မင်းသူ (ဝန်ကြီး)

From Wikipedia, the free encyclopedia

မင်းသူ (ဝန်ကြီး)
Remove ads

ဦးမင်းသူသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ဝန်ကြီးဟောင်းတစ်ယောက်ဖြစ်သည်။သမ္မတရုံး ဒုဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသေးသည်။

အချက်တိုများ မင်းသူ, ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဝန်ကြီး ...
Remove ads

ငယ်ဘဝနှင့်ပညာရေး

ဦးမင်းသူကို တောင်ကြီးမြို့တွင် မွေးဖွားခဲ့သည်။စစ်တက္ကသိုလ်အပတ်စဉ် (၂၀)မှဖြစ်ကာ သိပ္ပံဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေး)တို့ကို ရရှိခဲ့သည်။[]

အလုပ်အကိုင်

တပ်မတော်နှင့် အဲပုဂံ

စစ်တက္ကသိုလ်မှဆင်းပြီးနောက် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ဆုံးတွင် မြိတ်လေတပ်စခန်းဌာနချုပ်၏ ဒုတိယဌာနချုပ်မှူးဘဝဖြင့် အငြိမ်းစားယူခဲ့သည်။ ထို့နောက်တွင် အဲပုဂံလေကြောင်းလိုင်းတွင် လုပ်ကိုင်ခဲ့သည်။

အစိုးရအဖွဲ့ရာထူးများ

၂၀၁၆တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစုချင်းနီးစပ်မှုအရ နေပြည်တော်ကောင်စီဝင်ဖြစ်လာခဲ့သည်။[]၂၀၁၆ ဒီဇင်ဘာလ ၁၂ရက်​နေ့တွင် သမ္မတရုံးဝန်ကြီးဌာန၏ ဒုဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ လက်အောက်တွင် လုပ်ကိုင်ခဲ့သည်။[]၂၀၁၈ခုနှစ် နိုဝင်ဘာ ၁၉ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်းကို ဝန်ကြီးဌာနအသစ်သို့ ပြောင်းလဲကိုင်တွယ်စေပြီးနောက် နိုဝင်ဘာ ၂၉ရက်နေ့တွင် ဦးမင်းသူကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ဦးမင်းသူအား ဝန်ကြီးနှင့် ဒုဝန်ကြီးများ ခန့်အပ်ခဲ့ခြင်းအပေါ်တွင် ဝေဖန်ခံခဲ့ရသည်။စစ်တပ်မှ အငြိမ်းစားတစ်ယောက်အား အရပ်သားအစိုးရအဖွဲ့တွင် နေရာပေးခြင်းကို နိုင်ငံရေးအသိုင်းအဝိုင်းမှ ဝေဖန်ခဲ့ကြသည်။[]

၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထဲရေးလက်အောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်မှစ၍ ဦးမင်းသူမှာ ထွေအုပ်ဝန်ကြီးအဖြစ် ပြည်သူများအကြား သိရှိလာခဲ့သည်။ စစ်တပ်မှ အငြိမ်းစားယူထားသော ပြည်ထဲရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ဒုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သဖြင့် ဝန်ကြီးသာမက ဒုဝန်ကြီးကပါ တပ်မတော်နှင့် ပက်သက်ခဲ့သူများဖြစ်နေသည်။ ထို့ကြောင့် နိုင်ငံရေးအသိုင်းအဝိုင်းတွင် ဝေဖန်ခဲ့ကြပြန်သည်။

Remove ads

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ

၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စစ်အာဏာသိမ်းခံရပြီးနောက် ဦးမင်းသူသည် နေအိမ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။[]ထိုနေ့တွင်ပင် ဦးမင်းသူက ၎င်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတောအတွင်း အားလုံးကို ကျေးဇူးတင်ပါကြောင်း ၎င်း၏လူမှုကွန်ယက်မှတစ်ဆင့် ပြောကြားခဲ့သည်။ ထို့နောက် အာဏာသိမ်းစစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ဦးမင်းသူ၏ ဝန်ကြီးနေရာအား ဆက်ခံစေခဲ့သည်။

စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး တစ်နှစ်နီးပါးအကြာ  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က  ၎င်းအား ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၅ရက်တွင် အမှုဖွင့်သည်။[][] ယင်းအမှုဖြင့် ထောင် ၃နှစ် ချသည်။ ထို့အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရအောင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-ကဖြင့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်တရားစွဲပြန်သည်။“အပြစ်မရှိကြောင်း”  ငြင်းဆိုခဲ့သော်လည်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂ရက်တွင် ထိုအမှုဖြင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တွဲဖက်တရားသူကြီး ဦးမောင်မောင်ခင်က ၎င်းအား  ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့နှင့်အတူ  ထောင်ဒဏ် သုံးနှစ်ချသည်။[] အမှုအယူခံများလည်း ပယ်ချခံရသည်။ []

၂၀၂၂ ဒီဇင်ဘာ ၁၃ရက်တွင်  ဦးမင်းသူသည် ဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည် တို့စွပ်စွဲခံရသည့် ရဟတ်ယာဉ်ဝယ်ယူ၊ငှားရမ်းသည့် အမှုကိစ္စအပေါ် စွပ်စွဲခံရသူများဘက်က သက်သေထွက်ချက်ပေးသည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads