ရဲ့မှု၊ ချုတ်ချယ်မှု၊ ကောဓပါယာသ... အမျက်ထွက်မှု၊ ရန်ငြိုးဖွဲ့မှု၊ အတိမာန လွန်ကဲသော မာနထားမှု၊ ဤအမှု ၈-ပါးကို အရိယာပုဂ္ဂိုလ်တို့ အကြွင်းမဲ့ ပယ်နိုင်အောင် ကျင့်ကြသည် ဟူလို။

အရိယာပုဂ္ဂိုလ်တို့မှာ မပယ်နိုင်သေးသော အကုသိုလ်ကို ပြုမိသော် ဖုံးကွယ်၍ မထားတတ်ကြောင်း [၆၁] ဤ၌ပါသော ဂါထာကား... ရတနသုတ်တွင် ပါသော “ကိဉ္စာပိသော ကမ္မံ ကရောတိ ပါပကံ” စသော ဂါထာပင်တည်း။ ။ အရိယာ ပုဂ္ဂိုလ်တို့မှာ မကောင်းမှု၌ မမွေ့လျော်တော့ကြောင်း [၆၂]

အရိယာပုဂ္ဂိုလ်တို့မှာ လာဘ်ရခြင်းစသည်ကြောင့် ဝါကြွားမှုမရှိ၊ လာဘ်မရခြင်း စသည်ကြောင့် သူတပါးတို့ကို ကဲ့ရဲ့မှုမရှိကြောင်း ဂါထာ၊ အရိယာပုဂ္ဂိုလ်တို့၏ စိတ်ထားကို ဖေါ်ပြထားသော ဂါထာများ။ ။ [၆၃]

အရိယာပုဂ္ဂိုလ်တို့မှာ လောကီမင်္ဂလာများကို ယုံကြည်မှုမရှိတော့ကြောင်း [၆၄]

ဘဝပြောင်း၍ အရိယာ အဖြစ်ကို မသိသော်လည်း အသက်ကိုစွန့်ရစေကာမူ ၅-ပါးသီလကို လုံးဝ မလွန်ကြူကြတော့ကြောင်း၊ [၆၅] ဂိဉ္ဇကာဝသထသုတ်[၆၆] ။ ဆရာလည်း မပြောင်းတော့ကြောင်း၊ [၆၇] သရဏဂမနကထာခဏ်း၌ရှိ၏။ [၆၈] မည်သည့်အခါမှ သရဏဂုံညစ်နွမ်းခြင်း၊ ပျက်စီးခြင်း မဖြစ်တော့ကြောင်း၊ [၆၉] ။ ၎င်းတို့၏ ၅-ပါးသီလကို ချီးကျူးခဏ်း၊ [၇၀] မိတ္တာမစ္စ (ဒုတိယ)သုတ်-သံ။


Remove ads

ဂုဏ်ကို ပြောခြင်း, မပြောခြင်း

အရိယာတို့မှာ ဟုတ်မှန်သော ဂုဏ်ကိုပင် ထင်ပေါ်ကျော်ကြားအောင် ပစ္စည်း ရအောင် ဟူသောရည်ရွယ်ချက်ဖြင့် ကိုယ် ဂုဏ်ကို ထုတ်ဖေါ်၍ မပြောဆိုကြကြောင်း။ ။ [၇၁] ။ အချို့ အရိယာပုဂ္ဂိုလ်တို့ ကိုယ့်ဂုဏ်ကို ထုတ်ဖေါ်ပြောဆို တတ်ကြရာ ထိုသို့ပြောဆိုတတ်ကြပုံ အကြောင်းကို ရှင်းပြထားခဏ်း၊ [၇၂] ပီတိအဟုန်သည် ဖြစ်စေအပ်သော ဥဒါန်းကျူးခြင်း၊ သာသနာတော်သည် ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း အစစ်ဖြစ်သည်ကို ထင်ရှားပြလိုခြင်း၊ ဤနှစ်ကြောင်းကြောင့် ထုတ်ဖေါ်၍ အချို့ ပြောဆိုကြခြင်းဖြစ်၏။ ။ သဘာဂရဟန်းတော် များထံ၌ကား ထုတ်ဖေါ်၍ ပြောသင့်က ပြောရကြောင်း၊ [၇၃] မဂ်ဖိုလ် ရပြီးနောက် ရူးခြင်း, စိတ်လွင့်ခြင်းလည်း မရှိတော့ကြောင်း။

အရိယာတို့အပါယ်လေးပါးမှ လွတ်ပြီးဖြစ်ကြောင်း ဟောသော သဥပါဒိသေသသုတ်။ ။ [၇၄]နိဝေသကသုတ်[၇၅]စုန္ဒီသုတ်[၇၆] ။ အရိယာတို့ အပါယ်လေးပါးမှ လွတ်ပြီဖြစ်ကြောင်းနှင့် ပြည့်စုံသော တရားများကို ပြဆိုခဏ်း၊ ဓမ္မာဒါသ ဓမ္မပရိယာယဝဏ္ဏနာ၊ [၇၇]

အရိယာနှင့် ပုထုဇဉ်တို့အထူး

ပဌမနာနာကရဏသုတ်[၇၈] ဗြဟ္မာပြည် ရောက်ပြီးသော ပုထုဇဉ်တို့မှာ ဈာန်အချိန်ကုန်က အပါယ်လေးပါးသို့လားကြရတတ်ကြောင်း၊ အရိယာတို့ကား ထိုဗြဟ္မာပြည်မှာပင် ပရိနိဗ္ဗာန်စံကြရကြောင်း ဟောထား၏။ ။ ဝေဒနာ ခံစားရပုံချင်း တူသော်လည်း သောကဖြစ်မဖြစ်ကွာခြားပုံ ဟောသော သလ္လသုတ်-သံ။ ။ အာရုံ ၆-ပါး၌ အရိယာနှင့် ပုထုဇဉ်တို့ အမြင်ချင်းမတူကြကြောင်း ဂါထာများ မှတ်သားဖွယ်၊ [၇၉]။ ။ ကာမဂုဏ် ခံစာရာ၌ စိတ်ထားချင်း မတူကြပုံ၊ [၈၀]။ ။ အရိယာနှင့် ပုထုဇဉ်တို့ ရှာမှီးချင်း မတူကြပုံ၊ ပရိယေသနာခဏ်း၌ ပြလတ္တံ့။

အရိယာနှင့်ပေါင်း ချမ်းသာကြောင်း ဂါထာ [၈၁]

[၈၂] သောမနဿ ဒေါမနဿမဖြစ်ကြတော့ဘဲ ဥပေက္ခာသာဖြစ်တော့ကြောင်း၊ သုဒ္ဓေါဒနမင်းကြီးက ဘုရား၍ ကို အပင့်ခိုင်းရာ အမတ်များ ရဟန္တာဖြစ်ကြ၍ မပင့်ဖြစ်တော့ဘဲ နေကြပုံ အကြောင်းပြုဖြစ်သော စကား၊

အရိယာပုဂ္ဂိုလ်တို့သာ ရှေ့အနုဿတိ ၆-ပါး ပြည့်စုံကြကြောင်း၊ သို့သော် ပုထုဇဉ်တို့လည်း နှလုံးသွင်းသင့်ကြောင်း။ ။ [၈၃]

Remove ads

အရိယာပုဂ္ဂိုလ် (၉၆) ဦးကို ရေတွက်ပြပုံ

[၈၄] သံယောဇနသုတ် [၈၅] ဒုတိယသိက္ခာသုတ် [၈၆]

(၁) သောတာပန်ပုဂ္ဂိုလ် ၃-မျိုးကို ပဋိပဒါ ၄-မျိုးဖြင့်လျှင် ၁၂-ဦး ဖြစ်၏။ ၎င်း ၁၂-ဦးကို သဒ္ဓါဓုရ ပညာဓုရ ၂-မျိုးဖြင့် ပွားလျှင် သောတာပန် ပုဂ္ဂိုလ်ပေါင်း ၂၄-ဦးဖြစ်၏။

(၂) ကာမ, ရူပ, အရူပ ဘုံသုံးပါး၌ဖြစ်သော သကဒါဂါမ် သုံးယောက်ကို ပဋိပဒါ ၄-မျိုးဖြင့်ပွားလျှင် သကဒါဂါမ် ပုဂ္ဂိုလ်ပေါင်း ၁၂-ဦးဖြစ်၏။ ။ [၈၇]-၌ ပြဆိုထားပုံတည်း။

(၃) အနာဂါမ်ပုဂ္ဂိုလ်ပေါင်း ၄၈-ဦးကို ရေတွက်ပြပုံကို ကြည့်ပါ။

(၄) ရဟန္တာပုဂ္ဂိုလ် ၁၂-ဦး ရေတွက်ပြပုံကို ကြည့်ပါ။

  • သောတာပန် ပုဂ္ဂိုလ်ပေါင်း ၂၄-ဦး
  • သကဒါဂါမ် ပုဂ္ဂိုလ်ပေါင်း ၁၂-ဦး အနာဂါမ် ပုဂ္ဂိုလ်ပေါင်း ၄၈-ဦး
  • ရဟန္တာ ပုဂ္ဂိုလ်ပေါင်း ၁၂-ဦး
  • အရိယာ ပုဂ္ဂိုလ်ပေါင်း ၉၆-ဦးဖြစ်၏။
Remove ads

အရိယာပုဂ္ဂိုလ် ၁၀၈-ဦးကို ရေတွက်ပြပုံ

[၈၈] ။ သောတာပန် သုံးမျိုးကို ပဋိပဒါ ၄-မျိုးဖြင့် ပွားသော် ၁၂-ဦး၊ သကဒါဂါမ် ၁၂-ဦး၊ အနာဂါမ် ၂၄-ဦး၊ သုက္ခဝိပဿကရဟန္တာ၊ သမထယာနိကရဟန္တာ ၂-ဦး၊ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၄-ဦး၊ အားလုံး ပေါင်း ၅၄-ဦးဖြစ်၏၊ ထို ၅၄-ဦးကို သဒ္ဓါဓုရ ပညာဓုရ ၂-ပါးဖြင့် ပွားလျှင် တနည်း အရိယာပုဂ္ဂိုလ်ပေါင်း ၁၀၈-ဦးဖြစ်၏။

ရဟန္တာ၊ အနာဂါမ် ၅-မျိုး၊ သကဒါဂါမ်၊ သောတာပန် ၃-မျိုး ဖြစ်ရပုံ ဟောသော တတိယသိက္ခာသုတ်[၈၉]

အရိယာပုဂ္ဂိုလ်တို့ နေထိုင်ကြပုံ

မဟာနာမသုတ် [၉၀]နန္ဒိယသုတ် [၉၁] ။ ဗုဒ္ဓါနုဿတိ စသည် ရှေ့ ၆-ပါးကို ပွားများ အားထုတ် နေထိုင်ကြကြောင်း ဟောထား၏။ ။ [၉၂]၌ အံ-မှ အညွှန်းများကို ပြထား၏။ ။ [၉၃] နံနက်ခင်းတွင် ဒါနပြု၍ ညနေဘက်တွင် တရားနာတတ်ကြ၏ဟု ဖွင့်ပြထား၏။ ။ တရားနာရသည်ကို မြတ်နိုးလှကြောင်း၊ [၉၄]

အရိယာပုဂ္ဂိုလ်တို့ ပမာဒဝိဟာရီ၊ အပ္ပမာဒ ဝိဟာရီ မည်ပုံ ဟောသော နန္ဒိယသက္ကသုတ်။ ။ [၉၅]

အရိယာပုဂ္ဂိုလ်တို့မှာ ဘုရားရှင်ကိုသာ ဖခင်ဟု သုံးစွဲကြကြောင်း [၉၆] ဥတ္တရာသေဌေးသမီးနှင့် သိရီမာပြည့်တန်ဆာမဝတ္ထု၊ [၉၇]

အရိယာပုဂ္ဂိုလ်တို့ သဒ္ဓါတရားခိုင်မြဲပုံ- ဝိနယ၌ များစွာရှိ၏။ ။ အရိယာပုဂ္ဂိုလ်တို့၏ ခိုင်မြဲသော သဒ္ဓါတရားကို မာရ်နတ်ကြီးပင် မတုန်လှုပ်စေနိုင်ကြောင်း၊ [၉၈] (သူရမ္ဗဋ္ဌဝတ္ထု)။ ။ ဥဒါန-ဋ္ဌ-၂၅၈။ ။ (သုပ္ပဗုဒ္ဓ) (လူနူ)။

အရိယာပုဂ္ဂိုလ်တို့ သီလ, သမာဓိ, ပညာ ဖြည့်ကျင့်ကြပုံ [၉၉]

အရိယာပုဂ္ဂိုလ်တို့၏ ကုသိုလ် ပမာဏကို မရေတွက်နိုင်ကြောင်း ဟောသော ပုညာဘိသန္ဒသုတ်။ ။ (ဒုတိယ) [၁၀၀]အဘိသန္ဒသုတ်[၁၀၁]

အရိယာပုဂ္ဂိုလ်တို့ကို မြင်ရ ကြားရသည်ပင် ကျေးဇူး များလှကြောင်း ဟောသော သီလသုတ် [၁၀၂]သီလသမ္ပန္နသုတ်[၁၀၃]၊ ဂါထာများ ပါ၏။

အရိယာပုဂ္ဂိုလ်တို့ ပယ်သော တရားများကို ပြဆိုခဏ်း

[၁၀၄] ဤ၌ ကျယ်ဝန်းစွာ ပြထား၏။

  • (၁) သောတာပတ္တိမဂ်သည် ဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဣဿာ မစ္ဆရိယ ဤသံယောဇဉ် ၅-ပါးကို အကြွင်းအကျန် မရှိအောင်ပယ်သတ်၏။
  • (၂) သကဒါဂါမိမဂ်သည် ရုန့်ရင်းကြမ်းထမ်းသောကာမရာဂ ပဋိဃ(ဒေါသ) သံယောဇဉ် ၂-ပါးကို ပယ်သတ်၏။
  • (၃) အနာဂါမိမဂ်သည် သိမ်မွေ့သော ၎င်း ၂-ပါးကိုပင် အကြွင်းအကျန် မရှိအောင် ပယ်သတ်၏။
  • (၄) အရဟတ္တမဂ်သည် မာန ဘဝ အဝိဇ္ဇာ သံယောဇဉ်သုံးပါးကို အကြွင်း အကျန်မရှိအောင် ပယ်သတ်၏။


  • မိစ္ဆာဒိဋ္ဌိ မုသာဝါဒ မိစ္ဆာကမ္မန္တ မိစ္ဆာဝကို ပဌမမဂ်က ပယ်၏။
  • မိစ္ဆာသင်္ကပ္ပ ပိသုဏဝါစာ ဖရုသဝါစာကို တတိယမဂ်က ပယ်၏။
  • သမ္ဖပ္ပလာပ မိစ္ဆာဝါယာမ သတိ သမာဓိ မိစ္ဆာ ဝိမုတ္တိဉာဏကို စတုတ္ထမဂ်က ပယ်၏။
  • အဂတိလေးပါး၊ ကာယဒုစရိုက်သုံးပါး၊ မုသာဝါဒ မိစ္ဆာဒိဋ္ဌိကို ပဌမမဂ်က ပယ်၏။
  • ပိသုဏဝါစာ၊ ဖရုသဝါစာ၊ ဗျာပါဒ၊ ဤသုံးပါးကို တတိယမဂ်က ပယ်၏။
  • သမ္ဖပ္ပလာပ၊ အဘိဇ္ဈာ၊ ဤနှစ်ပါးကို စတုတ္ထမဂ်က ပယ်၏။
  • ဒိဋ္ဌိ ဝိစိကိစ္ဆာကို ပဌမဂ်က ပယ်၏၊
  • ဒေါသ(ကုက္ကုစ္စ)ကို တတိယမဂ်ကပယ်၏။
  • လောဘ ဒေါသ မာန ထိန ဥဒ္ဓစ္စ အဟိရိက အနောတ္တပ္ပတို့ကို စတုတ္ထမဂ်က ပယ်၏။


  • အနိစ္စ၌ နိစ္စ၊ အနတ္တ၌ အတ္တဟု အထင်မှားသော သညာ စိတ္တ ဒိဋ္ဌိဝိပလ္လာသ ၆-ပါး၊ ဒုက္ခ-၌ သုခ၊ အသုဘ-၌ သုဘဟု အထင်မှားသော ဒိဋ္ဌိဝိပ္ပလ္လာသ ၂-ပါး ပေါင်း ၈-ပါးကို ပဌမမဂ်က ပယ်၏။
  • အသုဘ၌ သုဘဟု အထင်မှားသော သညာ စိတ္တဝိပ္ပလ္လာသ ၂-ပါးကို တတိယမဂ်ကပယ်၏၊
  • ဒုက္ခ၌ သုခဟု အထင်မှားသော သညာ စိတ္တဝိပ္ပလ္လာသ ၂-ပါးကို စတုတ္ထမဂ်က ပယ်၏။ [၁၀၅] (ဝိပ္ပလ္လာသခဏ်း၌ရှိ၏)။ ။ [၁၀၆] အရိယာ ပုဂ္ဂိုလ် အချို့တို့ ပယ်, မပယ် ကိလေသာ၌ ဒွိဟဖြစ်တတ်သေးပုံ၊ [၁၀၇] ။ (မဂ်ပယ်ခဏ်း၌လည်း ရှိ၏။)

အရိယာပုဂ္ဂိုလ်တို့ နေထိုင်ခြင်း ၁၀-ပါး

အရိယာဝါသသုတ်[၁၀၈]

  • (၁) ပဉ္စင်္ဂဝိပ္ပဟိန-နီဝရဏ ၅-ပါးတို့ကို ပယ်ပြီးခြင်း။
  • (၂) ဆဠင်္ဂသမန္နာဂတ-အာရုံခြောက်ပါး၌ သာယာခြင်း မသာယာခြင်း မဖြစ်ဘဲ ဥပေက္ခာနှင့် ပြည့်စုံခြင်း။
  • (၃) ဧကာရက္ခ-မကောင်းမှုကို မပြုမိရန် သတိ အစောင့်အရှောက် အမြဲ ရှိခြင်း၊
  • (၄) စတုရာဿေန-ပညာဖြင့်သာမှီဝဲခြင်း, သည်းခံခြင်း, ရှောင်ကြဉ်ခြင်း, ပယ်ဖျောက်ခြင်း ကိစ္စလေးပါး၌ အမြဲဆင်ခြင်၍ ပြုခြင်း။
  • (၅) ပဏုန္နပစ္စေကသစ္စ-ငါ့ ဉာဏ်အမြင်နှင့် အယူသာမှန်၏ ဟူသော ဒိဋ္ဌိသစ္စာကို ပယ်ခြင်း။
  • (၆) သမဝယသဋ္ဌေန-ကာမ ဘဝ ဗြဟ္မစရိယကိုရှာမှီးခြင်းမှ ငြိမ်းအေးခြင်း။
  • (၇) အနာဝိလသင်္ကပ္ပ-ကာမ ဗျာပါဒ ဝိဟိံသ ဝိတက်ဆိုး သုံးပါးကို ပယ်ခြင်း။
  • (၈) ပဿဒ္ဓကာယသင်္ခါရ-စတုတ္ထဈာန်ကို ဝင်စား၍ နေခြင်း။
  • (၉) သုဝိမုတ္တစိတ္တ-ရာဂ ဒေါသ မောဟတို့မှ လွတ်သောစိတ်ရှိခြင်း။
  • (၁၀) သုဝိမုတ္တပည-ရာဂ, ဒေါသ, မောဟတို့ကို ပယ်ဖြတ်ပြီး ဖြစ်၍ တဖန် မဖြစ်ပေါ်လာမှုသဘောကို သိခြင်း။

ဓမ္မိကသုတ် အရိယာလူနှင့် အရိယာရဟန်းတို့ ကျင့်ဝတ်ကို ခွဲခြား ဟောထားသော၏။ [၁၀၉]

အရိယာလူတို့ အသက်မွေးမြူကြပုံ ပတ္တကမ္မသုတ် [၁၁၀] ဂါထာများပါ၏။ ။ လူအရိယာတို့ ကျင့်ဝတ်ကို ဟောသော ဓမ္မိကသုတ်[၁၁၁] ။ လူအရိယာတို့ သေသောအခါ ရဟန္တာကဲ့သို့ပင် ပူဇော်အပ်ကြောင်း၊ [၁၁၂] ။ အရိယာတို့ ရှာမှီးပုံကို ပရိယေသနာခဏ်း၌ ကြည့်ရှုပါ။ အရိယာတို့ ရှာမှီးခြင်းကို အကျယ်ပြ၊ [၁၁၃] ။ အရိယာလူတို့ စီးပွားရှာကြခြင်း အကြောင်း ၅-ပါးဟောသော အာဒိယသုတ်[၁၁၄]

အရိယာပုဂ္ဂိုလ်တို့အား ပြစ်မှားပြစ် ၁၁-ပါး

အရိယာ ပုဂ္ဂိုလ်တို့အား ပြစ်မှားခြင်းကြောင့် ရအပ်သော အပြစ်များကို အပြည့်အစုံ ဟောထားသော "ကောကာလိကသုတ်[၁၁၅]

  • (၁) မရသေးသော တရားကို မရနိုင်ခြင်း။
  • (၂) ရပြီးသော တရားများ ဆုတ်ယုတ်ခြင်း။
  • (၃) သူတော်ကောင်း တရားကို မဖြူစင်စေနိုင်ခြင်း။
  • (၄) သူတော်ကောင်းတရား၌ လွန်ကဲသော မာနရှိခြင်း။
  • (၅) မပျော်မွေ့ဘဲ ဗြဟ္မစရိယကို ကျင့်နေရခြင်း။
  • (၆) ညစ်နွမ်းသော အာပတ်များ သင့်ရောက်တတ်ခြင်း။
  • (၇) လူထွက်တတ်ခြင်း။
  • (၈) ပြင်းထန်သောရောဂါများ ကပ်ရောက်တတ်ခြင်း။
  • (၉) ရူးသွပ်ခြင်း, စိတ်ပျံ့လွင့်ခြင်းသို့ ရောက်တတ်ခြင်း။
  • (၁၀) တွေတွေဝေဝေ သေရခြင်း။
  • (၁၁) အပါယ်လေးပါးသို့ ကျရောက်တတ်ခြင်း။

အရိယာဓမ္မကို ကဲ့ရဲ့လျင် ရောရုဝငရဲသို့ ကျရောက်တတ်ကြောင်း နတ်သမီးက လျှောက်ထားသော ဂါထာ၊ ပဌမ ပစ္စုန္နုဓိတုသုတ်[၁၁၆]သုနေတ္တသုတ် [၁၁၇]သောရေယျ မထေရ်ဝတ္ထု၊ [၁၁၈]ဇမ္ဗုကဝတ္ထု[၁၁၉] ကြောက်လန့်စရာကောင်းလှ၏။ ။ မပြစ်မှားသင့်သူကို ပြစ်မှားခြင်းကြောင့် ကျရောက်တတ်သော အပြစ်များကို ဒဏ် ၁၀-ပါးခဏ်း၌လည်း ပြထား၏။

ကလျာဏပုထုဇဉ်ကို သေက္ခဟူ၍ ခေါ်နိုင်သေးကြောင်း [၁၂၀]


အရိယာပုဂ္ဂိုလ်တို့ ဘုံအကူးအပြောင်းနှင့် စပ်၍ မှတ်သားဖွယ် အကျယ် [၁၂၁] အရိယာပုဂ္ဂိုလ်တို့ နောက်ဆုံးပရိနိဗ္ဗာန်စံရာဌာနကို ပုဂ္ဂိုလ်အလိုက်ခွဲဟောထားတော်မူပုံ၊ [၁၂၂]

အရိယာပုဂ္ဂိုလ်တို့ မြဲသောအရာ ၄-မျိုးကို ဟောသော ဂိဉ္ဇကာဝသထသုတ် (ပ-ဒု-တ)။ ။ [၁၂၃] ဗုဒ္ဓါနုဿတိ စသည် သုံးပါးနှင့် အရိယာကန္တ ၅-ပါးသီလ။ ။ ဤလေးပါး မြဲမှုကြောင့် အပါယ်လေးပါး မလားနိုင်တော့ကြောင်း ဟောသော ဂေါဓသက္ကသုတ်၊ [၁၂၄]

အရိယာပုဂ္ဂိုလ်တို့ သက်သာရာရခြင်း ၄-မျိုး။ ကေသမုတ္တိသုတ်[၁၂၅]

အရိယာမည်ပုံ [၁၂၆] ။ အရိယာ ပုဂ္ဂိုလ် လေးယောက် အမည်အဖွင့်၊ [၁၂၇]

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads