ဗြဟ္မာဘုံ

From Wikipedia, the free encyclopedia

Remove ads

ဗြဟ္မာဘုံ

မြင့်မြတ်သော ဈာန် စသည့် ဂုဏ်တို့ဖြင့် ကြီးပွားကြသူများကို “ဗြဟ္မာ” ဟုခေါ်သည်။ ကာမဂုဏ်ဝတ္ထုအပေါ် တပ်မက်မှု မွဲနိုင်သမျှမွဲမှသာ ဈာန်စသည့်တရားများ ကြွယ်ဝပြီး ကြီးပွားကြကုန်သည်။ ဗြဟ္မာ့ဘုံ(၂၀)တွင်-

  • ရူပဗြဟ္မာဘုံ(၁၆)ဘုံ (ရုပ်ခန္ဓာရှိသော ဗြဟ္မာတို့ တည်ရာ) နှင့်
  • အရူပဗြဟ္မာဘုံ(၄)ဘုံ (ရုပ်ခန္ဓာမရှိသော ဗြဟ္မာတို့ တည်ရာ) ရှိသည်။

ပါဠိမှ-မြန်မာသို့ ဘာသာပြန်အဓိပ္ပာယ်

  • ရူပ = ရုပ်ခန္ဓာရှိခြင်း၊ ရုပ်ခန္ဓာဖြစ်ခြင်း
  • အရူပ = ရုပ်ခန္ဓာမရှိခြင်း၊ ရုပ်ခန္ဓာမဖြစ်ခြင်း

ရူပဗြဟ္မာ ဘုံ

(ရုပ်ရှိသော ဗြဟ္မာတို့၏ တည်ရှိရာ) ရူပဗြဟ္မာမှာ ဗြဟ္မပါရိသဇ္ဇာမှ အကနိဋ္ဌအထိ ၁၆-ဘုံ ဖြစ်သည်။ ၎င်းတို့အနက် အသညသတ်ဘုံတွင် ရုပ်တရား သက်သက်သာ(ရုပ်ခန္ဓာသာ) ရှိသည်။ ကျန်(၁၅)ဘုံမှာ ရုပ်တရား(ရုပ်ခန္ဓာ)နှင့် နာမ်တရား(နာမ်ခန္ဓာ) ၂-ပါးစလုံး ရှိကြသည်။ ဤ ရူပဗြဟ္မာဘုံများသည် နတ်ပြည်ထက် ကြီးကျယ်ခမ်းနားကြသည်။ ကာမ၌ တပ်မက်မှုဝေးသဖြင့် ယောက်ျား(ဖို)၊ မိန်းမ(မ) အင်္ဂါများမရှိပေ။ သို့သော် ပုံသဏ္ဌာန်မှာ ယောက်ျားပုံ ဖြစ်သည်။ ဗြဟ္မာများ နေထိုင်ပုံမှာ ယောဂီကြီးများ နေထိုင်ပုံကဲ့သို့ သန့်ရှင်းစင်ကြယ်လှသည်။ အချို့မှာ မေတ္တာကရုဏာမုဒိတာဥပေက္ခာ ဟူသော ဗြဟ္မဝိဟာရတရား ၄-ပါးကို ပွားများနေကြသည်။ အချို့ကား ဈာန်သမာပတ်ဝင်စားလျက် ချမ်းသာအေးမြစွာ နေထိုင်ကြသည်။

  1. ဗြဟ္မပါရိသဇ္ဇာ ဘုံ
  2. ဗြဟ္မပုရောဟိတာ ဘုံ
  3. မဟာဗြဟ္မာ ဘုံ
  4. ပရိတ္တာဘာ ဘုံ
  5. အပ္ပမာဏာဘာ ဘုံ
  6. အာဘဿရာ ဘုံ
  7. ပရိတ္တာသုဘာ ဘုံ
  8. အပ္ပမာဏသုဘာ ဘုံ
  9. သုဘကိဏှာ ဘုံ
  10. ဝေဟပ္ဖိုလ် ဘုံ
  11. အသညသတ် ဘုံ
  12. အဝိဟာ ဘုံ
  13. အတပ္ပါဘုံ
  14. သုဒဿာ ဘုံ
  15. သုဒဿီ ဘုံ
  16. အကနိဋ္ဌ ဘုံ

အရူပဗြဟ္မာ ဘုံ

(ရုပ်မရှိသော ဗြဟ္မာတို့၏ တည်ရှိရာ) ရူပဗြဟ္မာ ၁၆-ဘုံအထက်တွင် အရူပဗြဟ္မာ ၄-ဘုံ ရှိသည်။ ဘုံ(တည်ရာနေရာ) ဟု ရေးသားကြ ပြောဆိုကြသည် ဆိုသော်လည်း တကယ့်ဘုံဗိမာန်(တည်ရာ၊ နေထိုင်ရာအရပ်) ရှိသည်မဟုတ်။ အာကာသာနဉ္စာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက်ဖြစ်ပွားသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်အပြင်ကို

  1. အာကာသာနဉ္စာယတနဘုံ
  2. ဝိညာဏဉ္စာယတနဘုံ
  3. အာကိဉ္စညာယတနဘုံ
  4. နေဝသညာနာသညာယတနဘုံ ဟုခေါ်သည်။
Remove ads

ဈာန်ဘုံများ

ပထမဈာန်ဘုံ

အထက်ပါ ဗြဟ္မာပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ သုံးဘုံကို ပထမဈာန်ရဗြဟ္မာတို့ နေထိုင်ရာဘုံ ဖြစ်သောကြောင့် ပထမဈာန် ၃-ဘုံ ဟုခေါ်သည်။ အဆင့်ဆင့်မဟုတ်ဘဲ တစ်ပြင်တည်း တည်နေကြသော်လည်း အသက်အရှည်အတို၊ ဘုံနိဗ္ဗာန်တို့၏ ခမ်းနားကြီးကျယ်ပုံ၊ ဘုန်းတန်ခိုး စသည်တို့တွင် ၎င်းတို့အားထုတ်ခဲ့သော အဓိပတိအားလျော်စွာ ကွာခြားကြသည်။

ပရနိမ္မိတဝသဝတ္တီ နတ်ပြည်မှ အထက်သို့ ယူဇနာ ငါးသန်း, ငါးသိန်း, ရှစ်ထောင်မြင့်သော အရပ်၌ ဗြဟ္မပါရိသဇ္ဇာ, ဗြဟ္မပုရောဟိတာ နှင့် မဟာဗြဟ္မာ ဟုဆိုအပ်သော ပဌမဈာန် ၃ ဘုံ တစ်ပြင်တည်း တည်၏။ လူ့ပြည်မှ ပဌမဈာန် ၃ ဘုံတိုင်အောင် အမြင့်ယူဇနာပေါင်းကား ငါးသန်း, ခုနှစ်သိန်း, ခြောက်သောင်း ရှိ၏။ []

ဒုတိယဈာန်ဘုံ

ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ တို့ကို ဒုတိယဈာန် သုံးဘုံဟုခေါ်သည်။ ၎င်းသုံးဘုံသည်လည်း ကောင်းကင်တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။ ထိုဗြဟ္မာတို့တွင် အာဘဿရဗြဟ္မာတို့သည် ဗြဟ္မာမင်း(မဟာဗြဟ္မာ) ဖြစ်သည်။

ပဌမဈာန်ဘုံမှသည် ယူဇနာ ငါးသန်း, ငါးသိန်း, ရှစ်ထောင်မြင့်သောအရပ် တစ်ပြင်းတည်း၌ ဒုတိယဈာန် ၃ ဘုံ တည်၏။ []

တတိယဈာန်ဘုံ

ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ ဤ တတိယဈာန် သုံးဘုံသည် ဒုတိယဈာန် သုံးဘုံ၏အထက် ယူဇနာ ငါးသန်း, ငါးသိန်း, ရှစ်ထောင်မြင့်သော အထက်ကောင်းကင်ဝယ် တစ်ပြင်တည်း၌ပင် တည်ရှိကြသည်။[][]

စတုတ္ထဈာန်ဘုံ

တတိယဈာန်ဘုံမှ အထက်သို့ အထက်တွင်ဖော်ပြထားသော ယူဇနာအမြင့်ဖြင့် တစ်ပြင်တည်းသော အရပ်၌ ဝေဟပ္ဇိုလ်, အသညသတ် ဟုဆိုအပ်သော စုတုတ္ထဈာန် ၂ ဘုံ တည်၏။[]

သုဒ္ဓါဝါသ ၅ ဘုံ

အသညသတ်ဘုံမှ အထက်သို့ ၎င်းယူဇနာဖြင့် မြင့်သောအရပ်၌ အဝိဟာဘုံ တည်၏။ အဝိဟာမှအထက်သို့ ၎င်း ယူဇနာဖြင့် မြင့်သောအရပ်၌ အတပ္ပါဘုံ တည်၏။ အတပ္ပါဘုံမှ အထက်သို့ ၎င်းယူဇနာဖြင့် မြင့်သော အရပ်၌ သုဒဿာဘုံ တည်၏။ သုဒဿာဘုံမှ ၎င်းယူဇနာဖြင့် မြင့်သောအရပ်၌ သုဒဿီဘုံ တည်၏။ သုဒဿီမှ အထက်သို့ ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင်ဖြင့် မြင့်သောအရပ်၌ အကနိဋ္ဌဗြဟ္မာဘုံ တည်၏။ ဤဗြဟ္မာ့ပြည် ၁၆ ဘုံကား ရူပါဝစရ ဗြဟ္မာ့ပြည်တည်း။[]

အရူပ ၄ ဘုံ

အကနိဋ္ဌဘုံမှ ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင်ဖြင့် မြင့်သော အရပ်၌ အကာသာနဉ္စာယတန ဗြဟ္မာဘုံ တည်၏။ ထိုဘုံမှ အထက်သို့ ၎င်းယူဇနာဖြင့် မြင့်သောအရပ်၌ ဝိညာဏဉ္စာယတနဘုံ တည်၏။ ထိုဘုံမှ အထက်သို့ ၎င်းယူဇနာဖြင့် မြင့်သောအရပ်၌ အာကိဉ္စညာယတနဘုံ တည်၏။ ထိုဘုံမှ အထက်သို့ ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင်ဖြင့် မြင့်သော အရပ်၌ နေဝသညာ နာသညာယတန ဗြဟ္မာဘုံတည်၏။ ဤ ၄ ဆင့်သော ဗြဟ္မာကား အရူပဗြဟ္မာတည်း။



Remove ads

ကျမ်းကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads