၂၀၂၂ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၂၂ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2022 Asian Para Games)သည် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ၂၀၂၃ခုနှစ် အောက်တိုဘာလ ၈ရက်နေ့မှ ၁၄ရက်နေ့အထိ ကျင်းပမည့် စတုတ္ထအကြိမ် အာရှ မသန်စွမ်း အားကစားပြိုင်ပွဲဖြစ်သည်။တရုတ်နိုင်ငံသည် ၂၀၁၀ပွဲတော်ကို လက်ခံကျင်းပခဲ့ပြီး ၂၀၂၃ခုနှစ်တွင် ဒုတိယအကြိမ် လက်ခံကျင်းပမည်ဖြစ်သည်။
Remove ads
လက်ခံကျင်းပခြင်း
အိမ်ရှင်ရွေးချယ်ခြင်း
ပြိုင်ပွဲ၏ အစဉ်အလာအရ အာရှအားကစားပြိုင်ပွဲကို ကျင်းပမည့် မြို့သည် မသန်စွမ်းအားကစားပြိုင်ပွဲကို ဆက်လက် ကျင်းပရသည်။
တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့သည် ၂၀၂၂ အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပခွင့် ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ထိုင်းနိုင်ငံအနေဖြင့် အိမ်ရှင်ဖြစ်ခွင့် ယှဉ်ပြိုင်ရန် ရှိသော်လည်း အစိုးရထံမှ အကြောင်းပြန်မှု နှောင့်နှေးသဖြင့် နောက်ဆုံးရက်ကို ကျော်လွန်သွားခဲ့သည်။ထိုင်းနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီအနေဖြင့် နောက်ဆုံးရက်ကို ရွှေ့ဆိုင်းပေးရန် အာရှ အိုလံပစ်ကောင်စီကို တင်ပြသော်လည်း ငြင်းပယ်ခဲ့သည်။ထို့ကြောင့် ဟန်ကျိုးမြို့သည် ပြိုင်ဘက်မရှိ ၂၀၂၂ ပွဲတော်များကိုကျင်းပခွင့် ရခဲ့သည်။
၂၀၁၈ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် အာရှမသန်စွမ်းအားကစားကော်မတီက တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့အား ၂၀၂၂ အာရှမသန်စွမ်း အားကစားပြိုင်ပွဲကို ကျင်းပခွင့်ပေးကြောင်း တရားဝင် ကြေညာခဲ့သည်။
Remove ads
ပြိုင်ပွဲအထိမ်းအမှတ်များ
အထိမ်းအမှတ်တံဆိပ်
၂၀၂၂ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ပြေးလမ်းပေါ်တွင် ရှေ့သို့ ချီတက်နေသော ဘီးတပ်ကုလားထိုင်နှင့် အားကစားသမား တစ်ဦးဖြစ်သည်။[၁]
လာဘ်ကောင်
၂၀၂၂ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ် လာဘ်ကောင်မှာ Fei Fei ဟုခေါ်သော အပြာရောင် ငှက်ဖြစ်သည်။[၂]
ပွဲများနှင့်အားကစား
ပါဝင်မည့်နိုင်ငံများ
အာရှမသန်စွမ်းအားကစားကော်မတီအဖွဲ့ဝင် နိုင်ငံများ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ခန့်မှန်းရသည်။
အားကစားနည်းများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads