ကျော်ထင် (ဒုတိယဝန်ကြီး)

ဒုတိယဝန်ကြီး From Wikipedia, the free encyclopedia

Remove ads

ဦးကျော်ထင် (၉ မတ် ၁၉၆၄ မွေးဖွား) သည် ဦးညိုစောအစိုးရအမျိုးသားစီမံကိန်းဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်သည်။ []၎င်းသည် အကောက်ခွန်ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်း တာဝန်ယူခဲ့ဖူးသည်။

အချက်တိုများ ဗိုလ်မှူးချုပ် (ငြိမ်း) ဦး ကျော်ထင်, အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ...


Remove ads

အစောပိုင်းဘဝနှင့် ပညာရေး

ဦးကျော်ထင်ကို ၁၉၆၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဖခင်၏ တပ်မတော်တာဝန်များကြောင့် ကျိုင်းတုံ၊ ပခုက္ကူနှင့် တောင်ကြီးမြို့တို့တွင် နေထိုင်ကြီးပြင်းခဲ့ပြီး တောင်ကြီးမြို့၌ ၁၀ တန်း အောင်မြင်ခဲ့သည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ စစ်တက္ကသိုလ် (အမှတ်စဉ် ၂၆) သို့ တက်ရောက်ခဲ့သည်။ စစ်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် တပ်မတော် (လေ) အမှတ်စဉ် (၄၇) လေယာဉ်မောင်းသင်တန်းကို တက်ရောက်ခဲ့သည်။[]

စစ်မှုထမ်းဘဝ

ဦးကျော်ထင်သည် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင် G4 အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် အမှတ် (၁) လေယာဉ်မောင်းသင်ကျောင်း၌ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီး လေတပ်တွင် စစ်ဦးစီးမှူး (ပထမတန်း) အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ မကွေးလေတပ်စခန်းဌာနချုပ်၏ ဒုတိယလေတပ်စခန်းဌာနချုပ်မှူးအဖြစ်လည်း ပြောင်းရွှေ့တာဝန်ယူခဲ့သည်။ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးအဖြစ် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဗိုလ်မှူးချုပ်ရာထူးအထိ ထမ်းဆောင်ခဲ့သည်။

တပ်မတော်မှ အနားပေးခံရပြီး၊ ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် အကောက်ခွန်ဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ပေးခြင်း ခံခဲ့ရသည်။

Remove ads

အရာထမ်းဘဝ

၂၀၁၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှစ၍ အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးကျော်ထင် တာဝန်ထမ်းဆောင်ခဲ့သည်။ []

အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်သည် မြန်မာ့တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်အများပိုင်ကုမ္ပဏီ (UMEHL) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့် အကျိုးစီးပွားပဋိပက္ခရှိနိုင်ကြောင်း Myanmar Now သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ Justice For Myanmar အဖွဲ့က ဥပဒေအရ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။ သမ္မတရုံးက ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မှတ်ချက်အရ ဦးကျော်ထင်၏ လုပ်ဆောင်ချက်သည် ၂၀၁၃ ခုနှစ် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် မညီညွတ်ကြောင်း တွေ့ရှိရသဖြင့် ဦးကျော်ထင်သည် ဦးပိုင်ဒါရိုက်တာရာထူးမှ နုတ်ထွက်ခဲ့သည်။ []

၂၀၂၁ နောက်ပိုင်း

၂၀၂၁ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ခန့်ထားလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။[]

ဒုတိယဝန်ကြီး

၂၀၂၅ ဩဂုတ်လ ၆ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် ၂၃/၂၀၂၅ အားဖြင့် ဦးညိုစောအစိုးရ၏ အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads