၂၀၁၄ အာရှ အားကစားပြိုင်ပွဲ

၁၇ ကြိမ်မြောက် အာရှအားကစားပွဲတော် From Wikipedia, the free encyclopedia

၂၀၁၄ အာရှ အားကစားပြိုင်ပွဲ
Remove ads

၂၀၁၄ အာရှအားကစားပြိုင်ပွဲ(ကိုရီးယား: 2014년 아시안 게임, ရောမအက္ခရာ: 2014nyeon asian geim, Hanja:2014年 아시안 게임)သည် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၌ ၂၀၁၄ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့မှ အောက်တိုဘာလ ၄ရက်နေ့အထိ ကျင်းပခဲ့သော အာရှအားကစားပြိုင်ပွဲ ဖြစ်သည်။[]တောင်ကိုရီးယားနိုင်ငံ အနေနှင့် ၁၉၈၆ ဆိုလ်းပွဲတော်နှင့် ၂၀၀၂ ဘူဆန်ပွဲတော်တို့ကို ၂ကြိမ်တိုင်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက် လက်ခံကျင်းပခြင်းဖြစ်သည်။

အချက်တိုများ ကျင်းပရာမြို့, ပါဝင်သော နိုင်ငံများ ...

၂၀၀၇ခုနှစ် ဧပြီ ၁၇ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ကို ကျော်ကာ အင်ချွန်းမြို့ကို လက်ခံကျင်းပခွင့် ပေးခဲ့သည်။ ထို့ကြောင့် အင်ချွန်းမြို့မှာ ဆိုလ်း၊ ဘူဆန်တို့ပြီးနောက် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် တတိယမြောက် မြို့ဖြစ်လာသည်။

အားကစားပြိုင်ပွဲ တော်တော်များများကို စက်တင်ဘာ ၁၄ရက်ကပင် ကြိုတင် ကျင်းပခဲ့ပြီး နိုင်ငံ အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၉၅၀၁ဦးရှိပြီး အားကစားနည်းပေါင်း ၃၆ခုမှ ပြိုင်ပွဲပေါင်း ၄၃၉ပွဲ ကျင်းပခဲ့သည်။ သမ္မတ ပတ်ကွမ်ဟီးမှ အင်ချွန်းအားကစားကွင်းတွင် အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

တရုတ်၊ တောင်ကိုရီးယား၊ဂျပန်တို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ၎င်းတို့၏ အာရှအားကစားပြိုင်ပွဲ တစ်လျှောက် ပထမဆုံးသော ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့သည်။ ပြိုင်ပွဲအတွင်း ကမ္ဘာ့စံချိန် ၁၄ခု၊ အာရှစံချိန် ၂၇ခု စံချိန်ချိုးနိုင်ခဲ့သည်။ ဂျပန် ရေကူးအားကစားသမား ကိုဆုခဲ ဟာဂီနို က ပြိုင်ပွဲ၏ အကောင်းဆုံး (MVP)အဖြစ် ကြေညာခံခဲ့ရသည်။ []သို့သော် အငြင်းပွားမှုများစွာ ရှိခဲ့သည်။ဤ အားကစားပွဲသည် ငွေကုန်ကြေးကျ နည်းပါးစွာဖြင့် လက်ခံကျင်းပခြင်း အောင်မြင်သည်ဟု ယေဘူယျ ယူဆရပြီး အာရှနိုင်ငံများအကြား ပို၍ အဆင့်အတန်းမြင့်စွာ ယှဉ်ပြိုင်လာနိုင်ခဲ့သည်။[]

Remove ads

လက်ခံကျင်းပခြင်း

အိမ်ရှင်အဖြစ် ယှဉ်ပြိုင်ခြင်း

နောက်ထပ် အချက်အလက်များ မြို့, နိုင်ငံ ...

၂၀၁၄ အာရှ အားကစားပြိုင်ပွဲအတွက် မြို့၂မြို့ ဝင်ရောက် အရွေးခံခဲ့သည်။၂၀၀၆ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် အိမ်ရှင်အဖြစ် တင်သွင်းခဲ့ကြခြင်းဖြစ်သည်။[]

၂၀၀၇ခုနှစ် ဧပြီ ၁၇ရက်နေ့တွင် ကူဝိတ်နိုင်ငံ Marriott Hotel တွင် ကျင်းပသော အာရှ အိုလံပစ်ကောင်စီအစည်းအဝေးတွင် ရွေးချယ်ခဲ့ကြသည်။ အဖွဲ့ဝင် ၄၅နိုင်ငံလုံး မဲပေးခဲ့ကြသည်။ ထို့နောက်တွင် အင်ချွန်းမြို့ကို အနိုင်ရကြောင်း ကြေညာခဲ့သည်။

ကြိုတင်ပြင်ဆင်မှုများ

အားကစားကွင်းများ

Thumb
အင်ချွန်း အာရှဥယျာဉ်

ပြိုင်ပွဲ ယှဉ်ပြိုင်ရာ နေရာ ၄၉နေရာနှင့် လေ့ကျင့်ရန် နေရာ ၄၈နေရာရှိသည်။ ပွဲကျင်းပရာ ၄၉နေရာတွင်၁၀ နေရာမှာ မြို့များတွင်ရှိသည်။ ဂျောင်းဂီပြည်နယ်မှ ၆မြို့နှင့် တွင် ချွန်းဂျူမြို့ နှင့် ဆိုးလ်မြို့တို့ဖြစ်သည်။ အားကစားသမားများနှင့် မီဒီယာများအတွက် အခန်းပေါင်း ၉၅၆၀ကို စီစဉ်ပေးခဲ့သည်။

အဓိက အားကစားကွင်းမှာ အင်ချွန်း အားကစားကွင်းဖြစ်သည်။ ပရိသတ် ၆၁၀၇၄ဦး ဝင်ဆံ့သည်။ အားကစားပြိုင်ပွဲပြီးနောက်တွင် ပရိသတ် ၃၀၀၀၀အထိသာ ဝင်ဆံ့သည်။ အမေရိကန်ဒေါ်လာ ၄၀၀မီလီယံ အကုန်အကျခံကာ တည်ဆောက်ထားသော ဤကွင်းမှာ မူလက ပရိသတ် ၇၀၀၀၀ဆံ့ရန် ရည်ရွယ်ခဲ့သည်။

Thumb
အာရှ ဥယျာဉ်ရှိ အလံများ

ဆောင်ပုဒ်

"Diversity Shines Here" သည် ပြိုင်ပွဲ၏ တရားဝင် ဆောင်ပုဒ်ဖြစ်သည်။၂၀၁၀ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။ ထိုဆောင်ပုဒ်မှာ အာရှတိုက်၏ မတူကွဲပြားလှသော သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဘာသာရေးများကို ပြသည်။ [] ကိုရီးယားဘာသာစကားတွင် ဆောင်ပုဒ်မှာ "평화의 숨결, 아시아의 미래" (RR: Pyeonghwaui sumgyeol, asiaui mirae), "အာရှ၏ အသက်ရှူသံ၊ အာရှ၏ အနာဂတ်"ဖြစ်သည်။

Remove ads

ပြိုင်ပွဲ အထိမ်းအမှတ်များ

Thumb
လာဘ်ကောင်များကို အာရှဥယျာဉ်အတွင်း တွေ့ရစဉ်

အထိမ်းအမှတ်တံဆိပ်

တရားဝင် အထိမ်းအမှတ်တံဆိပ်ကိုလည်း ၂၀၁၀ခုနှစ် နိုဝင်ဘာ ၄ရက်နေ့တွင် ပြသခဲ့သည်။ Aပုံစံများကို စုထားပြီး အတောင်ပံပုံစံ ပြုလုပ်ထားသည်။ အပေါ်တွင် တောက်ပနေသော နေမှာ အာရှလူမျိုးများ၏ ကောင်းကင်ထဲတွင် လက်တွဲနေခြင်းဖြစ်သည်။

လာဘ်ကောင်

ဖျံ မောင်နှမ ၃ကောင်ကို ၂၀၁၀ခုနှစ် နိုဝင်ဘာ ၄ရက်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။ အမည်များမှာ Barame (바라메)" ၊ "Chumuro (추므로)" နှင့် "Vichuon (비추온)"တို့ဖြစ်ကာ လေ၊အကနှင့် အလင်းရောင်ဟု ကိုရီးယားဘာသာတွင် အဓိပ္ပာယ်ရသည်။ ထိုဖျံမှာ မြောက်ကိုရီးယားနှင့် နယ်စပ်အနီးရှိ  ဘန်ယောင်းကျွန်းမှ ပုံစံယူထားကာ ပွဲစီစဉ်သူများ၏ ပြောချက်အရ တောင်နှင့် မြောက်တို့၏ အနာဂတ် ငြိမ်းချမ်းရေးအတွက် အထိမ်းအမှတ်ဖြစ်သည်။. []

ပို့ဆောင်ဆက်သွယ်ရေး

အင်ချွန်းရထားလမ်း' တိုးချဲ့ ဆောက်လုပ်ရေးကို ၂၀၁၈တွင် ပြီးမည့်အစား အချိန်တိုအောင်လုပ်ခဲ့သည်။ ပြိုင်ပွဲအတွင်း အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ခရီးသည် ဝင်ရောက်မှု များပြားမှုကြောင့် လူဝင်မှုကြီးကြပ်ရေး လုပ်ဆောင်ချက်များကို ခရီးသည်များ စိတ်အနှောင့်အယှက် မဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားသည်။

ဆုတံဆိပ်များ

၂၀၁၃ခုနှစ် ဩဂုတ်လ ၁၉ရက်နေ့တွင် ဆုတံဆိပ်များကို အာရှ အိုလံပစ်ကောင်စီမှ အတည်ပြုခဲ့သည်။ ဆုတံဆိပ်၏ ပုံစံမှာ အဝိုင်းပုံဖြစ်သည်။ ထိုအထဲတွင် ပဉ္စဂံပုံစံမှာ အင်ချွန်း၏ Airport ၊ Seaport, Teleport ၊ Leisureport နှင့် Businessport တို့ကို ကိုယ်စားပြုသည်။ ထို ပဉ္စဂံအတွင်းတွင် အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်ပါရှိသည်။၎င်းမှာ အရှေ့မြောက်အာရှ၏ အချက်အချာမြို့ကို ကိုယ်စားပြုသည်။

ကုန်ကျစရိတ်များ

ပြိုင်ပွဲအတွက် ကုန်ကျစရိတ်မှာ US$ ၁.၆၂ဘီလီယံရှိသည်။ ကိုရီးယား ဗဟိုအစိုးရက ၁၉%နှင့် အင်ချွန်းအစိုးရက ၇၈.၉% ထည့်ဝင်ကြသည်။ လျာထားငွေ US$ ၁.၃၉ဘီလီယံကို အားကစားကွင်းနှင့် အခြေခံအဆောက်အဦးများ ဆောက်လုပ်ခြင်းနှင့် ၁၁မီလီယံကို လေ့ကျင့်ရေးကွင်းများ ပြုပြင်ခြင်းအတွက် အသုံးပြုခဲ့သည်။၁၀၃မီလီယံကို ပို့ဆောင်ဆက်သွယ်ရေးအတွက် အသုံးပြုခဲ့သည်။

မီးထွန်းညှိတိုင်

Thumb
ဖွင့်ပွဲ အခမ်းအနားတွင် မီးထွန်းညှိတိုင် လက်ဆင့်ကမ်း သယ်ဆောင်ခြင်း

မီးရှုးတိုင်မှာ ပထမအကြိမ် အာရှအားကစားပြိုင်ပွဲအိမ်ရှင် နယူးဒေလီမြို့ရှိ Dhyan Chand National Stadiumတွင် နေရောင်ခြည်မှတိုက်ရိုက်ဖြင့် ပရာဗလာပုံစံကြေးမုံမှ၂၀၁၄ခုနှစ် ဩဂုတ်လ ၉ရက်နေ့ကစတင်မီးထွန်းညှိခဲ့သည်

နိုင်ငံအတွင်း မီးစတင်ထွန်းညှိခြင်းကို Manisan ရှိ ဂန်ဟွာကျွန်း တွင် ၂၀၁၄ခုနှစ် ဩဂုတ် ၁၂ရက်နေ့တွင် ကျင်းပခဲ့သည်။ နိုင်ငံတွင်း လက်ဆင့်ကမ်း သယ်ဆောင်ခြင်းကို ဩဂုတ်လ ၁၃ရက်နေ့တွင် စတင်ခဲ့ပြီး မြို့ပေါင်း ၇၀ကို 5,700 km ဖြတ်သန်းခဲ့သည်။

Remove ads

ပွဲများနှင့် အားကစား

ဖွင့်ပွဲ အခမ်းအနား

Thumb
ဖွင့်ပွဲ အခမ်းအနား

၂၀၁၄ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၄ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့ ည၆နာရီတွင် အင်ချွန်းမြို့ရှိ အင်ချွန်း အားကစားကွင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ သမ္မတ ပတ်ကွမ်ဟီး၊သမ္မတဟောင်း လီမြောင်ဘက်နှင့် ဇနီး၊အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊အာရှ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊တိုကျိုမြို့ အုပ်ချုပ်ရေးမှူး၊ အင်ချွန်းမြို့တော်ဝန်တို့ တက်ရောက်ခဲ့ကြသည်။ ဖျော်ဖြေရေး အစီအစဉ်များ ပြီးနောက် အားကစားသမားများ ချီတက်လာခြင်း၊ ပင်မီးရှူးတိုင်ကို မီးထွန်းညှိခြင်းများ လုပ်ဆောင်ခဲ့သည်။ သမ္မတ ပတ်ကွမ်ဟီးက အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနား ပြီးဆုံးခဲ့သည်။

ပိတ်ပွဲ အခမ်းအနား

၂၀၁၄ အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲ အခမ်းအနားကို ၂၀၁၄ခုနှစ် အောက်တိုဘာလ ၄ရက်နေ့ ည၇နာရီအချိန်၌ အင်ချွန်းမြို့ရှိ အင်ချွန်း အားကစားကွင်းတွင် ကျင်းပခဲ့သည်။

၂၀၁၈ ဂျကာတာ-ဖလမ်းပင်ပွဲတော်ကို လက်ခံကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံမှ ကိုယ်စားလှယ်များဖြစ်သော ဂျကာတာမြို့ အုပ်ချုပ်ရေးမှူးနှင့် အနောက်ဂျာဗား အုပ်ချုပ်ရေးမှူးတို့ကို အာရှအားကစားပြိုင်ပွဲ အလံကို လွှဲပြောင်း ပေးအပ်ခဲ့သည်။

ပါဝင်သောနိုင်ငံများ

အာရှအိုလံပစ်ကောင်စီအဖွဲ့ဝင် ၄၅နိုင်ငံလုံးပါဝင်ယှဉ်ပြိုင်ကြသည်။

နောက်ထပ် အချက်အလက်များ IOC, နိုင်ငံ ...

ပါဝင်သော အားကစားနည်းများ

၂၀၁၄ အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၃၆မျိုးကို ထည့်သွင်း ကျင်းပခဲ့သည်။

ဆုတံဆိပ်ဇယား

  *   အိမ်ရှင်

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...
Remove ads

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads