အလယ်အပိတ်အပြန့်သရ

From Wikipedia, the free encyclopedia

အလယ်အပိတ်အပြန့်သရ
Remove ads

အလယ်အပိတ်အပြန့်သရ (အင်္ဂလိပ်: close central unrounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ɨ ဖြင့်ပြဆိုသည်။ ပုံစံမှာ အက္ခရာ i ကို ဘေးမျဉ်းတိုတစ်ခု အလယ်မှဖြတ်သည့်ပုံ ဖြစ်သည်။ ဤအသံကို ပုံမှန်အားဖြင့် ဘားအိုင် (barred i) ဟုသမုတ်ကြသည်။

အချက်တိုများ close central unrounded vowel, ɨ ...
နောက်ထပ် အချက်အလက်များ IPA: Vowels, အရှေ့ ...

ဤသရသည် ရှားပါးသော "အာခေါင်(မာ)လွန် သရရွေ့" (post-palatal approximant) [j̈] ၏ အသံပိုင်းအရတူညီမှုရှိသည်။[]

အချို့ဘာသာစကားများတွင် "အလယ်အပိတ်နီးပါးအပြန့်သရ (ဤအသံ အကြောင်းlisten ) တည်ရှိကြ၍ ɨ̞ နှင့် ɪ̈ အဖြစ်ဖလှယ်ရေးသားမှုများသော်လည်း ဖြစ်နိုင်ချေ အခြားရေးသားမှုမှာ ɪ̠ နှင့် ɘ̝ တို့ဖြစ်သည်။ ဗြိတိသျှအဘိဓာန်များတွင် ဤသရကို ɪ ဟူ၍ ရေးသားဖော်ပြကြပြီး အမေရိကန်ရေးထုံး၌ ɨ (သို့) အဖြစ်ရေးသည်ကပိုများသည်။[] ကိုလည်း အခြားသောစာအုပ်စာပေများ၌ သုံးလေ့ရှိရာ ဥပမာ - ဂျွန် စီ ဝဲလ်ဇ်၏ Accents of English တွင်ဖြစ်သည်။ အောက်စဖို့ဒ်အင်္ဂလိပ်အဘိဓာန် (တတိယအကြိမ်မူ) တွင် ကို /ɪ/ နှင့် /ə/ ကြား အလွတ်အပြောင်းအလဲသရတစ်ခုအဖြစ် ဖော်ပြထားသည်။

Remove ads

အင်္ဂါရပ်များ

  • အပိတ်သရဆိုသည်မှာ လျှာသည် ခံတွင်း၌ အမြင့်ဆုံးအနေအထား၌တည်ရှိ၍ "အပိတ်" ဟုသုံးနှုန်းသည်။ ဗျည်းသံဖြစ်သည်အထိ မပိတ်ရပေ။
  • သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads