အလယ်အဖွင့်နီးပါးသရ
From Wikipedia, the free encyclopedia
Remove ads
အလယ်အဖွင့်နီးပါးသရ (အင်္ဂလိပ်: near-open central vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို အက္ခရာအသေး အေ (a) အား အထက်အောက်လှန်ထားသည့်ပုံစံ [⟨ɐ⟩] ဖြစ်သည်။
Remove ads
အင်္ဂလိပ်စကား၌ ဤသရကို ⟨ʌ⟩ အဖြစ် အက္ခရာဖလှယ်မှု အများဆုံးဖြစ်သည်။ ဆိုလိုသည်မှာ ဤသရသည် အနောက်တစ်ဝက်ဖွင့်သရ အမျိုးအစားဖြစ်သည့်အလား (မှတ်ယူ)ဖလှယ်ကြသည်။ အချို့ဒေသယိစကားများတွင် ဤ ⟨ʌ⟩ အသံထွက်ကို တွေ့ရှိရသော်လည်း ပြောဆိုသူအများစုသည် အလယ်သရပုံစံ [ɐ] (သို့) အလယ်တစ်ဝက်ဖွင့်အပြန့်သရ [ɜ] ကို သုံးစွဲလေ့ရှိကြသည်။
မတြာဝက်သရ (schwa-ရွှား) ⟨ə⟩ ကဲ့သို့ ⟨ɐ⟩ သည် သရဝိုင်းခြင်းဖြစ် မဖြစ် အတွက်[၁] အဓိပ္ပာယ်သတ်မှတ်ထားခြင်းမရှိသော စွယ်စုံသုံးသရ အမျိုးအစားတစ်ခုဖြစ်သည်။ ဤသရကို အလယ်အဖွင့်နီးပါးသရ၊[၂] အရှေ့နီးပါးအဖွင့်နီးပါး၊[၃] အနောက်နီးပါးအဖွင့်နီးပါးသရ၊[၄] အလယ်တစ်ဝက်ဖွင့်သရ၊[၅] အလယ်အဖွင့်သရ၊[၆] စသည်တို့အတွက် သုံးစွဲနိုင်သည့်အပြင် ယေဘုယျသဘော ထိုနေရာတစ်ဝိုက်တွင် ထုတ်လုပ်/ဖြစ်ပေါ်သော သရသံပုံစံတို့အတွက်လည်း သုံးစွဲနိုင်ပေသည်။[၇]
Remove ads
အင်္ဂါရပ်များ
- ဤသရ၏နိမ့်မြင့်သဘောမှာ အဖွင့်နီးပါးဖြစ်၍ လျှာ၏အနိမ့်အမြင့်(အနေအထား)သည် သည် အဖွင့်သရနှင့် နီးကပ်စွာဆင်တူသည်။ သို့ရာ၌ လျှာသည် အဖွင့်သရလောက်ထိ မရောက်ရှိပေ။ ဆိုလိုသည်မှာ လျှာ၏နိမ့်မြင့်သည် အဖွင့်သရကဲ့သို့ အောင်ဆုံး၌တည်ရှိသည်မဟုတ်ပါ။
- သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
- သရဝိုင်းခြင်းအတွက် သီးသတ်သတ်မှတ်မထားသောကြောင့် နှုတ်ခမ်းကိုဝိုင်း၍ (သို့) ဖြန့်၍ ထွက်ဆိုနိုင်သည်ဟု ဆိုလိုသည်။ လက်တွေ့အားဖြင့်မူ အပြန့်(နှုတ်ခမ်းဖြန့်)သဘောမှာ ပို၍အဖြစ်များသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads