မင်းထွဋ်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး ဖြစ်သည် From Wikipedia, the free encyclopedia
Remove ads
ဦးမင်းထွဋ် (၁၉ ဒီဇင်ဘာ ၁၉၆၃ ဖွား) သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ တာဝန်ထမ်းခဲ့သူလည်းဖြစ်သည်။
Remove ads
ပညာရေး
သူသည် စစ်တက္ကသိုလ် အမှတ်စဉ် (၂၅) ဆင်း တစ်ဦးဖြစ်သည်။ယင်းတက္ကသိုလ် မှ B.Sc (DSA) ဘွဲ့ရရှိခဲ့သည်။
ဝန်ထမ်းဘဝ
ဦးမင်းထွဋ် သည် ဗိုလ်မှူးအဆင့် ဖြင့် တပ်မတော် မှ အငြိမ်းစား ယူ၍ အရပ်ဘက်သို့ ကူးပြောင်းကာ ပြည်တွင်းအခွန်များ ဦးစီးဌာန တွင် အလုပ်ဝင်သည်။ယင်းနောက် ရာထူးအဆင့်ဆင့်တိုးသည်။ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်နေ့ တွင် ဌာန ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် ခန့်အပ်ခံရသည်။[၃]ထိုတာဝန်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ အထိ တာဝန်ထမ်းဆောင်သည်။
ထင်ရှားဖြစ်ရပ်
သူ့ကို ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ တွင် ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်မှ ဖယ်ရှားကာ ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးဌာန (NRPC) ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် သို့ ဦးဝင်းမြင့်အစိုးရအဖွဲ့ က ပြောင်းရွှေ့ခဲ့သည်။[၄]ဌာန ပြောင်းရွှေ့လိုက်သည့် အပေါ် ထိုစဉ်က နိုင်ငံတော်သမ္မတရုံး က “လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ ကိစ္စရပ်များကြောင့်” ဟု အကြောင်းပြချက်ပေးခဲ့သည်။သို့သော်လည်း ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ထဲတွင် သူ့ကို စစ်ကောင်စီ က မူလရာထူးဖြစ်သည့် ပြည်တွင်းအခွန်ညွှန်ချုပ် ရာထူး ပြန်လည်ပေးအပ်သည်။[၅]
Remove ads
ဒုတိယဝန်ကြီးဖြစ်လာပုံ
၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ရက် နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးသည်။[၆]ထိုတာဝန်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads