အရှေ့တစ်ဝက်ပိတ်အပြန့်သရ
From Wikipedia, the free encyclopedia
Remove ads
အရှေ့တစ်ဝက်ပိတ်အပြန့်သရ (အင်္ဂလိပ်: close-mid front unrounded vowel သို့ high-mid front unrounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨e⟩ (အေ) သင်္ကေတဖြင့်ပြသည်။
အရှေ့တစ်ဝက်ပိတ်အပြန့်သရကို Lower-Case E ဟူ၍လည်း ခေါ်တွင်နိုင်ပြီး bake, say, eight, face စသော စကားလုံးမျမှ သရသံ (အေ) ကို ဖလှယ်ရန်အသုံးပြုနိုင်သည်။ ဤသရသင်္ကေတသည် လုံးချင်းသရတစ်ခုဖြစ်၍ ဗြိတိသျှ၊ အမေရိကန် အင်္ဂလိပ်စကား၌ သရတွဲသံ eɪ အဖြစ်ထွက်လေ့ရှိကြသည်။[၁] ခေတ်ပေါ် အင်္ဂလိပ်အဘိဓာန်အချို့တွင်လည်း (အေ, အေး) သရသံကို eɪ အဖြစ် ရေးသားဖော်ပြလေ့ရှိကြသည်။ ဗြိတိသျှအများလက်ခံအသံထွက် (RP) တွင် အစဉ်ဆက်သဘောနှင့် အဆင်ပြေစေမှုအရ နိုင်ငံတကာသုံး ⟨e⟩ အက္ခရာကို ⟨ɛ⟩ (အယ်, အဲ) အဖြစ် သုံးစွဲကြသည်။ နမူနာအားဖြင့် bed ကို [bed] အဖြစ် ဖလှယ်ရေးသားကြ၏ ။[၂]
မြန်မာစကားတွင် ပေ ၊ ပေး ၊ ပိတ် အစရှိသော စကားလုံးများမှ သရသံကို ဤအက္ခရာ ဖြင့်ဖလှယ်ရေးသားနိုင်သည်။ ဥပမာ ပေ ကို [pe] ၊ ပေး ကို [`pe:] ၊ [pé] ဟူ၍ အသီးသီး ရေးသားနိုင်ကာ ပိတ် ကို သရတွဲသံ eɪ အသုံးပြု၍ [peiʔ] အဖြစ် ဖလှယ်ရေးသားနိုင်သည်။ အသံထွက်ရာတွင် မြန်မာတို့သည် အခြေခံသရပါ အမှတ် (၂) ဖြစ်သော ⟨e⟩ ထက် အနည်းငယ်ပို၍ ပွင့်ပြီးထွက်လေ့ရှိကြသည်။ [peiʔ] ကို မြန်မာစကားတွင် ထွက်ရှိရာ၌ အင်္ဂလိပ်စကားတွင်ကဲ့သို့ မဟုတ်ဘဲ ခပ်ပြတ်ပြတ် ထွက်ရှိသည်။ ⟨e⟩ သရသံမှ ⟨i⟩ သရသံသို့ လျှာချက်ချင်းပြောင်း၍ ထွက်ရှိ၏ ။[၃]
Remove ads
အင်္ဂါရပ်
- အရှေ့သရဟုဆိုရာ၌ လျှာသည် ခံတွင်း၏ အရှေ့ပိုင်း၌ တည်ရှိသည်။
- တစ်ဝက်ပိတ်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထာအရး တစ်ဝက်သရထက် အပေါ်သို့ရောက်ရှိကာ အပိတ်နီးပါးသရ၏ အောက်ဘက်၌တည်ရှိသည်။
- အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads