နိုင်ငံခြားရေး ဝန်ကြီးဌာန

မြန်မာနိုင်ငံ ဝန်ကြီးဌာန From Wikipedia, the free encyclopedia

နိုင်ငံခြားရေး ဝန်ကြီးဌာန
Remove ads

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် နိုင်ငံခြားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အဓိကဆောင်ရွက်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်ထားသည်။ အာဏာသိမ်းစစ်အစိုးရမှ ခန့်အပ်ထားသော လက်ရှိဝန်ကြီးမှာ ဦးသန်းဆွေဖြစ်သည်။ အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကဒေါ်ဇင်မာအောင်အား ပြည်ထောင်စုဝန်ကြီး တာဝန်များကို ထမ်းဆောင်ရန် ပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[]

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

သမိုင်း​ကြောင်း

မြန်မာနိုင်ငံ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်အောက်ရှိစဉ်၊ ၁၉၃၅ခုနှစ် ၊ မြန်မာပြည်အက်ဥပဒေ (Government of Burma Act, 1935 )၊ ပုဒ်မ (၇) ပြဋ္ဌာန်းချက်အရ နိုင်ငံခြားရေးကိစ္စများနှင့် ကာကွယ်ရေး၊ သာသနာရေးကိစ္စများကို မြန်မာနိုင်ငံဘုရင်ခံက တစ်ချက်လွှတ်အာဏာဖြင့် ဆောင်ရွက်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်းနှင့် ဗြိတိသျှအစိုးရ အိန္ဒိယသို့ ဆုတ်ခွာသည့် ၁၉၄၂ ခုနှစ် အချိန်တို့တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးရာကိစ္စကို မြန်မာပြည်ကာကွယ်ရေးဝန်ကြီးဌာန (Defence Department) တစ်ခုတည်းက တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးဆုံးပြီးနောက် အိန္ဒိယမှ မြန်မာနိုင်ငံသို့ ဗြိတိသျှအစိုးရ ပြန်လည်ဝင်ရောက်လာသည့်အချိန်တွင် ၁၉၃၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မြန်မာပြည်အက်ဥပဒေသည် ပြန်လည်အသက်ဝင်လာခဲ့သည်။ယင်းအက်ဥပဒေ၊ ပုဒ်မ (၇)ပါ ပြဋ္ဌာန်းချက်ကို  တာဝန်ယူဆောင်ရွက်ရန်၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာဌာန(Defence and External Affairs Department) ကိုတည်ထောင်၍ ဘုရင်ခံ၏ အတိုင်ပင်ခံအရာရှိတစ်ဦးက တိုက်ရိုက်တာဝန်ယူဆောင်ရွက်ခဲ့သည်။

Thumb
ယခင်အမှတ်တံဆိပ်

၁၉၄၆ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်း၌ မြန်မာပြည်သူများ၏ တောင်းဆိုချက်အရ အဆိုပါဌာနကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီအောက်တွင် ထားရှိခဲ့ပြီး၊ ထိုစဉ်က ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယသဘာပတိဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ယူဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရ တို့ဆွေးနွေးသဘောတူညီချက်အရ နိုင်ငံခြားရေးရာကိစ္စများတွင် မြန်မာနိုင်ငံ၏ သဘောအလျောက် ဆောင်ရွက်ခွင့် ရရှိလာခဲ့ပြီး နိုင်ငံခြားရေးရာဌာန(Department of Foreign Affairs)  ကို ၁၉၄၇ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နေ့စွဲပါ ကာကွယ်ရေးနှင့် ပြည်ပရေးရာဌာန၏ အမှာစာ ၇၇ ဒီ(အမ် အမ်) ၄၇ အရ ဗိုလ်ချုပ်အောင်ဆန်း၏ ကြီးကြပ်မှုအောက်တွင် သီးခြားဖွဲ့စည်းခဲ့သည့်နေ့ရက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန  စတင်ဖွဲ့စည်းထူထောင်သည့်နေ့ဟု သတ်မှတ်ခဲ့သည်။ စတင်ဖွဲ့စည်းချိန်၌ အတွင်းဝန် (၁) ဦး၊ ရုံးအုပ်ကြီး (၁) ဦး၊ အထက်တန်းစာရေး(၃)ဦး ၊ အောက်တန်းစာရေး(၁)ဦး၊ မင်းစေ(၂)ဦး ၊ စုစုပေါင်း အရာထမ်း(၁)ဦးနှင့် အမှုထမ်း (၈) ဦးသာ ရှိခဲ့သည်။ ယင်းအချိန် နိုင်ငံခြားရေးဝန်ကြီးဌာန  ၏ အတွင်းဝန် မှာ အိုင်စီအက်(စ်)ဦးရွှေဘော် ဖြစ်သည်။

၁၉၄၈ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် နိုင်ငံခြားရေးရာဌာနကို နိုင်ငံခြားရေးရုံးတော်(Foreign Office) ဟူ၍ ပြောင်းလဲခေါ်ဆိုခဲ့ပြီးနောက်၊ အတွင်းဝန်ဆိုသည့် ရာထူးအသုံးအနှုန်း ကို အမြဲတမ်းအတွင်းဝန်ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ၁၉၆၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် နိုင်ငံခြားရေးရုံးတော် အမည်မှ နိုင်ငံခြားရေးဝန်ကြီးဌာန(Ministry of Foreign Affairs) ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။[]

သံတမန်အဆက်အသွယ်များ

မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၂၆ နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားပြီးဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၎င်းတို့၏ သံတမန်အဆက်အသွယ် ထူထောင်နိုင်မှုမှာ သုံးပုံနှစ်ပုံခန့် ရှိသည်။ ၂၀၂၃ ခုနှစ်တွင် ဂီနီဘစ်ဆောသမ္မတနိုင်ငံသည် မြန်မာနိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ခဲ့သည့် နောက်ဆုံးနိုင်ငံ ဖြစ်သည်။

Remove ads

ဌာနများ

Thumb
ရုံးအမှတ် (၉)

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနများ ထပ်မံခွဲထားသည်။

  1. ပြည်ထောင်စုဝန်ကြီးရုံး
  2. နိုင်ငံရေးရာ ဦးစီးဌာန
  3. အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန
  4. မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန
  5. သံတမန်ရေးရာ ဦးစီးဌာန
  6. အာဆီယံရေးရာ ဦးစီးဌာန
  7. ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန
  8. စီမံကိန်းနှင့် စီမံရေးရာ ဦးစီးဌာန တို့ဖြစ်သည်။

အကြီးအကဲများ

ဝန်ကြီးများ

၁၉၄၇ ခုနှစ်မှ ယနေ့အချိန်အထိ နိုင်ငံခြားရေးဝန်ကြီး (၂၄) ဦးနှင့် ပြည်ထောင်စုဝန်ကြီး (၂) ဦး တာဝန်ထမ်း​ဆောင်​နေသည်။[]

စဉ် အမည် တာဝန် တာဝန်စတင် တာဝန်ပြီးဆုံး
၁။ ဗိုလ်ချုပ်အောင်ဆန်း ဝန်ကြီး ၁၇-၃-၁၉၄၇ ၁၉-၇-၁၉၄၇
၂။ ဦးနု ဝန်ကြီး ၂၁-၇-၁၉၄၇ ၁-၈-၁၉၄၇
၃။ ဦးလွန်းဘော် ဝန်ကြီး ၂-၈-၁၉၄၇ ၃၀-၁၀-၁၉၄၇
၄။ ဦးတင်ထွဋ် ဝန်ကြီး ၃၁-၁၀-၁၉၄၇ ၁၆-၈-၁၉၄၈
၅။ ဦးကျော်ငြိမ်း ဝန်ကြီး ၁၄-၉-၁၉၄၈ ၃၁-၃-၁၉၄၉
၆။ သခင်နု ဝန်ကြီး ၁-၄-၁၉၄၉ ၄-၄-၁၉၄၉
၇။ ဦးအေးမောင် ဝန်ကြီး ၅-၄-၁၉၄၉ ၂၀-၁၂-၁၉၄၉
၈။ ဦးစဝ်ခွန်ချို ဝန်ကြီး ၂၀-၁၂-၁၉၄၉ ၂၈-၁၀-၁၉၅၈
၉။ ဦးသိမ်းမောင် ဝန်ကြီး ၂၉-၁၀-၁၉၅၈ ၁၃-၂-၁၉၅၉
၁၀။ ဦးချန်ထွန်းအောင် ဝန်ကြီး ၂၇-၂-၁၉၅၉ ၃-၄-၁၉၆၀
၁၁။ ဦးစဝ်ခွန်ချို ဝန်ကြီး ၄-၄-၁၉၆၀ ၁-၃-၁၉၆၂
၁၂။ ဦးသီဟန် ဝန်ကြီး ၂-၃-၁၉၆၂ ၁၈-၆-၁၉၆၉
၁၃။ ဒေါက်တာမောင်လွင် ဝန်ကြီး ၁၉-၆-၁၉၆၉ ၄-၈-၁၉၇၀
၁၄။ ဒေါက်တာလှဟန် ဝန်ကြီး ၄-၈-၁၉၇၀ ၂၀-၄-၁၉၇၂
၁၅။ ဦးကျော်စိုး ဝန်ကြီး ၂၀-၄-၁၉၇၂ ၁-၃-၁၉၇၄
၁၆။ ဦးလှဘုန်း ဝန်ကြီး ၂-၄-၁၉၇၄ ၃-၃-၁၉၇၈
၁၇။ ဦးမြင့်မောင် ဝန်ကြီး ၃-၃-၁၉၇၈ ၁၈-၃-၁၉၈၀
၁၈။ ဦးလေးမောင် ဝန်ကြီး ၁၉-၃-၁၉၈၀ ၉-၁၁-၁၉၈၁
၁၉။ ဦးချစ်လှိုင် ဝန်ကြီး ၉-၁၁-၁၉၈၁ ၄-၁၁-၁၉၈၅
၂၀။ ဦးရဲခေါင် ဝန်ကြီး ၄-၁၁-၁၉၈၅ ၁၈-၉-၁၉၈၈
၂၁။ ဗိုလ်ချုပ်မှူးကြီးစောမောင် ဝန်ကြီး ၂၀-၉-၁၉၈၈ ၁၇-၉-၁၉၉၁
၂၂။ ဦးအုန်းဂျော် ဝန်ကြီး ၁၈-၉-၁၉၉၁ ၁၅-၁၁-၁၉၉၈
၂၃။ ဦးဝင်းအောင် ဝန်ကြီး ၁၅-၁၁-၁၉၉၈ ၁၇-၉-၂၀၀၄
၂၄။ ဦးဉာဏ်ဝင်း ဝန်ကြီး ၁၈-၉-၂၀၀၄ ၃၀-၃-၂၀၁၁
၂၅။ ဦးဝဏ္ဏမောင်လွင် ပြည်ထောင်စုဝန်ကြီး ၃၀-၃-၂၀၁၁ ၃၀-၃-၂၀၁၆
၂၆။ ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီး ၃၀-၃-၂၀၁၆ ၁ ဖေဖော်ဝါရီ ၂၀၂၁
၂၇။ ဦးဝဏ္ဏမောင်လွင် ပြည်ထောင်စုဝန်ကြီး ၁ ဖေဖော်ဝါရီ ၂၀၂၁ ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃
၂၈။ ဦးသန်း​ဆွေ ပြည်​ထောင်စုဝန်ကြီး ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၃ လက်ရှိ

[]

ဒုတိယဝန်ကြီးများ

  1. ဦးလှဖုန်း (၁၉၆၉-၁၉၇၄)
  2. ဦးဝင်း (၁၉၇၄-၁၉၇၈)
  3. ဦးတင်အုန်း (၁၉၇၈-၁၉၈၃)
  4. ဦးလှရွှေ (၁၉၈၃-၁၉၈၅)
  5. ဦး​စောလှိုင် (၁၉၈၅-၁၉၈၈)
  6. ဦးအုန်း​ဂျော် (၁၉၈၉-၁၉၉၁)
  7. ဦးခင်​မောင်ဝင်း (၁၉၉၁-၂၀၀၄)
  8. ဦး​ကျော်သူ (၂၀၀၃-၂၀၀၉)
  9. ဦး​မောင်မြင့် (၂၀၀၄-၂၀၁၂)
  10. ​​ဒေါက်တာမျိုးညွန့် (၂၀၁၁-၂၀၁၂)
  11. ဦးသန့်​ကျော် (၂၀၁၂-၂၀၁၆)
  12. ဦးဇင်​ယော် (၂၀၁၂-၂၀၁၄)
  13. ဦးတင်ဦးလွင် (၂၀၁၄-၂၀၁၆)
  14. ဦး​ကျော်တင် (၂၀၁၆-၂၀၁၇)
  15. ဦးကျော်မျိုးထွဋ်(၁၁ ဖေဖော်ဝါရီ ၂၀၂၁ - ၃၁ ဇန်နဝါရီ ၂၀၂၄)[]
  16. ဦးလွင်ဦး(၂၅ စက်တင်ဘာ ၂၀၂၃-ယနေ့အထိ)
  17. ဦးကိုကိုကျော် (၂၂ အောက်တိုဘာ ၂၀၂၄ - ယနေ့အထိ)

အမြဲတမ်းအတွင်းဝန်များ

  1. ဦးအောင်လင်း (၂၀၁၅-၂၀၁၆)
  1. ဦးကျော်ဇေယျ (၂၀၁၆-၂၀၁၇)
  2. ဦးမြင့်သူ (၂၀၁၇- ၂၀၁၉)
  3. ဦးစိုးဟန် (၂၀၁၉-၂၀၂၀)
  4. ဦးချမ်းအေး(၂၀၂၀-၂၄ အောက်တိုဘာ ၂၀၂၃ )[]
  5. ဒေါ်မာလာသန်းထိုက် (ခေတ္တအမြဲတမ်းအတွင်းဝန်)
  6. ဦးအောင်ကျော်မိုး (ယခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး)(၁၆ မေ ၂၀၂၄-ဇူလိုင် ၂၀၂၅)[]
  7. ဦးဟောက်ခန့်ဆုမ်း (ယခင် နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး) (၂၂ ဇူလိုင် ၂၀၂၅ - လက်ရှိ)

ညွှန်ကြားရေးမှူးချုပ်များ

  1. အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး - ဦးဟောက်ခန့်ဆုမ်း
  2. နိုင်ငံရေးရာဦးစီးဌာန - ဦးသန်းထွေး (၂၂ ဖေဖော်ဝါရီ ၂၀၂၄ မှစတင်)
  3. အာဆီယံရေးရာဦးစီးဌာန - ဦးဟန်ဝင်းအောင် (၂၈ မေ ၂၀၂၅ မှ စတင်)
  4. မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန - ဦးဇော်ဖြိုးဝင်း
  5. သံတမန်ရေးရာဦးစီးဌာန - ဦးဇော်ထွန်းဦး []
  6. အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန - ဦးကျော်ညွှန့်ဦး
  7. ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန - ဦးအောင်ကျော်ဦး
  8. စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန - ဦးမြင့်နိုင်ဦး
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads