အလယ်အပိတ်အဝိုင်းသရ
From Wikipedia, the free encyclopedia
Remove ads
အလယ်အပိတ်အဝိုင်းသရ (အင်္ဂလိပ်: close central rounded vowel) သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ⟨ʉ⟩ ဟူ၍ဖော်ပြသည်။[၁] ဤသရသံရော သင်္ကေတကိုပါ "ဘားယူ" (barred u-မျဉ်းတိုတားယူ) ဟုပုံမှန်ခေါ်ဝေါ်လေ့ရှိကြသည်။
ဤအလယ်အပိတ်အဝိုင်းသရသည် ရှားပါးသော "နှုတ်ခမ်း(ဝိုင်း) အာခေါင်(မာ)လွန် သရရွေ့" (labialized post-palatal approximant) [ẅ] နှင့် အသံပိုင်းအရတူညီမှုရှိသည်။[၂]
ဘာသာစကားအများစု၌ ဤအဝိုင်းသရကို ထွက်ရှိရာတွင် နှုတ်ခမ်းကိုဆူဝိုင်း၍ အသံထုတ်ကြသည်။ သို့သော် အနည်းငယ်သော ဘာသာစကားများတွင် နှုတ်ခမ်းချပ်၍ ထွက်ရှိကြသည်။
Remove ads
- အပိတ်သရဆိုသည်မှာ လျှာသည် ခံတွင်း၌ အမြင့်ဆုံးအနေအထား၌တည်ရှိ၍ "အပိတ်" ဟုသုံးနှုန်းသည်။ ဗျည်းသံဖြစ်သည်အထိ မပိတ်ရပေ။
- သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
- အဝိုင်းသရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို (ဆူ)ဝိုင်း၍ ထွက်ရှိကြသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads