၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သော ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ၂၀၂၂ခုနှစ် မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပခဲ့ကာ အားကစားနည်းပေါင်း (၄၀) ပါဝင်သည်။ ၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ကဲ့သို့ပင် ၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ၂၀၂၂ခုနှစ်တွင် ပြောင်း၍ ကျင်းပသော်လည်း ၂၀၂၁ ခေါင်းစဉ်အောက်မှပင် ကျင်းပခဲ့သည်။
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း (၅,၄၆၇) ခန့်က အားကစားနည်း (၄၀)မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို မိုင်ဒင်း အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားတို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
မူလက ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၂၁)ရက်နေ့မှ ဒီဇင်ဘာ (၂)ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားခဲ့သည်။၂၀၂၁ခုနှစ် ဇွန်လ ၉ရက်နေ့တွင် ကျင်းပသော အစည်းအဝေး၌ အိမ်ရှင်ဗီယက်နမ်က ပြိုင်ပွဲကို ၂၀၂၂ခုနှစ် ဇွန်လ[၂]သို့ ပြောင်းရွှေ့ရန် အဆိုတင်သွင်းခဲ့သည်။ အကြောင်းပြချက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှူပြန်လည်မြင့်တက်လာ၍ဟု ဆိုသည်။ သို့ရာတွင်ဆီးဂိမ်းဖက်ဒရေးရှင်းအဖွဲ့ဝင် ၁၁နိုင်ငံမှ ၈နိုင်ငံကမူ ယင်းအဆိုကို ကန့်ကွက်ခဲ့သည်။[၃]သို့သော် ပြိုင်ပွဲကျင်းပမည့်ရက်ကို ၂၀၂၂ခုနှစ် ဇူလိုင်လသို့ ရွှေ့ဆိုင်းခဲ့ပြီး နောက်ပိုင်းတွင် မေလ၌ကျင်းပရန် အတည်ပြုခဲ့သည်။[၄]
Remove ads
လက်ခံကျင်းပခြင်း
မြို့များရွေးချယ်ခြင်း
ဟနွိုင်းနှင့် ဟိုချီမင်းမြို့တို့ကို လက်ရှိတွင် ရွေးချယ်ထားသည်။ အစပိုင်းတွင် ဟိုချီမင်းကို ရွေးရန် အားသာနေသော်လည်း နောက်ပိုင်းတွင် ဟနွိုင်းရှိ အားကစားရုံများကြောင့် ၎င်းကိုရွေးရန် အားသာခဲ့သည်။၂၀၁၈ခုနှစ် ဇူလိုင် ၉ရက်နေ့တွင် ဗီယက်နမ်အစိုးရက ဟနွိုင်းမြို့ကို ၂၀၂၁ဆီးဂိမ်းနှင့် ၁၁ကြိမ်မြောက်အာဆီယံပါရာဂိမ်းအတွက် အိမ်ရှင်မြို့အဖြစ် ရွေးချယ်ခဲ့သည်။
ဟနွိုင်း
ဟနွိုင်းမြို့မှ အားကစား၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြချက်အရ အမေရိကန်ဒေါ်လာ ၇၇ သန်းသုံးရန် စီစဉ်ထားသည်။ ၄.၃ သန်းကို စပွန်ဆာများမှ ပြန်လည်ရရန် မျှော်လင့်ထားသည်။
ဟိုချီမင်း
၂၀၁၇ ဒီဇင်ဘာတွင် ဟိုချီမင်းမြို့တော် စည်ပင်အဖွဲ့မှ ၎င်းတို့၏ အိမ်ရှင်အဆိုပြုလွှာကို တင်သွင်းခဲ့သည်။ အမေရိကန်ဒေါ်လာ သန်း ၃၃၀ အနက်မှ ၂၉၀ ကို ကွင်းများအဆင့်မြှင့်တင်ရန်နှင့် ကျန် ၄၀ ကို စီစဉ်ဆောင်ရွက်ရန် အသုံးပြုမည် ဖြစ်သည်။
ကြိုတင်ပြင်ဆင်မှုများ
ဗီယက်နမ်နိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီ (SEAGOC)ကို ၂၀၂၀ပြည့်နှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။COVID 19ရောဂါကြောင့် ပြိုင်ပွဲအတွက် ခွင့်ပြုထားသည့် ဘဏ္ဍငွေအချို့ ဖြတ်တောက်ခံခဲ့ရသည်။ ပြိုင်ပွဲအတွက် အမေရိကန်ဒေါ်လာ ၆၉.၃သန်း သုံးစွဲရန် လျာထားပြီး ၄၂.၃သန်းကို ပြိုင်ပွဲကျင်းပရေးအတွက်သုံးရန်ဖြစ်ပြီး ၂၅.၉သန်းကို အားကစားကွင်းများပြုပြင်ရန် သုံးမည်ဖြစ်သည်။ ပြိုင်ပွဲအတွက် အားကစားကွင်းများစွာ ထပ်မံတည်ဆောက်မည်မဟုတ်ဘဲ ရှိရင်းစွဲများကိုသာ ပြန်လည်ပြုပြင်မည်ဖြစ်သည်။
ပြိုင်ပွဲရွှေ့ဆိုင်းခြင်း
၂၀၂၀ပြည့်နှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာအနှံ့ အားကစားပြိုင်ပွဲများ ဖျက်သိမ်းခဲ့ရသည်။၂၀၁၉ နယူးကလပ်ပွဲတော်အပြီး ကျင်းပမည့် ၂၀၂၀အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကိုလည်း ဖျက်သိမ်းခဲ့ကြသည်။ ဗီယက်နမ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ၂၀၂၁ဟနွိုင်းပွဲတော်ကျင်းပရန် ၆လခန့်အလိုတွင် ပြန်လည်မြင့်တက်လာခဲ့သဖြင့် ၂၀၂၁ခုနှစ် ဇွန်လဆန်းကကျင်းပသော အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံ အိုလံပစ်ကော်မတီက အားကစားပွဲရွှေ့ဆိုင်းရေးအဆိုကို တင်သွင်းခဲ့သည်။မြန်မာနှင့် အိမ်ရှင်ဗီယက်နမ်တို့က ၎င်းအဆိုကို ထောက်ခံကြပြီး လာအိုနိုင်ငံက ကြားနေကာ ဘရူနိုင်း၊ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် အရှေ့တီမော နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသည်။[၃]ဗီယက်နမ်နိုင်ငံသည် ၂၀၂၁ခုနှစ် ဇွန်လ ၁၀ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၉၇၀၀ကျော်ရှိကာ ကုသနေဆဲလူနာ ၅၀၀၀ကျော်ရှိနေသည်။ အခြားကန့်ကွက်သည့် မြန်မာနိုင်ငံကမူ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးအခြေအနေရှုပ်ထွေးနေသည့် နိုင်ငံဖြစ်သည်။၂၀၂၁ခုနှစ် ဇွန်လအကုန်ပိုင်းတွင် ဗီယက်နမ်အိုလံပစ်ကော်မတီက အခြားအိုလံပစ်ကော်မတီ (၁၀)ခုသို့ အားကစားပွဲကို ရွှေ့ဆိုင်းကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။[၄]
Remove ads
အထိမ်းအမှတ်များ
အထိမ်းအမှတ်တံဆိပ်
၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ချိုးငှက်နှင့် လူ၏လက်ကို အင်္ဂလိပ်အက္ခရာ ဗွီ (V) ပုံစံပုံဖော်ထားပြီး အောင်မြင်ခြင်း (Victory)နှင့် ဗီယက်နမ် (Vietnam)ကို ကိုယ်စားပြုသည်။ ကွင်း၁၁ကွင်းမှာ SEAGFနိုင်ငံ ၁၁နိုင်ငံကို ကိုယ်စားပြုသည်။
လာဘ်ကောင်
၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ Saolaခေါ် ရှားပါးနို့တိုက်သတ္တဝါဖြစ်သည်။၎င်းကို ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် တွေ့ရသည်။ဤလာဘ်ကောင်ပုံမှာ အခြားသော လာဘ်ကောင်ပုံစံ (၅၅၇) ခုကို အနိုင်ရရှိခဲ့ပြီး တရားဝင်အထိမ်းအမှတ်လာဘ်ကောင်ဖြစ်လာခဲ့သည်။
ဆောင်ပုဒ်
၂၀၂၁ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆောင်ပုဒ်မှာ For a Stronger South East Asia ဖြစ်သည်။ဤဆောင်ပုဒ်မှာ ၂၀၂၀ပြည့်နှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်နိုင်ငံ၏ မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။ ဒေသတွင်း၏ ပိုမိုအားကောင်းစွာ တိုးတက်လာမှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကို အောင်နိုင်စွာ တိုက်ထုတ်နိုင်ခြင်းကို ညွှန်းဆိုသည်။
Remove ads
ပွဲများနှင့်အားကစား
ပါဝင်သည့်နိုင်ငံများ
အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ဘရူနိုင်း (၂၄)
ကမ္ဘောဒီးယား (၅၅၀)
အင်ဒိုနီးရှား (၆၅၀)
လာအို (၃၆၃)
မလေးရှား (၆၁၂)
မြန်မာ (၃၅၂)
ဖိလစ်ပိုင် (၆၅၆)
စင်ကာပူ (၄၂၇)
ထိုင်း (၈၈၈)
အရှေ့တီမော (၆၉)
ဗီယက်နမ် (၉၆၅) (အိမ်ရှင်)
အားကစားနည်း
အိုလံပစ်အားကစားနည်းများ အများစုပါဝင်မည့် အားကစားနည်းပေါင်း ၄၀ မျိုး ပါဝင်မည်ဖြစ်သည်။[၅][၆][၇]
- ရေပိုင်းဆိုင်ရာအားကစားနည်းများ
မြားပစ်
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
- ဘတ်စကက်ဘော
ဘတ်စကက်ဘော ၅×၅
ဘတ်စကက်ဘော ၃×၃
ဘီလိယက်နှင့် စနူကာ
ကိုယ်ကာယအလှပြ
ဘိုလင်း
လက်ဝှေ့
ကနူးလှေ
စစ်တုရင်
- စက်ဘီးစီး
Mountain Bike
Road
Dancesport
အီလက်ထရောနစ်အားကစား
ဓားသိုင်း
- ဘောလုံး
ကမ်းခြေဘောလုံး
ဘောလုံး
ဖူဆယ်
ဂေါက်သီးရိုက်
- ကျွမ်းဘား
Artistic
Rhythmic
Aerobic
Handball
ဂျူဒို
ဂျူဂျစ်ဆု
ကရာတေး
Kickboxing
ကူရတ်ရှ်
မွေထိုင်း
ပန်ကြပ်ဆီလပ်
ပီတန်း
လှေလှော်
ပိုက်ကျော်ခြင်း
သေနတ်ပစ်
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို
တင်းနစ်
၃မျိုးဆင့် အားကစား
- ဘော်လီဘော
ကမ်းခြေ
ရုံတွင်း
ဗိုဗီနမ်
အလေးမ
နပန်း
ဝူရှုး
ဆုတံဆိပ်ဇယား
- Key
* အိမ်ရှင်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads