ရာပြည့်
ဒုဗိုလ်ချုပ်ကြီး၊နယ်စပ်ဝန်ကြီး From Wikipedia, the free encyclopedia
Remove ads
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် တပ်မတော်မှ အရာရှိတစ်ဦးဖြစ်ပြီး လက်ရှိတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သည်။၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။ ယခင်က ပြည်ထဲရေးဝန်ကြီးဌာန နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁)တို့၏ ပြည်ထောင်စုဝန်ကြီး နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်[၂] ဖြစ်ခဲ့သည်။ [၃]
Remove ads
အလုပ်အကိုင်
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် စစ်တက္ကသိုလ် အပတ်စဉ်(၂၂)မှ သင်တန်းဆင်းလာသူဖြစ်ပြီး တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဥပဒေချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်တာဝန်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်တို့ကိုလည်း ထမ်းဆောင်ခဲ့ပြီး လက်ရှိ၌ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။၂၀၂၀ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအပြီး တပ်မတော်မှဖွဲ့စည်းခဲ့သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလတွင် တပ်မတော်အရံအင်အားသို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီ သီးခြားတပ်တာဝန် မရှိတော့ပေ။
အစိုးရအဖွဲ့ရာထူးများ
၂၀၂၁ခုနှစ် မေလ၁၁ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဖြစ်လာသည်။[၄] ထို့အပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ခန့်အပ်ခံခဲ့ရသည်။[၂] ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအား အမှတ် (၁) နှင့် အမှတ် (၂)ဟူ၍ ခွဲခြားပြီးနောက် အမှတ် (၁)၏ ဝန်ကြီးဖြစ်လာခဲ့သည်။ ၎င်း၏လက်အောက်ရှိ ဌာနများတွင် ယခင်က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနလက်အောက်မှ ဌာနတစ်ခုဖြစ်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနလည်း တစ်ခုအပါအဝင်ဖြစ်သည်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ၎င်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့သည်။[၅] သူသည် ၂၀၂၃ ဩဂုတ် ၃ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ဝန်ကြီးအဖြစ်မှ ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၆]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads