မင်းရာဇာကြီး
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
မင်းရာဇာကြီး (ရခိုင် အသံထွက်: [máɴ ɹàzà ɡɹí]; Salim Shah ဟုလည်း သိကြ (ခန့်မှန်း ၁၅၅၇–၁၆၁၂) သည် မြောက်ဦးနေပြည်တော်ကို ၁၅၉၃ ခုနှစ်မှ ၁၆၁၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဘုရင်ဖြစ်သည်။
မင်းရာဇာကြီး သတိုးဓမ္မရာဇာ Salim Shah | |
---|---|
ရခိုင်ဘုရင် | |
နန်းသက် | ၄ ဇူလိုင် ၁၅၉၃ – ၄ ဇူလိုင် ၁၆၁၂ |
ရှေ့မင်းဆက် | မင်းဖလောင်း |
ဆက်ခံသူ | မင်းခမောင်း |
ဝန်ကြီးချုပ် | မဟာပညာကျော် |
မွေးဖွား | ၁၆ စတင်ဘာ ၁၅၅၇ (တနင်္လာနေ့ဖွား)[note 1] Sittantin |
ကွယ်လွန် | ၄ ဇူလိုင် ၁၆၁၂ (အသက် ၅၄) မြန်မာသက္ကရာဇ် ၉၇၄၊ ဝါဆိုလဆန်း ၈ ရက် (ဗုဒ္ဓဟူးနေ့)[1] မြောက်ဦး |
ကြင်ရာတော် | ဝိဇလ (မိဖုရားခေါင်) နှင့် မိဖုရားကြီး ၈ ဦး မိဖုရားငယ် ၁၁ ဦး[1] |
သားသမီးများ | မင်းခမောင်း အပါအဝင် သားသမီး ၁၅ ဦးကျော်[1] |
ခမည်းတော် | မင်းဖလောင်း |
မယ်တော် | စောမိတော် |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
မင်းရာဇာကြီးကို ၁၅၅၇ ခုနှစ် စက်တင်ဘာ ၁၆ ရက် တနင်္လာနေ့တွင် အဖမင်းဖလောင်း နှင့် အမိစောမိတော်တိုမှ မွေးဖွားခဲ့သည်။ မိဘများမှာ ဘုရင်မင်းဗာကြီး၏ သားသမီးများဖြစ်ကြပြီး ဝမ်းကွဲမောင်နှမ တော်စပ်သည်။ မင်းရာဇာကြီးအား ဖခင်မင်းဖလောင်းမြို့စား အဖြစ် ၁၅၅၀ ဆယ်စုနှစ်မှ ၁၅၇၂ အထိ အုပ်ချုပ်ခဲ့သော စစ်တံတင် တွင် မွေးဖွားခဲ့ခြင်းဖြစ်သည် ဟုယူဆကြသည်။[note 2] ၁၅၇၂ ခုနှစ်တွင် မင်းဖလောင်းသည် ဘုရင် မင်းစကြကွယ်လွန်ပြီနောက် ထီးနန်းကို ဆက်ခံခဲ့ပြီး သားတော်အကြီးဆုံး ဖြစ်သူ မင်းရာဇာကြီးအား သတိုးဓမ္မရာဇာဘွဲ့ဖြင့် အိမ်ရှေ့စံအဖြစ် တင်မြှောက်ခဲ့သည်။ ထိုအချိန်တွင် မင်းရာဇာကြီးသည် မင်းစကြာ၏ သမီးတော် နန်းထက်ဖွား မင်းသမီးအားလက်ထပ်ခဲ့သည်။[2]
မင်းရာဇာကြီး သည် ၄ ဇူလိုင် ၁၅၉၃ – ၄ ဇူလိုင် ၁၆၁၂ အထိ မြောက်ဦးနေပြည်တော်ကို အုပ်ချုပ်ခဲ့သည်။ မင်းရာဇာကြီ လက်ထက် တွင် မြောက်ဦးနေပြည်တော်သည် စီးပွားရေး နိုင်ငံရေး စစ်ရေး ကောင်းမွန်ခဲ့သည်။
မင်းရာဇာကြီးသည် ပေါ်တူဂီများ ကျူးကျော်ခြင်းကို ဖြေရှင်းခဲ့ခြင်း မရှိပေ။ ၁၆၁၂ ဇူလိုင် ၄ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီး အကြီးဆုံးသားဖြစ်သူ မင်းခမောင်းက ထီးနန်းဆက်ခံခဲ့သည်။[1]
၁၅၉၆ခုနှစ်တွင် မင်းရာဇာကြီးက အံတော်သိမ် အား ပြန်လည်ပြုပြင်ကာ အံတော်ဓာတ်ကို ဌာပနာခဲ့သည်။ သို့ဖြစ်၍ အံတော်သိမ်ပုထိုးဟုခေါ်တွင်ခဲ့ကြသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.