၂၀၁၀ အာရှ အားကစားပြိုင်ပွဲ
၁၆ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ From Wikipedia, the free encyclopedia
Remove ads
၂၀၁၀ အာရှ အားကစားပြိုင်ပွဲ(တရုတ်: 第十六届亚洲运动会; ပင်ယင်: Dì Shíliù Jiè Yàzhōu Yùndònghuì) သည် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် ၂၀၁၀ခုနှစ် နိုဝင်ဘာလ ၁၂ရက်မှ ၂၇ရက်နေ့အထိ ကျင်းပသော ၁၆ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲဖြစ်သည်။နိုဝင်ဘာ ၇ရက်နေ့ကပင် အားကစားပြိုင်ပွဲအချို့ကို ကျင်းပခဲ့သည်။
တရုတ်နိုင်ငံသည် ၁၉၉၀ ပေကျင်းပွဲတော်ကို ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက်ဖြစ်သည်။ကွမ်ကျိုးမြို့သည်လည်း ပေကျင်းမြို့ပြီးနောက် အာရှ အားကစားပွဲတော်ကို လက်ခံကျင်းပသည့် တရုတ်နိုင်ငံ၏ဒုတိယမြောက်မြို့ဖြစ်လာသည်။အဖွဲ့ဝင် နိုင်ငံအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၉၇၀၄ဦးရှိပြီး အားကစားနည်းပေါင်း ၄၂မျိုးမှ အားကစားပြိုင်ပွဲ ၄၇၆ပွဲ ကျင်းပခဲ့သည်။
အားကစားပွဲများကို ကွမ်ကျိုးမြို့၏ အနီးရှိ en:Dongguanဒွန်ဂွမ်, en:Foshanဖိုရှမ် and ရှမ်ဝေ မြို့၃မြို့တွင်လည်း ကျင်းပခဲ့သည်။ဝန်ကြီးချုပ် ဝမ်ကြားပေါင်မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နေရာ ၅၃နေရာတွင် ကျင်းပခဲ့သည်။ အထိမ်းအမှတ်တံဆိပ်မှာ ကွမ်ကျိုးမြို့၏ ဒဏ္ဍာရီကို အခြေခံထားသည်။Yuexiuတောင်ပေါ်ရှိ ဆိတ်ငါးကောင် ကျောက်ရုပ်တု ကို ပုံဖော်ထားခြင်းမှာ အိမ်ရှင်မြို့၏ ကိုယ်စားပြုပုံဖြစ်သည်။[၁]
ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများကို ပုလဲမြစ်ကမ်းတစ်လျှောက်တွင် ပြုလုပ်ခဲ့ပြီး အာရှ အားကစားပြိုင်ပွဲ၏ သမိုင်းတွင် ဖွင့်ပွဲအခမ်းအနားကို အားကစားကွင်းအတွင်း မကျင်းပသည့် ပထမဆုံး ပြိုင်ပွဲ ဖြစ်လာသည်။ တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့်ဂျပန်နိုင်ငံတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့သည်။တရုတ်နိုင်ငံ အနေဖြင့် ရွှေတံဆိပ် ၁၉၉ခု ရရှိကာ စံချိန်သစ်တင်နိုင်ခဲ့သည်။[၂] ကမ္ဘာ့စံချိန်၃ခု အာရှစံချိန် ၁၀၃ခုကို ချိုးနိုင်ခဲ့သည့် အားကစားပွဲ ဖြစ်သည်။[၃]ကြက်တောင်ရိုက် အားကစားနည်းမှ ရွှေတံဆိပ်ဆုရှင် လင်ဒန်းသည် အကောင်းဆုံးကစားသမား (MVP)အဖြစ် ကြေညာခံခဲ့ရသည်။[၄] အာရှ အိုလံပစ်ကောင်စီ ဥက္ကဋ္ဌမှ ၂၀၁၀ ကွမ်ကျိုးပွဲတော်ကို အကောင်းဆုံး အားကစားပွဲအဖြစ် မှတ်ချက်ချခဲ့သည်။ [၅]
Remove ads
လက်ခံကျင်းပခြင်း
အိမ်ရှင်အဖြစ် ယှဉ်ပြိုင်ခြင်း
အာရှ အိုလံပစ်ကောင်စီမှ ၂၀၀၆ ဒိုဟာပွဲတော်အတွင်းက ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပသော ၂၃ ကြိမ်မြောက် အထွေထွေညီလာခံတွင် ကွမ်ကျိုးမြို့အား ရွေးချယ်ခဲ့သည်။[၆]အာရှ အိုလံပစ်ကောင်စီမှ တရားဝင် မရွေးချယ်မီတွင် တောင်ကိုရီးယားနိုင်ငံမှ ဆိုးလ်မြို့နှင့် ဂျော်ဒန်နိုင်ငံမှ အာမာန်မြို့တို့သည် နုတ်ထွက်သွား၍ တရုတ်နိုင်ငံမှ ကွမ်ကျိုးမြို့နှင့် မလေးရှားနိုင်ငံမှ ကွာလာလမ်ပူမြို့တို့သာ ကျန်ရှိတော့သည်။တောင်ကိုရီးယားအနေဖြင့် ၂၀၀၂ ဘူဆန်ပွဲတော်ကို လက်ခံကျင်းပပြီးဖြစ်၍ ၂၀၁၀ပွဲတော်ကို ကျင်းပရန် အချိန်မှာ အင်မတန်တိုတောင်းလှသည်။ [၇]အကဲဖြတ်ကော်မတီ၏ ခေါင်းဆောင်ဖြစ်သူ အာရှအိုလံပစ်ကောင်စီ၏ ဒုဥက္ကဋ္ဌမှ နောက်ဆုံး၂မြို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။မလေးရှား အစိုးရအနေဖြင့် ၂၀၀၄ခုနစ် ဧပြီ ၁၅ရက်နေ့တွင် ကြေညာခဲ့သည့် ကြေညာချက်အရ စရိတ်စက ကြီးမား၍ မလေးရှား အိုလံပစ်ကောင်စီကို ထောက်ပံ့ရန် ခက်ခဲကြောင်း ဆိုခဲ့၍ ကွာလာလမ်ပူမှာ နုတ်ထွက်ရန် နီးစပ်ခဲ့သည်။ [၈]
ကြိုတင်ပြင်ဆင်မှုများ
အားကစားကွင်းများ
၂၀၁၀ အာရှ အားကစားပြိုင်ပွဲကို ပြိုင်ပွဲကျင်းပရာ ၅၃နေရာနှင့် လေ့ကျင့်ရန် ၁၇နေရာတွင် ကျင်းပခဲ့သည်။နေရာ ၄နေရာမှာ ကွမ်ကျိုးမြို့ပြင်ပတွင်ရှိသည်။နေရာ ၄၂နေရာမှာ ယခင်ကပင် တည်ရှိခဲ့ပြီး ပြိုင်ပွဲကျင်းပရန် ၁၁နေရာနှင့် လေ့ကျင့်ရန် ၁နေရာကို ပွဲအတွက် တည်ဆောက်ခဲ့သည်။အခြားနေရာများကို ပြန်လည် မွန်းမံခဲ့သည်။အာရှ အားကစားပြိုင်ပွဲမြို့တွင် အားကစားရွာ၊ နည်းပညာ အတတ်ပညာရှင်များရွာ၊ မီဒီယာရွာ၊ ပင်မမီဒီယာစင်တာနှင့် နိုင်ငံတကာ ရုပ်သံလွှင့် စင်တာတို့ပါရှိသည်။ [၉]
၂၀၀၉ခုနှစ် ဧပြီ ၁၉ရက်နေ့တွင် စီစဉ်သူများက ပုလဲမြစ်တစ်လျှောက် ဟန်ဆယ်ရှာကျွန်းကို ဖွင့်ပွဲ၊ ပိတ်ပွဲအတွက် ရွေးချယ်ခဲ့သည်။[၁၀]
ဘဏ္ဍာရေး
၂၀၀၅ခုနှစ် မတ်လ ၁၁ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၊ ကွမ်ကျိုးစည်ပင်သာယာကော်မတီ၏ ပါတီအတွင်းရေးမှူး လင်ရှုရှန်က ¥၂ ဘီလီယံထက် ပိုမိုသုံးစွဲမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ billion",[၁၁]
၂၀၀၉ခုနှစ် မတ်လတွင် ပြိုင်ပွဲဈေးကွက်ဌာန၏ ညွှန်ကြားရေးမှူးက ထောက်ပံ့သူမရှိခြင်း၊ကမ္ဘာ့စီးပွားရေးပြဿနာကြောင့် ပြိုင်ပွဲ၏ ဘဏ္ဍာ နည်းနိုင်ကြောင်းပြောခဲ့သည်။[၁၂]
ပို့ဆောင်ဆက်သွယ်ရေး

ကွမ်ကျိုး အများပြည်သူသယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦးများ တိုးချဲ့ ဆောက်လုပ်ရေးမှာ ပြိုင်ပွဲ လက်ခံကျင်းပရေး၏ ထင်ရှားသော အပိုင်းလည်းဖြစ်သည်ခရီးသည်များစွာ ဝင်ရောက်ကြမည့်အတွက် ကွမ်ကျီုးဘီယန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင့်တင်ခဲ့သည်။[၁၃]
၂၀၀၉ခုနှစ် ဒီဇင်ဘာ ၂၆ရက်နေ့တွင် ဝူဟန်-ကွမ်ကျိုး အမြန်ရထားလမ်းကို ဖွင့်လှစ်ခဲ့သည်။ ယာဉ်ကြောပိတ်ခြင်းနှင့် လေထုညစ်ညမ်းခြင်းကို လျှော့ချရန် ယာဉ်စီးရေ ၄၀%ကို လျှော့ချပြီး ဘတ်စ်ကား အစီး၁၀၀၀ ချပေးခဲ့သည်။
Remove ads
ပြိုင်ပွဲ အထိမ်းအမှတ်များ
အထိမ်းအမှတ်တံဆိပ်
၂၀၁၀ အာရှ အားကစားပြိုင်ပွဲ၏ တရားဝင် အထိမ်းအမှတ်တံဆိပ်ကို ၂၀၀၆ခုနှစ် နိုဝင်ဘာ ၂၆ရက်နေ့တွင် ဆန်းရတ်ဆန် အထိမ်းအမှတ် ခန်းမ၌ ပြသခဲ့သည်။အထိမ်းအမှတ်တံဆိပ်မှာ ကွမ်ကျိုးမြို့၏ ဒဏ္ဍာရီကို အခြေခံထားသည်။Yuexiuတောင်ပေါ်ရှိ ဆိတ်ငါးကောင် ကျောက်ရုပ်တု ကို ပုံဖော်ထားခြင်းမှာ အိမ်ရှင်မြို့၏ ကိုယ်စားပြုပုံဖြစ်သည်။ကွမ်ကျိုးမြို့ကို ဆိတ်မြို့ဟု သိကြသည်။ [၁၄]လိမ္မော်ရောင်နှင့် အဝါရောင်မှာ အိုလံပစ် မီးတောက်ကိုလည်း ပုံဖော်သည်။
လာဘ်ကောင်
လာဘ်ကောင်မှာ အားကစားရေးရာ သိုးထီး၅ကောင်ဖြစ်သည်။၂၀၀၈ခုနှစ် ဧပြီ ၂၈ရက်နေ့တွင် ပြသခဲ့သည်။သိုးထီး၅ကောင်တွင် ၄ကောင်မှာ အသေးဖြစ်ကာ တစ်ကောင်မှာ အကြီးဖြစ်သည်။ အမည်များမှာ A Xiang (祥) ၊ A He (和) ၊ A Ru (如) ၊ A Yi (意) နှင့် Le Yangyang (樂洋洋) တို့ဖြစ်သည်။လာဘ်ကောင်များ၏ တရုတ်အမည်ကို ပေါင်းဖတ်လျှင် ကောင်းခြင်းမင်္ဂလာ ဟု ဆိုနိုင်ပြီး တိုက်ရိုက်ဘာသာပြန်လျှင် သဟဇာတဖြစ်ခြင်း၊ ကောင်းခြင်း မင်္ဂလာနှင့် ပြည့်စုံခြင်း၊ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း (祥和如意樂洋洋) တို့ဖြစ်သည်။[၁၅]
သီချင်း
တရားဝင် သီချင်းကို ၂၀၁၀ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ပြန်လည် ပေါင်းစည်းခြင်း (Reunion) (Chongfeng [重逢]) အမည်ဖြစ်သည်။
မီးထွန်းညှိတိုင် လက်ဆင့်ကမ်း သယ်ဆောင်ခြင်း

မီးထွန်းညှိတိုင် လက်ဆင့်ကမ်းသယ်ဆောင်မည့် လမ်းကြောင်းအား ၂၀၁၀ မတ်လ ၄ရက်တွင် ပြသခဲ့သည်။ဘဏ္ဍာရေး အခက်အခဲများကြောင့် ကွမ်ဒေါင်းပြည်နယ်၏ မြို့ ၂၁မြို့ကိုသာ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့သည်။[၁၆]မီးထွန်းညှိတိုင်ကို ၂၀၁၀ အောက်တိုဘာ ၉ရက်နေ့တွင် မဟာတံတိုင်း၌ မီးထွန်းညှိခဲ့သည်။ မူလက ၂၁မြို့သာ ဖြတ်သန်းရန် ရည်ရွယ်သော်လည်း နောက်ပိုင်းတွင် မြို့၂မြို့ ထပ်မံ ဖြည့်စွက်ခဲ့သည်။
Remove ads
ပွဲများနှင့် အားကစား

ဖွင့်ပွဲ အခမ်းအနား
၂၀၁၀ အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၀ နိုဝင်ဘာ ၁၂ရက်နေ့ ည၈နာရီတွင် ကျင်းပခဲ့သည်။အားကစားပြိုင်ပွဲ သမိုင်းတွင် အခမ်းအနားကို အားကစားကွင်းတွင် ပထမဆုံးအကြိမ် မကျင်းပခြင်းဖြစ်သည်။[၁၇] အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ဝန်ကြီးချုပ် ဝမ်ကြားပေါင်၊ ပါကစ္စတန် အစ္စလာမ်သမ္မတနိုင်ငံ နိုင်ငံတော် သမ္မတ အစိဖ် အလီ ဇာဒါရီ၊ ထိုင်းဘုရင့်နိုင်ငံ ဝန်ကြီးချုပ် အဘီစစ် ဝိဇ္ဇာဇီဝ၊ ဟောင်ကောင် အစိုးရ အကြီးအကဲ ဟင်နရီတန်း၊ အာရှ အိုလံပစ်ကောင်စီ ဥက္ကဋ္ဌ အာမတ် အယ်ဖယ်ဒီအယ် စဘတ်နှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ဂျက် ရော်ဂယ် တို့တက်ရောက်ခဲ့သည်။အခမ်းအနားသည် ၃နာရီ ကြာမြင့်ခဲ့ပြီး ဖွင့်ပွဲ၊ ပိတ်ပွဲ ၂ခုပေါင်း ¥380 မီလီယံ (US$၅၆.၂၁ million)ကုန်ကျခဲ့သည်။
အားကစားသမားများသည် ပုလဲမြစ်ကမ်း အတွင်း လှေများဖြင့် ချီတက်လာကြသည်။ထို့နောက် ပင်မမီးရှူးတိုင်ကို မီးထွန်းညှိကြသည်။အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌမှ အင်မတန် ခမ်းနားသော ပွဲအဖြစ် မှတ်ချက်ချခဲ့သည်။
ပိတ်ပွဲ အခမ်းအနား
၂၀၁၀ အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲ အခမ်းအနားကို ၂၀၁၀ခုနှစ် နိုဝင်ဘာ ၂၇ရက်နေ့ ည၈နာရီ၆မိနစ်တွင် ကျင်းပခဲ့သည်။ပရိသတ် ၃၅၀၀၀တက်ရောက်ခဲ့သည်။[၁၈]
အခမ်းအနားတွင် ၂၀၁၄ အင်ချွန်းပွဲတော်ကို လက်ခံကျင်းပမည့် တောင်ကိုရီးယားနိုင်ငံ၏ တင်ဆက်မှုအဖြစ် သရုပ်ဆောင်ရိန်း၏ ၈မိနစ်စာ ဖျော်ဖြေတင်ဆက်မှုလည်း ပါဝင်ခဲ့သည်။[၁၉] အင်ချွန်းမြို့တော်ဝန် ဆောင်ယောင်ဂီမှ အာရှ အားကစားပြိုင်ပွဲ အလံကို လွှဲပြောင်း ရယူခဲ့သည်။ [၂၀]
ပါဝင်သော နိုင်ငံများ

အဖွဲ့ဝင်နိုင်ငံ ၄၅နိုင်ငံလုံး ပါဝင်ခဲ့ကြသည်။အမျိုးသား အိုလံပစ်ကော်မတီ အားလုံးသည် ၂၀၁၀ စက်တင်ဘာ ၃၀ရက်နေ့နောက်ဆုံးထားကာ ပြိုင်ပွဲဝင်စာရင်း တင်သွင်းရသည်။နောက်ဆုံးစာရင်းအရ ပြိုင်ပွဲတွင် အားကစားသမားပေါင်း ၉၇၀၄ယောက်၊ စီမံအုပ်ချုပ်သူ ၄၇၅၀ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။[၂၁] ပြိုင်ပွဲ၏ တရားဝင် ဝက်ဆိုဒ်အရ ကူဝိတ်နိုင်ငံသည် နိုင်ငံရေးပြဿနာများကြောင့် အိုလံပစ်အလံဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အာဖဂန်နစ္စတန်(၆၆)
ဘာရိန်း(၈၂)
ဘင်္ဂလားဒေ့ရှ်(၁၅၀)
ဘူတန်(၁၁)
ဘရူနိုင်း(၉)
ကမ္ဘောဒီးယား(၂၂)
တရုတ်(၉၆၀)
ဟောင်ကောင်(၄၀၁)
အိန္ဒိယ(၆၂၆)
အိန္ဒိယ(၂၁၆)
အီရန်(၃၆၂)
အီရတ်(၄၂)
ဂျပန်(၇၂၆)
ဂျော်ဒန်(၈၆)
ကာဇက်စတန်(၃၆၅)
မြောက်ကိုရီးယား(၁၈၈)
တောင်ကိုရီးယား(၇၈၈)
- ကူဝိတ်(၁၈၄)
ကာဂျစ္စတန်(၁၃၅)
လာအို(၅၃)
လက်ဘနွန်(၄၉)
မကာအို(၁၆၈)
မလေးရှား(၃၂၅)
မော်လဒိုက်(၈၂)
မွန်ဂိုးလီးယား(၂၁၉)
မြန်မာ(၆၉)
နီပေါ(၁၄၀)
အိုမန်(၅၂)
ပါကစ္စတန်(၁၆၉)
ပါလက်စတိုင်း(၄၁)
ဖိလစ်ပိုင်(၁၈၈)
ကာတာ(၂၅၀)
ဆော်ဒီအာရေးဘီးယား(၁၆၄)
စင်ကာပူ(၂၄၀)
သီရိလင်္ကာ(၁၀၄)
ဆီးရီးယား(၄၄)
တရုတ် တိုင်ပေ(၃၉၉)
တာဂျစ်ကစ္စတန်(၆၇)
ထိုင်း(၅၉၃)
အရှေ့တီမော(၂၃)
တာ့ခ်မင်နစ္စတန်(၁၁၁)
အာရပ်စော်ဘွားများပြည်ထောင်စု(၈၄)
ဥဇဘက်ကစ္စတန်(၂၂၀)
ဗီယက်နမ်(၂၆၀)
ယီမင်(၃၂)
ပါဝင်သော အားကစားနည်းများ
အားကစားနည်းပေါင်း ၄၂မျိုးတွင် ပြိုင်ပွဲပေါင်း ၄၇၆ပွဲ ကျင်းပခဲ့သည်။
- ရေပိုင်းဆိုင်ရာအားကစားနည်းများ
မြားပစ်
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဗေ့စဘော
ဘတ်စကက်ဘော
- Board Games
ဘိုလင်း
လက်ဝှေ့
ကနူးလှေ
- Slalom
- Sprint
ခရစ်ကတ်
Cue Sports
စက်ဘီးစီး
- BMX
- Mountain bike
- Road
- Track
Dancesport
- နဂါးလှေ
မြင်းစီး
- Dressage
- Eventing
- Jumping
ဓားသိုင်းအတတ်
ဟော်ကီ
ဘောလုံး
ဂေါက်သီးရိုက်
- Gymnastic
- Artistic
- Rhythmic
- Trampoline
- Handball
ဂျူဒို
- Kabaddi
ကရာတေး
ခေတ်သစ် အားကစားနည်း၅မျိုးလက်ဆင့်ကမ်း
- Roller Sports
- Artistic
- Speed
လှေလှော်
၇ယောက် ရက်ဘီ
ရွက်လှေ
ပိုက်ကျော်ခြင်း
သေနတ်ပစ်
Soft tennis
- Softball
Squash
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို
တင်းနစ်
အားကစားနည်း၃မျိုး လက်ဆင့်ကမ်း
ဘော်လီဘော
- ကမ်းခြေ
- ရုံတွင်း
အလေးမ
နပန်း
ဝူရှူး
ဆုတံဆိပ်ဇယား
* အိမ်ရှင်
Remove ads
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads