တောင်ကြီးခရိုင်

ရှမ်းပြည်နယ်တောင်ပိုင်းတွင်ရှိ၍ ရှမ်းပြည်နယ်၏မြို့တော်လဲဖြစ်‌သော ခရိုင် From Wikipedia, the free encyclopedia

တောင်ကြီးခရိုင်map
Remove ads

တောင်ကြီးခရိုင် ( ရှမ်း: ၸႄႈတွၼ်ႈတူၼ်ႈတီးအင်္ဂလိပ်: Taunggyi District ) သည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ခရိုင်တစ်ခု ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ၄၆၀၆ ပေ (၁၄၀၄ မီတာ) တွင် တည်ရှိသည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ တောင်ကြီးမြို့ဖြစ်သည်။ တောင်ကြီးခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁,၆၉၉,၀၈၆ ယောက်[] ဖြစ်သည်။

အချက်တိုများ တောင်ကြီးခရိုင်, နိုင်ငံ ...
Remove ads

နာမည်ကျော် အင်းလေးကန် နှင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည် တောင်ကြီးခရိုင်တွင် တည်ရှိသည်။ ပင်းတယရွှေဥမင်လှိုဏ်ဂူ၊ ထမ်ဆမ်းဂူ၊ မွေတော်ကက္ကူ၊ ကလောနှီးဘုရား၊ မြင်းမထိသဘာဝလှိုဏ်ဂူ၊ မြသပိတ်ရေပြာအိုင် စသည် အထင်ကရ နေရာများစွာရှိသည်။

Remove ads

မြို့နယ်နှင့်မြို့များ

တောင်ကြီးခရိုင်တွင် ယခင်က မြို့နယ် (၁၀)မြို့နယ်၊ မြို့ (၁၈)မြို့ ပါဝင်ခဲ့သော်လည်း ယခုအခါတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ခရိုင်အသစ်များ ဖွဲ့စည်းခဲ့သဖြင့် တောင်ကြီးခရိုင်တွင် မြို့နယ် (၂)မြို့နယ်၊ မြို့ (၆)မြို့သာ ကျန်ရှိတော့သည်။

တောင်ကြီးခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

ယခင် ဖွဲ့စည်းပုံ

Thumb
တောင်ကြီးခရိုင်မြို့နယ်များ
  ရွာငံမြို့နယ်
  တောင်ကြီးမြို့နယ်
  ပင်လောင်းမြို့နယ်
  ပင်းတယမြို့နယ်
  ဖယ်ခုံမြို့နယ်
  ညောင်ရွှေမြို့နယ်
  ရပ်စောက်မြို့နယ်
  ကလောမြို့နယ်
  ဆီဆိုင်မြို့နယ်
  ဟိုပုံးမြို့နယ်

[]

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ

Thumb
တောင်ကြီးခရိုင်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ် ပြောင်းလဲဖွဲ့စည်းထားသော ဒေသများ
  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

Remove ads

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads