ဘူမိဗလအတုလျတေဇ

From Wikipedia, the free encyclopedia

ဘူမိဗလအတုလျတေဇ
Remove ads

ဘူမိဗလအတုလျတေဇ (အင်္ဂလိပ်: Bhumibol Adulyadej; ထိုင်း: ภูมิพลอดุลยเดช; အသံထွက် [pʰuː.mí.pʰon ʔa.dun.ja.dèːt] ( ); ၅ ဒီဇင်ဘာ ၁၉၂၇  ၁၃ အောက်တိုဘာ ၂၀၁၆) သည် ထိုင်းနိုင်ငံစကြီမင်းဆက်၏ နဝမမြောက် ဘုရင်တစ်ပါးဖြစ်ကာ ရာမ ၉ မင်းဟုလည်း ခေါ်ဝေါ်ကြသည်။ ၁၉၄၆ ဇွန်လ ၉ ရက်နေ့တွင် နန်းတက်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ကမ္ဘာ့နန်းသက်အရှည်ကြာဆုံး မင်းတစ်ပါးဖြစ်ခဲ့ပြီး[] နန်းသက်မှာ နှစ် ၇၀ နှင့် ၁၂၆ ရက် ဖြစ်သည်။ သူ၏ လက်ထက်တွင် ထိုင်းဝန်ကြီးချုပ် အယောက် ၃၀ တာဝန်ထမ်းဆောင်ခဲ့သည်။[]

အချက်တိုများ ဘူမိဗလအတုလျတေဇBhumibol Adulyadej ภูมิพลอดุลยเดช, ထိုင်းနိုင်ငံဘုရင် ...

ဖော့ဘ် မဂ္ဂဇင်း မှတွက်ချက်ထားသည့် ဘုရင်ကြီး၏ အလုံးစုံပိုင်ဆိုင်မှုမှာ [] – ၂၀၁၀ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀ဘီလီယံရှိပြီး ထိုမဂ္ဂဇင်း၏ အချမ်းသာဆုံး တော်ဝင်မျိုးနွယ်များစာရင်းတွင် ၂၀၀၈ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။[][][]

၂၀၀၆ ခုနှစ် နောက်ပိုင်းတွင် ကျန်းမာရေး အားနည်းလာပြီး သီရိရာဇ်ဆေးရုံတွင် ကြာမြင့်စွာ အချိန်ကုန်ဆုံးခဲ့ပြီး ၂၀၁၆ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့တွင် ထိုဆေးရုံတွင်ပင် နတ်ပြည်စံခဲ့သည်။ သူသည် ယေဘုယျအားဖြင့် ထိုင်းပြည်သူများ၏ လေးစားကြည်ညိုခြင်းကို ခံခဲ့ရသည်။[][]တစ်နှစ်အကြာ ၂၀၁၇ခုနှစ်တွင် တော်ဝင်အခမ်းအနားဖြင့် မီးသဂြိုဟ်ခဲ့သည်။ သူ့ကို သားဖြစ်သူ မဟာဝဇိရာလင်္ကရဏ က ဆက်ခံခဲ့သည်။

Remove ads

အမည်နာမ

Thumb
Thumb
၁၉၅၂ခုနှစ်က ၁၉၃၂ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို လက်မှတ်ရေးထိုးထားသော ဘူမိဗလာဘုရင်၏ လက်မှတ်။​ရေးထိုးထားသည်မှာ "သောမ္ဒေ့က်ျ ဗြးပရုမရာခ်ျဓိရာခ်ျ မဟာဘူမိဗလ် အဒုလျဒေက်ျ သျမ်မိန်ဒရဓိရာခ်ျ ပရုမနာထ်ဗလ်ဖိတ်"ဖြစ်သည်။

ဘူမိဗလ်ဘုရင်၏ အမေရိကန်တွင် မွေးစာရင်း၌ "ဘေဘီ သိုင်ကလာ"ဟုဖော်ပြသည်။ သူ၏ မိဘများသည် ထိုစဉ်က ကျကရီနန်းဆက်၏ အကြီးအကဲဖြစ်သူ ညီတော် ပြဇာဓိပက (ရာမ၇ဘုရင်)နှင့် တိုင်ပင်ကာ မင်္ဂလာနာမည် ရွေးချယ်ကြသည်။ ရာမ၇ဘုရင်က သင်္သကရိုက်ဘာသာမှ ယူထားသော ဘူမိဗလ်အဒုလျဒေက်ျ (Bhumibol Adulyadej (ဒေဝနာဂရီ: भूमिबल अतुल्यतेज, IAST: Bhūmibala Atulyateja)) ဘူမိ (Bhūmi (भूमि)); အဓိပ္ပာယ်မှာ 'မြေ'၊ ဗလ (Bala (बल)); အဓိပ္ပာယ်မှာ 'ခွန်အား သို့မဟုတ် 'စွမ်းအား'၊ အဒုလျ (Atulya (अतुल्य));အဓိပ္ပာယ်မှာ 'တုနှိုင်း၍မရသော'၊ဒေ့ကျ် (Tej (तेज)); အဓိပ္ပာယ်မှာ 'စွမ်းအား' ဖြစ်သည်။ ထို့ကြောင့် "ဘူမိဗလ်အဒုလျဒေကျ်" (Bhūmibala Atulyateja, or Bhumibol Adulyadej)ကို ထိုင်းဘာသာတွင် မြေပြင်၏ ခွန်အား၊အနှိုင်းမဲ့စွမ်းအား ဟု အဓိပ္ပာယ်ရသည်။

ထိုင်းနိုင်ငံဘုရင်ကြီးသည် ကမ္ဘာ့မိုးလေဝသနယ်ပယ်တွင် မိုးတုကို စတင်တီထွင် ပြုလုပ်ခဲ့သော (Father of Royal Rainmaking) မိုးလေဝသပညာရှင်ကြီးဖြစ်သည်။ []

Remove ads

အစောပိုင်းဘဝ

ဘူမိဗလကို ၁၉၂၇ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ကမ်းဘရစ်ချ်မြို့ရှိ အာဘန်တောင်ဆေးရုံတွင် မွေးဖွားခဲ့သည်။[၁၀]ဆုန်ခလာမင်းသား မဟီတလ အတုလျေတေဇနှင့် မင်းသမီး သီရိနဂရိန္ဒြာတို့မှ ဖွားမြင်သည်။ သူ၏ ခမည်းတော်မှာ ဟားဗတ်တက္ကသိုလ်တွင် ဆေးပညာဆိုင်ရာ သင်ယူနေချိန် ဖြစ်သည်။[၁၁]သူ့တွင် အစ်မတော် မင်းသမီးကလျာဏီဝဒ္ဓနာ နှင့် အစ်ကိုတော် မင်းသားအာနန္ဒ မဟိတလတို့ရှိသည်။

ဖခင်ဖြစ်သူမှာ ဟားဗတ်တက္ကသိုလ်မှ အောင်လက်မှတ်ရရှိခဲ့၍ ၁၉၂၈ တွင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ကြသည်။ ၁၉၂၉ ခုနှစ် စက်တင်ဘာလတွင် ကျောက်ကပ်ရောဂါဖြင့် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့သည်။ ထိုအချိန်တွင် ဘူမိဗလမင်းသားမှာ ၂ နှစ်ပင် မပြည့်သေးပေ။[၁၁]သူသည် မတာဒေကျောင်းတွင် ခဏတာတက်ရောက်ခဲ့သည်။ ၁၉၃၂ တော်လှန်ရေးအပြီး၊ ၁၉၃၃ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသို့ ပြန်သွားခဲ့ကြသည်။ ထိုနေရာတွင် သူသည် ဆက်လက် ပညာသင်ကြားခဲ့သည်။၁၉၃၄ ခုနှစ်တွင် သူ၏ ပထမဆုံးကင်မရာကို ရရှိခဲ့ပြီး ဘဝတစ်လျှောက်လုံး ဓာတ်ပုံရိုက်ခြင်းကို စိတ်အားထက်သန်စေခဲ့သည်။ [၁၁]စည်းမျဉ်းခံဘုရင်စနစ် ပြောင်းလဲပြီးနောက် ၁၉၃၅ ခုနှစ်တွင် ဆက်ခံမည့်သူမရှိသည့် ဦးရီးတော် ပြဇာဓိပကမင်း နန်းရာထူးစွန့်လွှတ်လိုက်ရာ ကိုးနှစ်အရွယ် သူ၏ အစ်ကိုတော်ဖြစ်သူ အာနန္ဒာ မဟီဒေါလ် နန်းတက်ခဲ့သည်။ သို့သော် မိသားစုမှာ ဆွစ်ဇာလန်တွင်သာ နေထိုင်နေခဲ့သည်။ တိုင်းရေးပြည်ရာများကို ထိုင်းနိုင်ငံရှိ ဘုရင်ခံကောင်စီမှ စီမံသည်။ သူတို့သည် ၁၉၃၈ ခုနှစ်တွင် ၂ လ မျှသာ အိမ်ပြန်ခဲ့ကြသည်။၁၉၄၂ခုနှစ်တွင် ဘူမိဗလမင်းသားမှာ ဂျက်စ်ဂီတ ဝါသနာအိုးဖြစ်လာကာ ဆက်ဆိုဟွန်းကို တီးခတ်ခဲ့ပြီး သူ၏ ဘဝတစ်လျှောက်လုံးကို စွဲလန်းစွာ မြတ်နိုးခဲ့သည်။[၁၁]သူသည် အထက်တန်း ဒီပလိုမာ (ဘက်ကူလော်ရီယာ) ကို လူဆန်မြို့ရှိ Gymnase Classique Cantonalမှ ပြင်သစ်စာပေ၊လက်တင်နှင့် ဂရိဘာသာတို့ဖြင့် ရရှိခဲ့သည်။၁၉၄၅တွင် သိပ္ပံဘာသာရပ်များကို လူဆန်တက္ကသိုလ်တွင် ဆက်လက်သင်ကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် မိသားစုမှာ အိမ်ပြန်နိုင်ခဲ့ကြသည်။ [၁၀]

Remove ads

ဆက်ခံခြင်းနှင့် ထိမ်းမြားခြင်း

အစ်ကိုတော်ဘုရင် အာနန္ဒာ မဟီဒေါမှာ ၁၉၄၆ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် သေနတ်ဒဏ်ရာဖြင့် နတ်ရွာစံသွားခဲ့သည်။ အစိုးရ၏ ကနဦးဖော်ပြချက်တွင် ကိုယ်တော်တိုင် မတော်တဆ ပစ်မိသည်ဟုဖော်ပြခဲ့သည်။[၁၂]စုံစမ်းစစ်ဆေးရေး ကော်မတီကမူ ဤသည်မှာ မဖြစ်နိုင်ကြောင်း ပြောခဲ့သည်။ [၁၂]နန်းတော်၏ ကျွန် ၂ ယောက်မှာ လုပ်ကြံသတ်ဖြတ်ကြောင်း ထင်ရှား၍ ကွပ်မျက်ခံခဲ့ရသည်။ တတိယမြောက် ဖြစ်နိုင်ချေမှာ ညီအစ်ကို၂ယောက်မှာ သူတို့၏ ပစ္စတိုများဖြင့် ကစားနေကြစဉ် ဘူမိဗလမင်းသားမှ မတော်တဆပစ်မိခြင်းဖြစ်သည်။ သို့သော် ထိုအချက်ကို မည်သည့်အခါမှ တရားဝင် ထည့်မစဉ်းစားရပေ။[၁၃][၁၂]

ဘူမိဗလမင်းသားမှာ သူ၏အစ်ကိုတော်ကို ဆက်ခံခဲ့ကာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ရက် ၁၀၀ မပြီးဆုံးမီတွင် ဆွစ်ဇာလန်သို့ ပြန်သွားခဲ့သည်။ သူ့အနေဖြင့် သိပ္ပံနှင့် နည်းပညာတွင် စိတ်ဝင်စားခဲ့သော်လည်း နိုင်ငံတော်၏ခေါင်းဆောင်အဖြစ် လုပ်ကိုင်ရတော့မည်ဖြစ်၍ သူ၏ အဓိကဘာသာရပ်ကို ဥပဒေနှင့် နိုင်ငံရေးသိပ္ပံတို့တွင် စာရင်းသွင်းခဲ့သည်။ သူ၏ ဦးရီးတော် ရန်ဆစ် ပရာရောဆစ်မင်းသား (ချိုင်နတ်မင်းသား)မှာ ဘုရင်ခံဖြစ်လာခဲ့သည်။ ဘူမိဗလဘုရင်၏ အမည်ဖြင့် ချိုင်နတ်မင်းသားမှာ ၁၉၄၂ခုနှစ်အာဏာသိမ်းမှုကို အသိအမှတ်ပြုခဲ့သည်။ [၁၂]ထို့အပြင် ၁၉၄၉ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း လက်မှတ်ထိုးခဲ့သည်။ ထိုဥပဒေမှာ ၁၉၃၂ တော်လှန်ရေးအပြီး ပျောက်ဆုံးသွားသော ဘုရင်၏ အာဏာများကို ပြန်လည် မြှင့်တင်ပေးသော ဥပဒေဖြစ်သည်။[၁၂]၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် သယမ်အစိုးရမှ နတ်ရွာစံဘုရင် အာနန္ဒာမဟီဒေါ၏ အသုဘအခမ်းအနားအတွက် ဒေါ်လာထောင်ပေါင်းများစွာ ခွဲဝေပေးခဲ့သည်။ ၁၉၄၇ အာဏာသိမ်းမှု နောက်ပိုင်း မငြိမ်မသက်မှုများကြောင့် နန်းတင်ဘိသိတ်ပွဲကို ရွှေ့ဆိုင်းလိုက်ရသည်။ နန်းတွင်းဗေဒင်ပညာရှင်များက ၁၉၄၉ ခုနှစ် မတ်လ၂ရက်ကို အခါတော်ပေးပြီး ရွေးချယ်ခဲ့ကြသည်။

ဆွစ်ဇာလန်တွင် ကျောင်းတက်နေစဉ် ဘူမိဗလမှာ ပြင်သစ်သို့ မကြာခဏ အလည်သွားလေ့ရှိသည်။ ပြင်သစ်တွင် ပြင်သစ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး၏ သမီးဖြစ်သူ သီရိခေတ်နှင့် ပထမဆုံး တွေ့ဆုံမိခဲ့သည်။ သီရိခေတ်မှာ ချူလာလောင်ကွန်းဘုရင်၏ မြစ်တော်စပ်သူလည်းဖြစ်သည်။ ထိုစဉ်က သီရိခေတ်မှာ အသက်၁၅နှစ်သာရှိသေးပြီး စန္ဒယားဖျော်ဖြေပွဲအတွက် လေ့ကျင့်နေသည်။[၁၄][၁၅]

၁၉၄၈ခုနှစ် အောက်တိုဘာ၄ရက်နေ့တွင် ဘုရင်ဘူမိဗလမှာ ဖီယယတ်တိုပိုလီနိုကားဖြင့် လူဆန်မြို့အပြင်ဘက် ၁၀ကီလိုမီတာအကွာ ဂျီနီဗာ-လူဆန်လမ်းပေါ်တွင် ဘရိတ်အုပ်လိုက်သော ထရပ်ကား၏ နောက်ပိုင်းကို တိုက်မိလေသည်။နောက်ကျောပိုင်း၊မျက်နာနှင့် မျက်လုံးတွင် အပြင်းအထန်ဒဏ်ရာ ရသွားခဲ့သည်။[၁၂][၁၆] ထို့ကြောင့် မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားနှင့် ဘိသိတ်ပွဲကို ထပ်မံ ရွှေ့ဆိုင်းခဲ့ပြန်သည်။ [၁၄]လူဆန်မြို့တွင် ဆေးရုံတက်နေစဉ် သီရိခေတ်မှာ မကြာခဏ လာလေ့ရှိသည်။ မယ်တော်ဆန်ဝမ် တလပတ်နှင့်တွေ့ကာ မယ်တော်က သားတော်ဘူမိဗလနှင့် ပို၍ရင်းနီးရန် အနီးအနားတွင် ကျောင်းပြောင်းတက်ရန် မေးခဲ့သည်။[၁၇]၁၉၄၉ခုနှစ် ဇူလိုင်၁၉ရက်နေ့တွင် တိတ်ဆိတ်စွာ စေ့စပ်ခဲ့ကြပြီး ဘိသိတ်မခံမီ တစ်ပတ်အလို ၁၉၅၀ခုနှစ် ဧပြီ၂၈ရက်နေ့တွင် ထိမ်းမြားခဲ့ကြသည်။ သူတို့၏ လက်ထပ်ပွဲကို နယူးယောခ့်တိုင်းမ်သတင်းစာက ဆင်နှင့် ထီးဖြူမြေမှ အရိုးရှင်းဆုံး လက်ထပ်ပွဲဟု ဖော်ပြခဲ့သည်။

ဘူမိဗလဘုရင်နှင့် မိဖုရားသီရိခေတ်တို့တွင် သားသမီး လေးပါးရှိသည်။

Remove ads

ဘိသိတ်ခံယူခြင်းနှင့် ဘွဲ့တော်များ

ဖိုင်:King Rama IX being presented with regalia at coronation.jpg
တော်ဝင်နန်းတော်တွင် ဘူမိဗလဘုရင် ဘိသိတ်ခံယူနေပုံ

အချိန်နှောင့်နှေးစွာ ကြာမြင့်ပြီးမှ ပြီးဆုံးသွားသော အစ်ကိုတော် မဟီဒေါဘုရင်၏ အသုဘအခမ်းအနားပြီးနောက်တွင် ဘူမိဗလဘုရင်သည် ဘုရင်အဖြစ် ဘိသိတ်ခံယူခဲ့သည်။၁၉၅၀ခုနှစ် မေလ၅ရက်နေ့တွင် တော်ဝင်နန်းတော်ရှိ ဘိုင်ဆယ်သက်ဆင်ပလ္လင်ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဘူမိဗလဘုရင်ကသူ့အနေဖြင့် သယမ်ပြည်သူများ၏ အကျိုးနှင့် ပျော်ရွှင်မှုအတွက် ဖြောင့်မတ်စွာ အုပ်ချုပ်သွားမည်("เราจะครองแผ่นดินโดยธรรม เพื่อประโยชน์สุขแห่งมหาชนชาวสยาม")ဟု ကတိပြုခဲ့သည်။[၁၈] အင်္ဂလိပ်ဘာသာတွင် နဝမရာမဘုရင် (King Rama IX) ခေါ်သော်လည်း ထိုင်းဘာသာတွင် ထိုကဲ့သို့ အသုံးမပြုပေ။ ထိုင်းလူမျိုး ပိုမိုအသုံးပြုသည့် အမည်သည် နိုင်လွမ်း (ในหลวง) သို့မဟုတ် ဖရားချောင်ယူဟွာ (พระเจ้าอยู่หัว- အမည်နှစ်မျိုးစလုံး မင်းဘုရင် သို့မဟုတ် ခေါင်းပေါ်မှာရှိသည့်သခင်)၊ ချောင်းချီဝစ် (ဘဝသခင်) တို့ဖြစ်ကြသည်။ ဥပဒေအရ ဘွဲ့အမည်သည် ဖရာဘတ် စုမ်းဒဂျ် ပါရာမင်းသာရ မဟာ ဘူမီဘော အဒူလျာဒက် (พระบาทสมเด็จพระปรมินทรมหาภูมิพลอดุลยเดช) ဖြစ်သည်။

Remove ads

နတ်ပြည်စံခြင်း

Thumb
ဘူမိဗလဘုရင်၏ တော်ဝင်မီးသင်္ဂြိုဟ်ခြင်းကျင်းပရာ နေရာ
Thumb
၁၃.၁၀.၂၀၁၆ခုနှစ်က တော်ဝင်အိမ်တော်များအဖွဲ့က ထုတ်ပြန်သည့် ဘုရင်ကြီး ကံကုန်ကြောင်း ထုတ်ပြန်ချက်

ဘုရင်ကြီး ဘူမိဗလမှာ ၂၀၁၆ခုနှစ် အောက်တိုဘာလ ၁၃ရက် ဒေသစံတော်ချိန် ညနေ ၃နာရီ၅၂မိနစ်တွင် ဘန်ကောက်မြို့၊ သီရိရတ်ချ်ဆေးရုံ၌ ကံကုန်ခဲ့သည်။နောက်တစ်နေ့တွင် ကြွင်းကျန်ရစ်သော အလောင်းတော်ကို တော်ဝင်နန်းတော်သို့ ယာဉ်တန်းဖြင့်ပြန်လည် သယ်ဆောင်ခဲ့ပြီး ဓလေ့အရ ရေချိုးခြင်း ပြုလုပ်ခဲ့သည်။[၁၉] သူ၏ တစ်ဦးတည်းသောသားဖြစ်သူ အိမ်ရှေ့မင်းသား ဝသိလာလောင်ကွန်းမှ ပီးမန်းရတရာပလ္လင်ခန်းမတွင် ကျင်းပသော ရေချိုးခြင်းအခမ်းအနားကို ဦးစီး လုပ်ဆောင်ခဲ့သည်။ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလကို တစ်နှစ်ကြာသတ်မှတ်ခဲ့သည်။[၂၀]

တော်ဝင်မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို ၂၀၁၇ခုနှစ် အောက်တိုဘာလတွင် ၅ရက်ကြာ ကျင်းပခဲ့သည်။ ရုပ်မြင်သံကြားများတွင် ရိုက်ကူးထုတ်လွှင့်ခြင်းမရှိခဲ့သော အမှန်တကယ် မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို အောက်တိုဘာလ ၂၀၁၇ခုနှစ် ၂၆ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။[၂၁][၂၂] သင်္ဂြိုဟ်အပြီး အကြွင်းအကျန်များနှင့် ပြာများကို တော်ဝင်နန်းတော်ရှိမဟာဖဆတ်ပလ္လင်ခန်းမ၊ တော်ဝင်အုတ်ဂူများနှင့် တော်ဝင်ဘုရား တို့တွင် ထားရှိသည်။[၂၃]မြှပ်နှံအပြီးတွင် ဝမ်းနည်းခြင်းအချိန်ကာလကို ၂၀၁၇ခုနစ် အောက်တိုဘာလ၁၇ရက်နေ့ ညသန်းခေါင်တွင် ပြီးဆုံးခဲ့သည်။ ထိုင်းပြည်သူများသည် ပုံမှန်အရောင်များအတိုင်း ပြန်လည်ဝတ်ဆင်ခဲ့ကြပြီး ၂၀၁၉ခုနှစ် မေလ ၄ရက်မှ၆ရက်တွင် ကျင်းပမည့် နောက်တက်လာမည့် ဘုရင်အသစ်၏ ဘိသိတ်ခံယူခြင်းကို စောင့်စားနေခဲ့ကြသည်။ [၂၄]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads