အရှေ့တစ်ဝက်ဖွင့်အပြန့်သရ

From Wikipedia, the free encyclopedia

အရှေ့တစ်ဝက်ဖွင့်အပြန့်သရ
Remove ads

အရှေ့တစ်ဝက်ဖွင့်အပြန့်သရ (အင်္ဂလိပ်: open-mid front unrounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဂရိအက္ခရာ အပ်စီလောန်အသေး (epsilon) ɛ ဖြင့်ပြဆိုသည်။

အချက်တိုများ open-mid front unrounded vowel, ɛ ...
နောက်ထပ် အချက်အလက်များ IPA: Vowels, အရှေ့ ...

မြန်မာဘာသာဖြင့် ဤ ɛ ကို အယ် သရဟု ခေါ်ဆို၍ မြန်မာတို့၏ အယ်သရကို ထွက်ရှိရာ၌ အခြေခံသရ ɛ ထက် လျှာသည် အောက်သို့အနည်းငယ်​ရောက်သည်။[]

Remove ads

အင်္ဂါရပ်

  • အရှေ့သရဟုဆိုရာ၌ လျှာသည် ခံတွင်း၏ အရှေ့ပိုင်း၌ တည်ရှိသည်။
  • တစ်ဝက်ဖွင့်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထားသည် အဖွင့်သရနှင့် တစ်ဝက်သရ၏ကြား တစ်ဝက်နေရာတွင်တည်ရှိသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads