၂၀၁၄ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

Remove ads

၂၀၁၄ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2014 Asian Para Games)သည် တောင်ကိုရီးယားနိုင်ငံအင်ချွန်းမြို့တွင် ၂၀၁၄ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့မှ ၂၄ရက်နေ့အထိ ကျင်းပခဲ့သော ဒုတိယအကြိမ် အာရှ မသန်စွမ်း အားကစားပြိုင်ပွဲဖြစ်သည်။

အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...

အဖွဲ့ဝင် ၄၁နိုင်ငံမှ အားကစားသမား ၄၅၀၀ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အားကစားနည်းပေါင်း ၂၃မျိုးမှ ပွဲစဉ်ပေါင်း ၄၄၃မျိုး ကျင်းပခဲ့သည်။ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် Chung Hong-wonမှ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယတို့ ရရှိခဲ့သည်။

Remove ads

လက်ခံကျင်းပခြင်း

အိမ်ရှင်ရွေးချယ်ခြင်း

နောက်ထပ် အချက်အလက်များ မြို့, အိုလံပစ်ကော်မတီ ...

ပြိုင်ပွဲ၏ အစဉ်အလာအရ အာရှအားကစားပြိုင်ပွဲကို ကျင်းပမည့် မြို့သည် မသန်စွမ်းအားကစားပြိုင်ပွဲကို ဆက်လက် ကျင်းပရသည်။

၂၀၁၄ အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်ပရန် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့နှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။နောက်ဆုံးတင်ပြမှုမတိုင်မီတွင် အင်ချွန်းမြို့သည် ပြိုင်ပွဲတွင် သုံးစွဲရန် အမေရိကန်ဒေါ်လာ သန်း၂၀ကို ထပ်မံ တိုးမြှင့်ခဲ့သည်။ထို့အပြင် ပြိုင်ပွဲဝင်များအတွက် လေယာဉ်လက်မှတ် အခမဲ့ ပေးအပ်မည်ဖြစ်သည်။အိန္ဒိယကမူ မူလအတိုင်းသာ တင်ပြခဲ့သည်။အဖွဲ့ဝင် ၄၅နိုင်ငံမှ လျှို့ဝှက်ဆန္ဒမဲပေးခဲ့ကြရာ နောက်တစ်ရက်တွင် အင်ချွန်းမှ အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။

အာရှမသန်စွမ်းအားကစားကော်မတီမှ အင်ချွန်းမြို့အား လက်ခံကျင်းပခွင့်ကို ၂၀၀၉ခုနှစ်တွင် ပေးအပ်ခဲ့သည်။၂၀၁၄ခုနှစ် ဇန်နဝါရီလတွင် လက်ခံကျင်းပခွင့် စာချုပ်ကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် လက်မှတ်ရေးထိုးခဲ့သည်။

အားကစားကွင်းများ

[]

အင်ချွန်းမြို့
  • မွန်းဟက်အားကစားကွင်း - ဖွင့်ပွဲ၊ ပိတ်ပွဲ
  • အင်ချွန်း အာရှပင်မအားကစားကွင်း - ​ပြေးခုန်ပစ်
  • Munhak Park Tae-hwan Aquatics Center - ​ရေကူး
  • Seonhak Hockey Stadium - ​ဘောလုံး (၅​ယောက်)
  • Songlim Gymnasium - ထိုင်လျက်​ဘော်လီ​ဘော
  • Seonhak International Ice Rink - Goalball
  • Yeorumul Tennis Courts - ဘီးတပ်ကုလားထိုင် တင်းနစ်
  • Gyeyang Asiad Archery Field - မြားပစ်
  • Gyeyang Gymnasium - ကြက်​တောင်ရိုက်
  • Namdong Gymnasium - Boccia
  • Ganghwa Dolmens Gymnasium - Wheelchair dance
  • Seonhak Gymnasium- ဘီးတပ်ကုလားထိုင် ရက်ဘီ
  • Ongnyeon International Shooting Range - ​သေနတ်ပစ်
  • Namdong Asiad Rugby Field - ​ဘောလုံး (၇​ယောက်)
  • Samsan World Gymnasium - ဘီးတပ်ကုလားထိုင် ဘက်စကတ်​ဘော
  • Incheon Grand Park Lawnbowl Venue - Lawn bowls
  • Incheon International Velodrome - စက်ဘီးစီး (track)
  • Songdo Road Cycling Course - စက်ဘီးစီး (road)
  • Dowon Gymnasium - ဂျူဒို
  • Songdo Global University Gymnasium - စားပွဲတင် တင်းနစ်
  • Wangsan Sailing Marina - ရွက်​လှေ
  • Songdo Global University Concert Hall - ဘီးတပ်ကုလားထိုင် ဓားသိုင်း
  • Moonlight Festival Garden Powerlifting Venue - Powerlifting
Gyeonggi Province
  • Anyang Hogye Gymnasium - ဘိုလင်း
  • Hanam Misari Rowing Center - ​လှေ​လှော်
Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၁၄ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ မီးတောက်ပုံများဖြစ်သည်။အပြာရောင်နှင့် အစိမ်းရောင်မှာ အားကစားသမားများ၏ ဆုံးဖြတ်ချက်ကို ကိုယ်စားပြုကာ ပန်းရောင်နှင့် လိမ္မော်ရောင်မှာ အာရှလူမျိုးများ၏ ယေဘူယျအားဖြင့် ဂရုစိုက်တတ်မှုကို ကိုယ်စားပြုသည်။အထိမ်းအမှတ်တံဆိပ်ရှိ အရောင်များသည် မသန်စွမ်းသူများအပါအဝင် အာရှတိုက်တွင် နေထိုင်သူများ၏ သဟဇာတဖြစ်မှုကို ဖော်ညွှန်းသည်။အထိမ်းအမှတ်တံဆိပ် တစ်ခုလုံးကို ခြုံငုံကြည့်လျှင် ပြိုင်ပွဲဝင်အားကစားသမားများ၏ ထက်သက်သော စိတ်ကို ကိုယ်စားပြုသကဲ့သို့ အာရှလူမျိုးများ၏ ညီညွတ်မှုကိုလည်း ပြသသည်။

လာဘ်ကောင်

၂၀၁၄ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ Dnopiနှင့် Jeonopi အမည်ရသော အ​ရှေ့အာရှတွင် ​တွေ့ရတတ်သည့် black-faced spoonbill ငှက်နှစ်ကောင်ဖြစ်သည်။ပြိုင်ပွဲစီစဉ်သူများ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကတိကဝတ်များကို မီးမောင်းထိုးပြရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။Jeonopiသည် အာရှတိုက်သားများ၏ ရင်းနှီးမှုအပြင် အိမ်ရှင် အင်ချွန်းမြို့၏ သဘာဝပတ်ဝန်းကျင်ကို ကိုယ်စားပြုသည်။Dnopi သည် ပြိုင်ပွဲဝင် အားကစားသမားများ၏ သတ္တိနှင့် မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။

Remove ads

ပွဲများနှင့် အားကစား

ဖွင့်ပွဲအခမ်းအနား

၂၀၁၄ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ခုနှစ် အောက်တိုဘာ ၁၈ရက်နေ့တွင် မွန်းဟက် အားကစားကွင်း၌ ကျင်းပခဲ့သည်။ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် Chung Hung Wonက ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ပိတ်ပွဲအခမ်းအနား

၂၀၁၄ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ခုနှစ် အောက်တိုဘာ ၂၄ရက်နေ့တွင် မွန်းဟက် အားကစားကွင်း၌ ကျင်းပခဲ့သည်။အာရှမသန်စွမ်းအားကစားကော်မတီ ဥက္ကဋ္ဌ Dato' Zainal Abu Zariက ပြိုင်ပွဲကို ပိတ်သိမ်းပေးခဲ့သည်။

ပါဝင်သည့်နိုင်ငံများ

နောက်ထပ် အချက်အလက်များ NPCs, နိုင်ငံ ...

အားကစားနည်းများ

နောက်ထပ် အချက်အလက်များ အားကစားနည်းများ ...

ဆုတံဆိပ်ဇယား

၂၀၁၄ အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၄၄၃ခု၊ ငွေတံဆိပ် ၄၃၃ခု၊ ကြေးတံဆိပ် ၄၆၉ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၃၄၅ခုတို့ကို ချီးမြှင့်နိုင်ခဲ့သည်။

Key

  *   အိမ်ရှင်နိုင်ငံ

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads