ဆာဆာ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် From Wikipedia, the free encyclopedia
Remove ads
ဒေါက်တာဆာဆာ (အင်္ဂလိပ်: Sasa၊ Salai Maung Taing San (ဆလိုင်းမောင်တိုင်းဆန်[၁][၂])) သည် ချင်းအမျိုးသား ပရဟိတ ဆရာဝန်တစ်ဦးဖြစ်ကာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်ဖြစ်သည်။
Remove ads
ငယ်ဘဝနှင့် ပညာရေး
ဒေါက်တာဆာဆာကို ပညာရေးချို့တဲ့ကာ ဆင်းရဲသော မိဘနှစ်ပါးမှ ချင်းပြည်နယ် လိုင်လင်းပီဒေသတွင် မွေးဖွားခဲ့သည်။ မိခင်မှာ မွေးဖွားရက်ကို မပြောပြနိုင်သဖြင့် သူ၏မွေးနေ့ကို မသိရှိရပေ။ ဝေးလံခေါင်ဖျားသော ထိုဒေသတွင် ပညာကို ကြိုးစားသင်ယူခဲ့ကာ မိဘဆွေမျိုး၊ ဒေသခံများ၏ ပံ့ပိုးမှုဖြင့် ရန်ကုန်မြို့တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ကာ အိန္ဒိယနိုင်ငံ၌ တက္ကသိုလ်တက်ရောက်ခဲ့သည်။[၃] ရန်ကုန်မြို့နှင့် အိန္ဒိယနိုင်ငံတို့တွင် ပညာသင်ယူစဉ်ကာလ တစ်လျှောက်လုံး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ထိုမှတစ်ဆင့် အာမေးနီးယားနိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့တွင် ဆေးပညာသင်ယူခဲ့သည်။ အင်္ဂလန်နိုင်ငံတွင် ဗြိတိန်တော်ဝင်မင်းသား ချားစ်နှင့်လည်း တွေ့ဆုံဖူးခဲ့သည်။[၄]
Remove ads
လူမှုအကျိုးပြုလုပ်ငန်းများ
၂၀၀၈ခုနှစ်တွင် ဆရာဝန်ဘွဲ့ရရှိကာ Health and Hope အဖွဲ့ကို တည်ထောင်ခဲ့သည်။ မွေးရပ်မြေသို့ပြန်လာကာ ချင်းပြည်နယ်တောင်ပိုင်းအတွက် စားနပ်ရိက္ခာထောက်ပံ့ရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်းများနှင့် ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ဗြိတိန်တော်ဝင်မင်းသား ချားစ်မှာ သူ၏အဖွဲ့တွင် နာယကအဖြစ် ပါဝင်ခဲ့သည်။ ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ပြေးလမ်းအရှည် ပေ၃၀၀၀ရှည်လျားပြီး လေယာဉ်ငယ်များ ဆင်းသက်နိုင်သော လေယာဉ်ကွင်းငယ်တစ်ခုကို ချင်းပြည်နယ် လိုင်လင်းပီမြို့တွင် ဒေါက်တာဆာဆာက ဦးဆောင်၍ ပြည်ပအကူအညီဖြင့် တည်ဆောက်ခဲ့သည်။ ထိုလေဆိပ်ကို ဒေသတွင်း ပြည်သူလူထု၏ ကျန်းမာရေးအတွက် အသုံးပြုရန်လည်း ရည်ရွယ်သည်။[၅]
Remove ads
နိုင်ငံရေး
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ချင်းပြည်နယ်အောင်နိုင်ရေးအဖွဲ့တွင် ပါဝင်ခဲ့သည်။[၆]
သူသည် ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်တွင် အာဏာသိမ်းမခံရမှီအချိန်အထိ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရှိနေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အဖမ်းခံရချိန်တွင် တက္ကစီသမားအယောင်ဆောင်ကာ အိန္ဒိယနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဘေးကင်းလုံခြုံရာနေရာသို့ ရောက်ရှိရန် ၃ ရက် ၃ ည ကြာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ဆက်လက်တိမ်းရှောင်ခဲ့သည်။[၇]
ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အာဏာအသိမ်းခံရပြီးနောက် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ ၎င်းအား ကော်မတီ၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။[၈] သူသည် မတ်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးသို့ အာဏာသိမ်းစစ်ကောင်စီအား အရေးယူပေးရန်အတွက် "ကာကွယ်စောင့်ရှောက်ရန်လို့ငှာ တာဝန်ယူခြင်း" (Responsibility to Protect - R2P) ကိုခေါ်ယူရန်အပါအဝင် အချက် ၄ ချက်ပါသော စာတစ်စောင်ကို ပေးပို့ခဲ့သည်။[၉]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads