အရှေ့တစ်ဝက်အပြန့်သရ

From Wikipedia, the free encyclopedia

Remove ads

အရှေ့တစ်ဝက်အပြန့်သရ (အင်္ဂလိပ်: mid front unrounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် တစ်ဝက်ပိတ်သရd [e] နှင့် တစ်ဝက်ဖွင့်သရ [ɛ] ကြားရှိ အရှေ့တစ်ဝက်အပြန်သရကို ကိုယ်စားပြုနိုင်သော အက္ခရာမရှိပေ။ ပုံမှန်အားဖြင့် e အဖြစ်သာရေးသားကြသည်။ တိကျမှုကိုလိုအပ်ပါက အသံဖြည့်စွက်စကားလုံးကိုသုံး၍ နှင့် ɛ̝ ဟူ၍ ရေးသားနိုင်သည်။ ပထမပုံစံသည် e ကိုနှိမ့်ထားသည့်ပုံစံဖြစ်၍ ပိုမိုအသုံးများသည်။ တရုတ်နှင့် ကိုရီးယားစကားသံလေ့လာမှုပညာရပ်တွင် , (small capital E, U+1D07, ) ကို ရံခါတွင်အသုံးပြုကြကာ နမူနာအားဖြင့် ကျွန့်ကျန် ရှန်ဖန် (Zhengzhang Shangfang) ဘာသာစကား ပြန်လည်တည်ဆောက်မှုတွင် အသုံးပြုထားသည်။

အချက်တိုများ Mid front unrounded vowel, e̞ ...
Remove ads
နောက်ထပ် အချက်အလက်များ IPA: Vowels, အရှေ့ ...

သံရင်းအနေဖြင့် တစ်ဝက်နေရာ၌ (အပိတ်ဖက်လည်းမကျ၊ အဖွင့်ဖက်လည်းမကျ) အရှေ့အပြန့်သရတစ်ခုတည်းသာရှိသော ဘာသာစကားများအတွက် ထိုသရကို တစ်ဝက်စစ်စစ်အသံဖြင့် ထွက်လေ့ရှိကာ သဒ္ဒဗေဒအလိုအရ တစ်ဝက်ပိတ်သရ (သို့) တစ်ဝက်ဖွင့်သရသံများနှင့် ကွာခြား၍ ထွက်ရှိတတ်ကြသည်။ နမူနာပြရလျှင် ဘာ့စ်ခ်ဘာသာ (Basque) ၊ စပိန်၊ ရိုမေးနီးယား၊ တူရကီ၊ ဂျပန်၊ ဖင်လန်၊ ဂရိ၊ ဟဲဂျားဇိ အာရေးဗျ၊ ဆာဘို-ခရိုအေးရှ၊ ကိုရီးယားဒေသယိဖြစ်သော ဆိုးလ်ဒေသယိစကား တို့ဖြစ်ကြသည်။ အင်္ဂလိပ်ဒေသယိဘာသာစကားများစွာတွင်လည်း ဤသရသံတည်ရှိသည်။ သို့ရာတွင် ယေဘုယျ ထိုသို့သတ်မှတ်ချက်မျိုးမရှိပေ။ လီဘိုစကား (Lgbo) ၊ အီဂျစ်အာရေးဗျ၊ တို့၌ တစ်ဝက်ပိတ် [e] သရရှိ၍ ဘူလ်ဂေးရီးယား တွင် တစ်ဝက်ဖွင့် [ɛ] သရရှိသည်။ သို့သော် ဤဘာသာစကားတို့၌ သံရင်းအရ အခြား အရှေ့တစ်ဝက်သရနောက်တစ်ခု မရှိပေ။

ထိုင်းနှင့်မလေးရှားတို့တွင် ပြောဆိုကြသော ကန်ဆီယူ (Kensiu) စကားတွင် တစ်ဝက်စစ်စစ်သရများရှိသည်ဟု အခိုင်အမာဆိုကြ၍ ထိုသရများသည် အရှေ့/အနောက်ကဲ့သို့သော ငန့်သတ်ဘောင်များမရှိဘဲ သံရင်းပိုင်းဆိုင်ရာအရ အပိတ်၊ အဖွင့်ဖက် တိမ်းသော သရများနှင့် ကွာခြားသည်ဟုလည်း ဆိုကြ၏ ။[]

Remove ads

အင်္ဂါရပ်များ

  • သရ၏ အမြင့်မှာ တစ်ဝက်ပိတ်သရနှင့် တစ်ဝက်ဖွင့်သရကြား တစ်ဝက်နေရာတွင်ရှိသည်။
  • လျှာ၏ ရှေ့နောက် အနေအထား၌ လျှာသည် ခံတွင်း၏ အရှေ့ဘက်သို့ ရောက်ရှိနေသည်။ သို့သော် ဗျည်းသံဖြစ်ပေါ်သည်အထိ ပိတ်ဆို့လိုက်ခြင်းမပြုရချေ။
  • အပြန့်သရဟုဆိုရာ၌ နှုတ်ခမ်းကိုဖြန့်၍ အသံထွက်ရှိသည်။

ရည်ညွှန်းကိုးကား

Loading content...

References

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads