အနောက်တစ်ဝက်ဖွင့်အပြန့်သရ

သရသံ From Wikipedia, the free encyclopedia

အနောက်တစ်ဝက်ဖွင့်အပြန့်သရ
Remove ads

အနောက်တစ်ဝက်ဖွင့်အပြန့်သရ (အင်္ဂလိပ်: open-mid back unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို အက္ခရာ ဗီ (v) ၏ ပြောင်းပြန်လှန်ပုံစံ (သို့ရာတွင် အက္ခရာ ကို အလယ်မှဖြတ်သည့်မျဉ်းတိုမပါရှိသည့်ပုံစံအနေဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။) ʌ ဟုကိုယ်စားပြုဖော်ပြထားသည်။[] ဤသရသင်္ကေတရော အသံကိုပါ ပုံမှန်အားဖြင့် သပ်ပုံစံ၊ ကာရာ့အမှတ် (caret) ၊ ဦးထုပ် အဖြစ်ညွှန်းဆိုခေါ်ဝေါ်ကြသည်။ အင်္ဂလိပ်ဘာသာစကားတွင် အလယ်အဖွင့်နီးပါးအပြန့်သရအတွက် ဤသင်္ကေတကို အက္ခရာဖလှယ်၍ အသုံးပြုကြသည်။[မှတ်စု ၁] ဒိန်းမတ်ဘာသာစကားတွင် ဤသင်္ကေတကို အနောက်အဖွင့်အဝိုင်းသရ အတွက် အက္ခရာဖလှယ်အသုံးပြုကြသည်။

အချက်တိုများ open-mid back unrounded vowel, ʌ ...
Remove ads
နောက်ထပ် အချက်အလက်များ IPA: Vowels, အရှေ့ ...
Remove ads

အင်္ဂါရပ်များ

  • တစ်ဝက်ဖွင့်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထားသည် အဖွင့်သရနှင့် တစ်ဝက်သရ၏ကြား တစ်ဝက်နေရာတွင်တည်ရှိသည်။
  • သရ၏ ရှေ့နောက်သဘောအရ အနောက်သရအမျိုးအစားဖြစ်ရာ လျှာသည် ပါးစပ်၏ အနောက်တွင်တည်ရှိကာ ပိတ်ဆို့၍ ဗျည်းသံထွက်သည်အထိမဟုတ်ပေ။ အနောက်အပြန့်သရများသည် အလယ်သရဖက်သို့ တိမ်းတတ်၏ ။ ဆိုလိုသည်မှာ များမကြာခဏဆိုသလို ၎င်းတို့ကို အနောက်နီးပါးသရဟု ပြောလိုရင်းဖြစ်သည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။
Remove ads

မှတ်စု

  1. အင်္ဂလိပ်စကားတွင် သုံးလေ့ရှိသော သဒ္ဒဗေဒအက္ခရာများနှင့် နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတို့သည် အချို့သောနေရာများ၌ သုံးစွဲပုံမတူကြသည်ကို သတိပြုရန်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads