အရှေ့သရ
သရတစ်မျိုး From Wikipedia, the free encyclopedia
Remove ads
Remove ads
အရှေ့သရ (အင်္ဂလိပ်: front vowel) ဆိုသည်မှာ အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်သည်။ ဤသရ၏ အရည်အသွေးကို အောက်ပါအတိုင်းဖွင့်ဆို၏ ။ "လျှာ၏အမြင့်ဆုံးအမှတ်သည် ပါးစပ် (သို့) ခံတွင်း၏ အရှေ့၌တည်ရှိ၍ ဗျည်းသံဖြစ်ပေါ်စေလောက်မည့် လေထွက်ရှိမှုကို ဖြစ်ပေါ်စေခြင်းမရှိစေရဟုဖြစ်သည်။"[၁] နောက်တစ်နည်းဖွင့်ဆိုချက်မှာ "လျှာ၏ထိပ်ဖျားသည် အပေါ်ရှေ့သွားမှ အောက်ရှေ့သွားအထိ (ထိကပ်ခြင်းမဟုတ်စေဘဲ) နေရာအမျိုးမျိုးတွင် တည်ရှိ၍ အသံထုတ်လုပ်သော သရမျိုးဖြစ်သည်။"[၂] အရှေ့သရများကို "ကြည်လင်သောသရများ" (bright vowels) အဖြစ်လည်း ရံခါ၌ခေါ်ဆိုကြကာ ၎င်းတို့၏ အသံသည် အနောက်သရများထက် ပို၍ ကြည်လင်သည်ဟု ယူဆသိမြင်သောကြောင့်ဖြစ်သည်။[၁]
အရှေ့နီးပါး (အင်္ဂလိပ်: Near-front) များသည်လည်း အရှေ့သရများ၏ ပုံစံပင်ဖြစ်၍ အရှေ့သရနှင့် အရှေ့နီးပါးသရများကို လျှာ၏အရှေ့ အနောက် (မဆိုစလောက်သော) ပြောင်းရွှေ့မှုတစ်ခုတည်းဖြင့် သိသိသာသာခွဲ၍ ကွဲအောင်ပြုနိုင်သော မည်သည့်ဘာသာစကားမျှမရှိဟု သိရှိရသည်။
အရှေ့အဝိုင်းသရများသည် စံအနေဖြင့် အလယ်ပိုင်းသရများဖြစ်ကြသည်။ ဆိုလိုသည်မှာ အသံထုတ်မှုအရ အရှေ့နီးပါးသရများဖြစ်၏ ။ ထို့ကြောင့်ပင် အိုင်ပီအေဇယား၌ အရှေ့အဝိုင်းသရများကို အရှေ့အပြန့်သရများ၏ ညာဘက်၌ (အမည်းစက်တစ်ခုခြား၍) ရေးကြသည်။
Remove ads
ပါဝင်မှု
နိုင်ငံတကာသဒ္ဒဗေဒအက္ခရာများတွင် အရှေ့သရများအဖြစ် အောက်ပါသရများ ပါဝင်သည်။
- close front unrounded vowel [i]
- close front compressed vowel [y]
- near-close front unrounded vowel [ɪ]
- near-close front compressed vowel [ʏ]
- close-mid front unrounded vowel [e]
- close-mid front compressed vowel [ø]
- open-mid front unrounded vowel [ɛ]
- open-mid front compressed vowel [œ]
- near-open front unrounded vowel [æ]
- open front unrounded vowel [a]
- open front rounded vowel [ɶ]
အိုင်ပီအေစနစ်၌ တရားဝင်သတ်မှတ်ခြင်းမရှိသော အရှေ့သရများမှာ အောက်ပါအတိုင်းဖြစ်သည်။
- close front protruded vowel [yʷ]
- near-close front protruded vowel [ʏʷ]
- close-mid front protruded vowel [øʷ]
- mid front unrounded vowel [e̞] or [ɛ̝]
- mid front compressed vowel [ø̞] or [œ̝]
- mid front protruded vowel [ø̞ʷ] or [œ̝ʷ]
- open-mid front protruded vowel [œʷ]
Remove ads
အသံထုတ်လုပ်မှုဆိုင်ရာ အရှေ့သရများ

အသံထုတ်လုပ်ရာ၌ လျှာသည် ပုံမှန် (သို့) အနားယူသော အနေအထားမှ အရှေ့သို့တိုး၍ထွက်ရှိသည့် အရှေ့သရများသည် ဆုတ်တက်သောသရများ (raised vowel) နှင့် ဆုတ်ဆင်းသောသရများ (retracted vowel)[မှတ်စု ၁] နှင့်မတူကွာခြားသည်။ ဤသဘောတရားအယူအဆအရ အိုင်ပီအေဇယား၌ ပြုစုထားသေယ အရှေ့သရများထက် ပိုမိုကျယ်ပြန့်၍ [ɪ ʏ], [ɨ ʉ] အက္ခရာများနှင့် နီးနီးကပ်ကပ်အားဖြင့် အလယ်တစ်ဝက်သရများလည်း ပါဝင်သည်။ အရေ့သရများအတွင်း သရ၏အနိမ့်အမြင့် (vowel height) ; တစ်နည်း အဖွင့်၊ အပိတ်သရများကို လျှာက တိုက်ရိုက်ဆုံးဖြတ်ခြင်းမဟုတ်ဘဲ မေးရိုး၏အနေအထားကသာဆုံးဖြတ်ပေးခြင်းဖြစ်သည်။ သံရင်းပိုင်းအရ ဆုတ်တက်၊ ဆုတ်ဆင်းသရများကို ဥပမာ အာခေါင် (palatal) ၌ဖြစ်သော ဗျည်းများက အသံထွက်အရ ရှေ့ပိုင်းသရများဖြစ်စေသည်။ အချို့သောဘာသာစကားများတွင် လည်ချောင်းဝ၌ဖြစ်သော ဗျည်းများက အထက်ပါ ဆုတ်တက်၊ ဆုတ်ဆင်းသရများကို အရှေ့သရများအဖြစ် အသံထွက်အရ ဖန်တီးယူကြသည်။ ဥပမာအားဖြင့် (အာရေးဗစ်ဒေသစကားအချို့တွင်) /j/ သို့ /ħ/ တို့ နောက်၌ဖြစ်သော /a/ အသံသည် [æ] ထက်အရှေ့ပိုကျနိုင်သည်။[၄]
Remove ads
အခြားကြည့်ရန်
မှတ်စု
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads