အလယ်တစ်ဝက်ပိတ်အဝိုင်းသရ

From Wikipedia, the free encyclopedia

အလယ်တစ်ဝက်ပိတ်အဝိုင်းသရ
Remove ads

အလယ်တစ်ဝက်ပိတ်အဝိုင်းသရ (အင်္ဂလိပ်: close-mid central rounded vowel သည် အပြောဘာသာစကားအချို့တို့တွင် အသုံးပြုသည့် သရသံအမျိုးအစားတစ်ခုဖြစ်ဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ဤသရသံကို ɵ အဖြစ်ပြဆို၍ Ɵ ၏ စာလုံးအသေးဖြစ်သည်။

အချက်တိုများ close-mid central rounded vowel, ɵ ...
နောက်ထပ် အချက်အလက်များ IPA: Vowels, အရှေ့ ...

ɵ အက္ခရာကို လက်တင်မှဆင်းသက်သော အက္ခရာအချို့တို့တွင် အသုံးပြုလာခဲ့ကြရာ နမူနာမှာ ယာငါလိဖ် (Yañalif) ဖြစ်သည်။ သို့သော် ထိုအသံနှင့် အိုင်ပီအေ၏ အသံမှာ မတူညီပေ။

ဤသရသံသည် ကန်တုံးစကား (တရုတ်) ၊ ဒတ်ချ်၊ ပြင်သစ်၊ ရုရှား၊ ဆွီဒင်နှင့် အင်္ဂလိပ်ဒေသယိစကားများစွာတို့၌ တည်ရှိသည်။ ဥပမာ - foot/ʊ/ (အွတ်-သရ)၊ nurse/ɜː/ (အား-သရ) (သို့) goat/oʊ/ (အိုး-သရ) စသည်တို့ကဲ့သို့ အသံထွက်ရှိမှုဖြစ်သည်။

ဤသရသံသည် အရှေ့အပိတ်နီးပါးအဝိုင်းသရနှင့် နီးစပ်သဖြင့် ရံခါတွင် ʏ ဟူ၍လည်း ဖလှယ်ရေးသားကြ၏ ။

Remove ads

အင်္ဂါရပ်များ

  • တစ်ဝက်ပိတ်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထာအရး တစ်ဝက်သရထက် အပေါ်သို့ရောက်ရှိကာ အပိတ်နီးပါးသရ၏ အောက်ဘက်၌တည်ရှိသည်။
  • သရ၏ ရှေ့နောက်သဘောအရ အလယ်သရအမျိုးအစားဖြစ်ရာ လျှာ၏တည်နေရာသည် အရှေ့သရနှင့် အနောက်သရကြားအလယ်တွင် ရှိသည်။
  • အဝိုင်းသရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဝိုင်း၍ ထွက်ရှိကြသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads