၂၀၀၆ အာရှ အားကစားပြိုင်ပွဲ

၁၅ ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ From Wikipedia, the free encyclopedia

၂၀၀၆ အာရှ အားကစားပြိုင်ပွဲ
Remove ads

၂၀၀၆ အာရှ အားကစားပြိုင်ပွဲ (အာရပ်: دورة الألعاب الآسيوية ٢٠٠٦, Dawrat al-ʼAl‘ab al-Asīawīah 2006) သည် ကာတာနိုင်ငံ ဒိုဟာမြို့တွင် ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့မှ ၁၅ရက်နေ့အထိ ကျင်းပခဲ့သော ၁၅ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အားကစားနည်းပေါင်း ၃၉မျိုးတွင် ပြိုင်ပွဲပေါင်း ၄၂၄ပွဲ ကျင်းပခဲ့သည်။ ဒိုဟာမြို့မှာ ကာတာနိုင်ငံအတွင်း အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် ပထမဆုံးမြို့ဖြစ်ပြီး ၁၉၇၄ တီဟီရန်ပွဲတော်ကို လက်ခံကျင်းပခဲ့သည့် တီဟီရန်မြို့ပြီးလျှင် အနောက်အာရှ၏ ဒုတိယမြောက် အိမ်ရှင်မြို့ဖြစ်သည်။

အချက်တိုများ ကျင်းပရာမြို့, ပါဝင်သော နိုင်ငံများ ...

ပထမဆုံးအကြိမ်အဖြစ် အာရှ အိုလံပစ်ကောင်စီ အဖွဲ့ဝင် ၄၅နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။Eurosportမှ ပြိုင်ပွဲများကို ထုတ်လွှင့်ခဲ့၍ အာရှနိုင်ငံများ၏ ယှဉ်ပြိုင်နေမှုများကို ဥရောပမှ ပြည်သူများ ကြည့်ရှုနိုင်ခဲ့သည်။[]

တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံများက နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ အိမ်ရှင် ကာတာနိုင်ငံအနေဖြင့် နဝမနေရာတွင် ရပ်တည်ခဲ့သည်။ ကမ္ဘာ့စံချိန်နှင့် အာရှ စံချိန် တော်တော်များများ ကျိုးခဲ့ကြသည်။ သို့သော် ပြိုင်ပွဲအတွင်း အငြင်းပွားစရာများစွာ ရှိခဲ့သည်။ တောင်ကိုရီးယား မြင်းစီးသမား ကင်ဟွန်းချီသည် မလွှဲသာသော ပွဲတွင်းမတော်တဆမှုကြောင့် သေဆုံးခဲ့ရသည်။ အားကစားပြိုင်ပွဲများမှာ ယေဘူယျအားဖြင့် အောင်မြင်သည်ဟု ယူဆနိုင်ပြီး အာရှ အားကစားလောကကို မြင့်မားလာစေခဲ့သည်။ ရွှေတံဆိပ် ၃ခု အပါအဝင် ဆုတံဆိပ် ၇ခု ရရှိခဲ့သော တောင်ကိုရီးယား ရေကူး အားကစားသမား ပတ်တေးဝန်သည် အကောင်းဆုံးကစားသမား (MVP)အဖြစ် ကြေညာခံခဲ့ရသည်။

Remove ads

လက်ခံကျင်းပခြင်း

အိမ်ရှင်အဖြစ် ယှဉ်ပြိုင်ခြင်း

၂၀၀၀ခုနှစ် နိုဝင်ဘာလ ၁၂ရက်နေ့တွင် ၂၀၀၆ပွဲတော်အတွက် အိမ်ရှင်ရွေးချယ်ပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် ကျင်းပခဲ့သည်။ အာရှ အိုလံပစ်ကောင်စီ အဖွဲ့ဝင် ၄၁နိုင်ငံမှ မဲပေးရွေးချယ်ခဲ့သည်။ အကြိမ် ၃ကြိမ် မဲပေးရကာ တစ်ကြိမ်ပြီးတိုင်း တစ်မြို့ကို ပယ်ထုတ်ရသည်။[][]ပထမအကြိမ်ပြီးနောက် မဲ၂မဲသာ ရရှိသော အိန္ဒိယနိုင်ငံမှ နယူးဒေလီမြို့ကို ပယ်ခဲ့ကြသည်။ ဒုတိယအကြိမ်တွင် နောက်ဆုံး ကျန်ရှိသော မြို့၃မြို့မှ ဒိုဟာမြို့ကို ရွေးချယ်ခဲ့ကြသည်။ []

Thumb
၂၀၀၆ပွဲတော်အတွင်းက အားကစားရွာများ
နောက်ထပ် အချက်အလက်များ ၂၀၀၆ အာရှ အားကစားပြိုင်ပွဲ၏ မဲရလဒ်များ, မြို့ ...

အာရှ အိုလံပစ် ကောင်စီ၏ စည်းမျဉ်းများအရ မဲပေးသူအရေအတွက်၏ တစ်ဝက်ကျော်သော မြို့မှာ အလိုအလျောက် အရွေးခံရပြီး ကျန်ရှိနေသော အကြိမ်ရေများကို ပယ်ဖျက်သည်။ ဒိုဟာမာ ၄၁မဲမှ ၂၂မဲရရှိခဲ့၍ တတိယအကြိမ် ရွေးချယ်ရန်မလိုတော့ဘဲ ၂၀၀၆ပွဲတော်၏ အိမ်ရှင်အဖြစ် သတ်မှတ်ခဲ့သည်။ ဒိုဟာအတွက် ပေးခဲ့သောမဲများမှာ အနောက်အာရှနိုင်ငံများမှ မဲများဖြစ်သည်။[]

ထိုသို့ရွေးချယ်ခံရမှုအပေါ်တွင် မလေးရှား၊ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့မှ စိတ်ပျက်ခဲ့ကြသည်။ မလေးရှားနိုင်ငံမှ ဒိုဟာကို ရွေးချယ်ကြခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း၊၎င်းကို ရွေးရခြင်းမှာ ကာတာနိုင်ငံ၏ ဓနအင်အားကြီးမားမှုကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။[][]

ကြိုတင်ပြင်ဆင်မှုများ

အားကစားကွင်းများ

Thumb
လာဘ်ကောင်၏ ရုပ်တု
  • အေအယ် အာရေဘီ အားကစားကွင်းများ -ဓားသိုင်းအတတ်၊ ဘောလုံး၊ ရတ်ဘီ၇ယောက်၊ စားပွဲတင်တင်းနစ်
  • Al-Dana Club –ကိုယ်ကာယအလှပြ၊ စစ်တုရင်၊ အလေးမ
  • အေအယ် ဂါရဖာ အားကစားကလပ် – ဘောလုံး၊ handball
  • Al-Khor Road Course – စက်ဘီးစီးခြင်း
  • Al-Rayyan Sports Club – ဗေ့စဘော၊ ဘောလုံး၊ ဟော်ကီ၊ ဘော်လီဘော softball
  • Al-Sadd Sports Club – Cue sports၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဝါတာပိုလို
  • ASPIRE Academy for Sports Excellence]] – gymnastics၊ ကြက်တောင်ရိုက်၊လက်ဝှေ့၊ ကနူးလှေ၊ ကယက်လှေ၊ kabaddi၊ rhythmic gymnastics၊ trampoline၊ နပန်း၊ ဝူရှူး
  • ဘတ်စကတ်ဘော မိုးလုံလေလုံ အားကစားရုံ
  • Corniche –စက်ဘီးစီး၊ ပြေးခုန်ပစ်၊ လက်ဆင့်ကမ်း ၃ယောက် အားကစားနည်း
  • ဒိုဟာ ဂေါက် ကလပ် – ဂေါက်သီးရိုက်
  • ဒိုဟာ မြင်းစီး ကလပ် – မြင်းစီး
  • ဒိုဟာ ရွက်လှေ ကလပ် – ရွက်လှေ
  • ဟာမတ် ရေကူးကန် –ဒိုင်ဗင်၊ရေကူး၊ synchronised swimming
  • Khalifa International Tennis and Squash Complex –Soft Tennis၊
squash၊ တင်းနစ်
  • ခါလီဖာ အားကစားကွင်း –ပြေးခုန်ပစ်
  • Lusail Shooting Complex – မြားပစ်၊ သေနတ်ပစ်
  • Mesaieed Endurance Course – မြင်းစီး( Endurance)
  • ကာတာ ဘိုလင်း စင်တာ – ဘိုလင်း
  • ကာတာ အားကစား ကလပ် – ဘောလုံး၊ ဂျူဒို၊ ကရာတေးဒို၊ တိုက်ကွမ်ဒို
  • The Sport City – ဘော်လီဘော (ကမ်းခြေ)
  • West Bay Lagoon – လှေလှော်
Remove ads

ပြိုင်ပွဲ အထိမ်းအမှတ်များ

လာဘ်ကောင်

ဒိုဟာ အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီက "Orry"ဟု ခေါ်သော ဒရယ်ကို ၁၅ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်အဖြစ် ရွေးချယ်ခဲ့သည်။ []

မီးထွန်းညှိတိုင် လက်ဆင့်ကမ်း သယ်ဆောင်ခြင်း

မီးထွန်းညှိတိုင် လက်ဆင့်ကမ်း သယ်ဆောင်ခြင်းကို ၁၉၅၈ နယူးဒေလီပွဲတော်ကပင် ပြုလုပ်ခဲ့ကြသည်။၂၀၀၆ ဒိုဟာပွဲတော်အတွက် မီးထွန်းညှိတိုင် လက်ဆင့်ကမ်း သယ်ဆောင်ခြင်း အစီအစဉ်များကို ဒိုဟာ အာရှ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီက ၂၀၀၆ခုနှစ် ဇန်နဝါရီ ၂၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။[]

မီးထွန်းညှိတိုင်ကို ၂၀၀၆ခုနှစ် အောက်တိုဘာလ ၈ရက်နေ့တွင် ဒိုဟာ ဂေါက်ကလပ်တွင် ကျင်းပသော ဧည့်ဝတ်ကျေပြွန်ခြင်း၏ မီးတောက် အခမ်းအနားတွင် စတင် မီးထွန်းညှိခဲ့သည်။[၁၀]လူပေါင်း ၃၀၀၀မှ ယခင် အာရှ အားကစားပြိုင်ပွဲများကို လက်ခံကျင်းပခဲ့သည့် မြို့၈မြို့နှင့် ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင် ၄မြို့ကို ဖြတ်သန်းကာ မီးထွန်းညှိတိုင်ကို လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသည်။ မီးထွန်းညှိတိုင်သည် နိုင်ငံပေါင်း ၁၃နိုင်ငံမှ ၂၃မြို့ကို ဖြတ်သန်းခဲ့သည်။ လက်ဆင့်ကမ်း သယ်ဆောင်ခြင်းမှာ ၅၅ရက်ကြာမြင့်ခဲ့ပြီး ၅၀၀၀၀ ကီလိုမီတာ ခရီးအကွာအဝေးကို ဖြတ်သန်းခဲ့သည်။၎င်းမှာ အာရှ အားကစားပြိုင်ပွဲတွင် အရှည်ဆုံး လက်ဆင့်ကမ်းသယ်ယူခြင်းဖြစ်သည်။ []

Thumb
မီးထွန်းညှိတိုင် လက်ဆင့်ကမ်း သယ်ဆောင်ရာ လမ်းကြောင်း

အောက်ပါတို့မှာ ကာတာနိုင်ငံပြင်ပတွင် မီးထွန်းညှိတိုင် လက်ဆင့်ကမ်း သယ်ဆောင်ခဲ့သည့် မြို့များဖြစ်သည်။[၁၁][၁၂]

  1. အိန္ဒိယနိုင်ငံ အိန္ဒိယနိုင်ငံနယူးဒေလီမြို့
  2. ကိုရီးယားသမ္မတနိုင်ငံ တောင်ကိုရီးယားနိုင်ငံဘူဆန်မြို့
  3. ဖိလစ်ပိုင်နိုင်ငံ ဖိလစ်ပိုင်နိုင်ငံမနီလာမြို့
  4. ဂျပန်နိုင်ငံ ဂျပန်နိုင်ငံဟီရိုရှီးမားမြို့
  5. တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်နိုင်ငံပေကျင်းမြို့, ကွမ်ကျိုးမြို့, ဟောင်ကောင်, မကာအို
  6. အင်ဒိုနီးရှားနိုင်ငံ အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့
  7. ထိုင်းနိုင်ငံ ထိုင်းနိုင်ငံဘန်ကောက်မြို့
  8. အီရန်နိုင်ငံ အီရန်နိုင်ငံမရှတ်မြို့, အစ္စဖန်မြို့, တီဟီရန်မြို့
  9. အိုမန်နိုင်ငံ အိုမန်နိုင်ငံဆလာလတ်မြို့, မတ်စကတ်မြို့, ဆော်ဟာမြို့
  10. အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ယူအေအီးဟာတာမြို့, ရှာဂျက်မြို့, ဒူဘိုင်းမြို့, အဘူဒါဘီမြို့
  11. ကူဝိတ်နိုင်ငံ ကူဝိတ်နိုင်ငံကူဝိတ် စီးတီး
  12. ဘာရိန်းနိုင်ငံ ဘာရိန်းနိုင်ငံမာနာမာမြို့

ထို့နောက် ဒိုဟာသို့ ပြန်လည် ရောက်ရှိပြီး ကာတာနိုင်ငံအတွင်း လက်ဆင့်ကမ်းသယ်ဆောင်ခြင်းကို ၂၀၀၆ခုနှစ် နိုဝင်ဘာလ ၂၅ရက်နေ့တွင် စတင်ခဲ့ကာ ဖွင့်ပွဲ အခမ်းအနားကျင်းပချိန်အထိ ဖြစ်သည်။

Remove ads

ပွဲများနှင့် အားကစား

ဖွင့်ပွဲ အခမ်းအနား

Thumb
ခါလီဖာ အားကစားကွင်းတွင် ဖွင့်ပွဲ အခမ်းအနားပြုလုပ်စဉ်

၂၀၀၆ အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ခါလီဖာ အားကစားကွင်းတွင် ၂၀၀၆ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့တွင် ကျင်းပခဲ့သည်။ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သမ္မတ မာမွတ် အမာဒိုင်ဂျက်၊ ပါလတ်စတိုင်းနိုင်ငံ ဝန်ကြီးချုပ် အစ္စမေး ဟန်နီရယ်၊ ဆီးရီးယား အာရပ်သမ္မတနိုင်ငံ သမ္မတ ဗိုလ်ချုပ်ကြီး ဟာဖစ်အာဆတ် ဘာရှား အာဆတ် နှင့်အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ဂျက်ရော်ဂယ်တို့ တက်ရောက်ခဲ့ကြသည်။ စုစုပေါင်း ပရိသတ် ၅၀၀၀၀ တက်ရောက် အားပေးကြသည်။[၁၃]

ဖွင့်ပွဲ အခမ်းအနားတွင် အာရပ်နိုင်ငံများနှင့် အခြား အာရှ နိုင်ငံများ၏ ရိုးရာဓလေ့များကို ဖျော်ဖြေတင်ဆက်ခဲ့သည်။ ဖွင့်ပွဲကို မီးရှူးတိုင် တာဝါကို မီးထွန်းညှိပြီး ပြီးဆုံးခဲ့သည်။

Thumb
ဖွင့်ပွဲ အခမ်းအနားတွင် တွေ့ရသော အားကစားသမားများ

ပိတ်ပွဲ အခမ်းအနား

၂၀၀၆ အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ရက်နေ့တွင် ကျင်းပခဲ့သည်။ ဖျော်ဖြေရေးများ အပြီးတွင် အဖွဲ့ဝင် ၄၅နိုင်ငံမှ အားကစားသမားအားလုံး ချီတက်ဝင်ရောက်လာကြသည်။ ထို့နောက် အာရှ အိုလံပစ်ကောင်စီ ဥက္ကဋ္ဌမှ ပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။ ထို့နောက် ၂၀၁၀ ကွမ်ကျိုး ပွဲတော်ကို လက်ခံကျင်းပမည့် ကွမ်ကျိုးမြို့တော်ဝန်ထံသို့ အာရှ အားကစားပြိုင်ပွဲအလံကို လွှဲပြောင်းပေးခဲ့သည်။

ပါဝင်သော နိုင်ငံများ

Thumb
ပါဝင်သော နိုင်ငံများ

အာရှ အိုလံပစ် ကောင်စီအဖွဲ့ဝင်နိုင်ငံ ၄၅နိုင်ငံလုံး ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့ကြသည်။

ပါဝင်သော အားကစားနည်းများ

  • ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ရေကူး
    • Synchronized swimming
    • ဝါတာပိုလို
  • မြားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ဗေ့စဘော
  • ဘတ်စကက်ဘော
  • ကိုယ်ကာယ အလှပြ
  • ဘိုလင်း
  • လက်ဝှေ့
  • ကနူးလှေ
  • စစ်တုရင်
  • Cue Sports
  • စက်ဘီးစီး
    • Road
    • Track
  • မြင်းစီး
  • ဓားသိုင်းအတတ်
  • ဘောလုံး
  • ဂေါက်သီးရိုက်
  • ဂျွမ်းဘား
    • Artistic
    • Rhythmic
    • Trampoline
  • Handball
  • ဟော်ကီ
  • ဂျူဒို
  • Kabaddi
  • ကရာတေး
  • လှေလှော်
  • ရက်ဘီ
  • ရွက်လှေ
  • ပိုက်ကျော်ခြင်း
  • သေနတ်ပစ်
  • Softball
  • Soft tennis
  • Squash
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • အားကစားနည်း၃မျိုး လက်ဆင့်ကမ်း
  • ဘော်လီဘော
    • ကမ်းခြေ
    • ရုံတွင်း
  • အလေးမ
  • နပန်း
  • ဝူရှူး

ဆုတံဆိပ်ဇယား

  *   အိမ်ရှင်

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...

ကစားသမား သေဆုံးခြင်း

တောင်ကိုရီးယား မြင်စီးသမား ကင်ဟွန်းချီသည် ဒီဇင်ဘာ ၇ရက်နေ့တွင် မိုးရွာထဲ၌ ယှဉ်ပြိုင်ကြစဉ် မြင်းပေါ်မှ ပြုတ်ကျကာ သေဆုံးခဲ့သည်။ [၁၄]ကင်မှာ ကာတာစံတော်ချိန် မွန်းမတည့်မီတွင် သေဆုံးသွားခဲ့သည်။ တောင်ကိုရီးယား အမျိုးသား အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ကင်ဂျွန်ကီ၏ ပြောစကားအရ မြင်းမှာ အမြင့်ခုန်ရာတွင် ချော်သွားခြင်းဖြစ်သည်။ ကင်၏ ဖခင်မှာ ၁၉၆၄ နွေရာသီအိုလံပစ်တွင် တောင်ကိုရီးယား လက်ရွေးစင် တစ်ယောက်ဖြစ်သည်။ ကင်မှာ ၂၀၀၂ ဘူဆန်ပွဲတော်တွင် ငွေတံဆိပ် ရရှိခဲ့သူဖြစ်သည်။

Remove ads

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads