တံခွန်တိုင်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်

From Wikipedia, the free encyclopedia

တံခွန်တိုင်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်map
Remove ads

တံခွန်တိုင်စံပြကျေးရွာ (ကရင်: စံင်မံင်ထုင်း) သည် မြန်မာနိုင်ငံကရင်ပြည်နယ်ကော့ကရိတ်ခရိုင်ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရွာကြီးတစ်ရွာ ဖြစ်သည်။[]

အချက်တိုများ တံခွန်တိုင် စံင်မံင်ထုင်း, နိုင်ငံ ...

ကရင်တိုင်းရင်းသား အများစု နေထိုင်ပြီး မွန်၊ ဗမာစသော အခြားသော တိုင်းရင်းသားများလည်း နေထိုင်ကြသည်။ တံခွန်တိုင်စံပြကျေးရွာသည် ခလယ်ရွာကြီးနှင့် မဝေးသဖြင့် ခလယ်-တံခွန်တိုင်ရွာ ဟု တွဲစပ်ခေါ်တွင်ကြသည်။

ရွာ၏ အရှေ့ဘက်တွင် ဒေါနတောင်တန်း တည်ရှိပြီး ရွာ၏ အနောက်ဘက်တွင် တောင်ညိုတောင်တန်း တည်ရှိသည်။

Remove ads

သမိုင်းကြောင်း

တံခွန်တိုင် တည်ရာ ခုနှစ်မှာ၊ မှတ်ပါ " အင်းအိုင်အစ"တည်းဟု နူတ်ဖြင့် မှတ်တမ်းပြုခဲ့ကြသည့်အတိုင်း တံခွန်တိုင်ရွာကို ကောဇာ သက္ကရာဇ် (၁၁၁၃) ခုနှစ် တွင် စတင် တည်ထောင်ခဲ့ကြောင်း မှတ်ယူကြသည်။

အဖွားနန်းအိမ်(ဖီ့အိင်)၊ အဖွား နန်းဟွန့်(ဖီ့ဃှံင့်)၊ အဖွားနန်းတိုက်(ဖီ့တာ်)တို့ မိသားစု သုံးစုတို့က စတင်တည်ထောင်ခဲ့သည်ဟု ဆိုသည်။ ယင်း မိသားစုဝင်များသည် လွန်ခဲ့သည့် နှစ်ပေါင်း (၂၀၀) ကျော်အချိန်က ရခိုင်ပြည်နယ်ဘက်မှ လည်းကောင်း၊ ဥက္ကာလာပ ရန်ကုန်ဘက်မှ လည်းကောင်း၊ ဟံသာဝတီပြည်ဘက်မှ လည်းကောင်း၊ မြစ်ဝကျွန်းပေါ် ဒေသဘက်မှ လည်းကောင်း၊ အဖိုး အဖွားများက ဤအရပ်ဒေသသို့ ရောက်ရှိလာကြသည်ဟု ဆိုကြသည်။

ရခိုင်ပြည်ဘက်မှ ရောက်ရှိလာကြသူများမှာ ဖီးအွာ၊ ဖီးအိမ်၊ ဖီးဟွန့် (ဖီ့ဃှံင့်)၊ ဥက္ကာလာပ ရန်ကုန်ဘက်မှ ရောက်ရှိလာကြသူများမှာ ဖီးခင်၊ ဖီးခါ၊ ဟံသာဝတီပြည်ဘက်မှ ရောက်ရှိလာသူများမှာ ဖီးတိုက်၊ ဖီးရွှေဝ၊ ဖီးနေ၊ မြစ်ဝကျွန်းပေါ် ဒေသဘက်မှ ဖီးပိုင်၊ ဖီးဟာ (ဃှာ)၊ ဖီးပဒါးတို့ ဖြစ်ကြသည်။ (အဖွားကို ကရင်ဘာသာဖြင့် 'ဖီ့' ဟု ခေါ်ပါသည်။)

ရွှာလယ်ရှိ အင်းကြီးထဲတွင် ရှေးလူကြီးသူမများက ရှေးအထိမ်းအမှတ်အဖြစ် တံခွန်တိုင် တိုင်များစွာကို စိုက်ထူခဲ့ကြသဖြင့် ရွာကိုလည်း တံခွန်တိုင်စံပြကျေးရွာဟု ခေါ်တွင်လာခြင်း ဖြစ်သည်။

၁၉၇၂ ခုနှစ်လောက်တွင် လက်ထောက်မြို့ပိုင် ရုံးစိုက်ရာ မြို့နယ်ခွဲ အဆင့်ထိရှိခဲ့သည်။ ယခုအခါ တိုက်နယ်အဆင့်သာ ရှိသည်။

Remove ads

ပညာရေး

ကျန်းမာရေး

ခလယ် - တံခွန်တိုင် တိုက်နယ်ဆေးရုံ

လမ်းပန်းဆက်သွယ်ရေး

လမ်းပန်းဆက်သွယ်ရေး အရ တံခွန်တိုင်စံပြကျေးရွာမှ မွန်ပြည်နယ် မုဒုံမြို့မော်လမြိုင်မြို့သံဖြူဇရပ်မြို့များသို့ လည်းကောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ဘုရားသုံးဆူမြို့ကျိုက်ဒုံမြို့ကော့ကရိတ်မြို့ဘားအံမြို့များသို့လည်းကောင်း ကားလမ်းခရီးဖြင့် နေ့ချင်းပြန် အသွားအလာ ပြုလုပ်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူသော ရွာဖြစ်သည်။

စီးပွားရေး

လယ်ယာလုပ်ငန်းနှင့် ရော်ဘာခြံ လုပ်ငန်းများကိုလည်း အဓိကလုပ်ကိုင် အားထားရသောရွာ ဖြစ်သည်။

ထင်ရှားသည့်နေရာများ

ရွာ၏ အနောက်မြောက်ဘက်တွင် သမိုင်းဝင် ဇီးဖြူကုန်း မဏိရတနာဆံတော်ရှင်စေတီတော် တည်ရှိသည်။

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads