အနောက်အဖွင့်အပြန့်သရ
From Wikipedia, the free encyclopedia
Remove ads
အနောက်အဖွင့်အပြန့်သရ (အင်္ဂလိပ်: open back unrounded vowel) သည် အပြောဘာသာစကားတချို့တွင်အသုံးပြုသော သရသံအမျိုးအစားတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨ɑ⟩ ဟူ၍လည်းကောင်း စကားသံအကဲဖြတ်နည်းလမ်းများဆိုင်ရာ ထပ်တိုးအက္ခရာ (X-SAMPA) တွင် A
အဖြစ်လည်းကောင်း တင်ဆက်ရေးသားသည်။ ⟨ɑ⟩ သည် a ၏ လက်ရေးမူဖြစ်၍ a သည် ပုံနှိပ်မူဖြစ်ကာ အခြားသရတစ်ခုကို ကိုယ်စားပြုဖော်ပြပေးသည်။ နောက်ထပ်ရောထွေးနိုင်သော သရတစ်ခုမှာ လက်ရေးမူ ɑ ကို ပြောင်းပြန်ရေးသားထားသော ɒ ဖြစ်ပြီး ၎င်းသည် ယခုဖော်ပြပါသရ၏ အဝိုင်းသရဖြစ်၍ အနောက်အဖွင့်အဝိုင်းသရ ဟုခေါ်သည်။
Remove ads
အချို့သောဘာသာစကားများ (အဇာဘိုင်ဂျန်၊ အက်စတိုးနီးယား၊ လူဇင်ဘာ့၊ တော်ဒို)[၁][၂][၃][၄] တို့တွင် အနောက်အဖွင့်နီးပါးအပြန့်သရရှိ၍ ([ɑ] နှင့် [ʌ] ကြားရှိ သရသံ) သဒ္ဒဗေဒအရ ⟨ɑ̝⟩ သို့ ⟨ʌ̞⟩ အဖြစ် ဖလှယ်ရေးသားနိုင်သည်။
လင်ဘားဂစ်ရှ် (Limburgish[မှတ်စု ၁]) ဘာသာစကား၏ ဒေသယိစကားဖြစ်သော ဟားမော့န်-အေချယ်စကား (Hamont-Achel dialect) တွင် အရှေ့၊ အလယ်၊ အနောက် အဖွင့်အပြန့်သရများကို ခွဲခြားထွက်ရှိကြသည်ဟု သိရသည်။[၅] ဤသည်မှာ ပုံမှန်မဟုတ်ဘဲ အလွန်ထူးခြားလှသည်။
ဤသရသံသည် မြန်မာဘာသာစကားရှိ (အာ-သရ) သံနှင့် တူညီသည့်အနေအထားရှိ၍ အင်္ဂလိပ်စကားလုံး calm ထွက်ရှိသကဲ့သို့ဖြစ်ကာ မြန်မာဘာသာစကား၌ လျှာသည် အနည်းငယ်ရှေ့သို့ ပိုရောက်သည်။[၆]
Remove ads
အင်္ဂါရပ်များ
- အဖွင့်သရဆိုရာ၌ လျှာသည် နိမ့်သောနေရာ၊ တစ်နည်း အာခေါင်မှ ဝေးသောနေရာတွင်ရှိသည်။
- သရ၏ ရှေ့နောက်သဘောအရ အနောက်သရအမျိုးအစားဖြစ်ရာ လျှာသည် ပါးစပ်၏ အနောက်တွင်တည်ရှိကာ ပိတ်ဆို့၍ ဗျည်းသံထွက်သည်အထိမဟုတ်ပေ။ အနောက်အပြန့်သရများသည် အလယ်သရဖက်သို့ တိမ်းတတ်၏ ။ ဆိုလိုသည်မှာ များမကြာခဏဆိုသလို ၎င်းတို့ကို အနောက်နီးပါးသရဟု ပြောလိုရင်းဖြစ်သည်။
- အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။
မှတ်စု
- လင်ဘားဂစ်ရှ်ဘာသာစကားသည် ဂျာမန်နွယ်ဘာသာစကားတစ်ခုဖြစ်၍ ဒတ်ချ်၊ ဘယ်လ်ဂျီယံနှင့် ဂျာမနီရှိ နယ်အချို့၌ ပြောဆိုကြသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads