မြန်မာနိုင်ငံ၏ သံတမန်မစ်ရှင်များ စာရင်း
ဝီကီမီဒီယာ စာရင်းဆောင်းပါး From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၂၆ နိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ထားရှိသည်။လက်ရှိတွင် မြန်မာသံရုံး ၃၇ ရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး ၃ ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ၁၁ ရုံး စုစုပေါင်း ၅၁ ရုံး ဖွင့်လှစ်ထားသည်။ ကမ္ဘာ့နိုင်ငံ ၄၆ နိုင်ငံမှ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၅၀ ကို မြန်မာနိုင်ငံတွင် လက်ခံဖွင့်လှစ်ထားရှိသည်။[၁]
မြန်မာ
သံရုံး နှင့် ကောင်စစ်ဝန်
သံရုံး
ကောင်စစ်ဝန်
ကုန်သွယ်ရေးရုံး
ဂုဏ်ထူးဆောင်ကောင်စစ်ဝန်
Remove ads
အမြဲတမ်းကိုယ်စားလှယ်ရုံး
Remove ads
နိုင်ငံတကာအဖွဲ့အစည်းများတွင် ပါဝင်မှု
Remove ads
အဓိကဖြစ်ရပ်များ
၂၀၁၄
- ၁ စက်တင်ဘာ - ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံတို့သည် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ချစ်ကြည်ရေးတိုးမြှင့်စေရန် ဆန္ဒရှိကြသည်ဖြစ်၍လည်းကောင်း၊ နှစ်နိုင်ငံပြည်သူများ အကြား အပြန်အလှန်ခရီးသွားရာတွင် လွယ်ကူစေရန်လည်းကောင်း နှစ်နိုင်ငံအစိုးရတို့အကြား သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများအား (၁၄) ရက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကို သံတမန်လမ်းကြောင်းမှတစ်ဆင့် လဲလှယ်ပြီးခဲ့ပြီး ၎င်းနားလည်မှု စာချွန်လွှာသည် (၁-၉-၂၀၁၄) ရက်နေ့တွင် အတည်ပြု အသက်ဝင်ခဲ့ပါသည်။[၇]
၂၀၂၂
- ၁၁ နိုဝင်ဘာ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးတင်မောင်ဆွေအား တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။[၈]
၂၀၂၃
- ၅ မေ - ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shianghai Cooperation Organisation, SCO) သည် မြန်မာနိုင်ငံအား ဆွေးနွေးဖက်နိုင်ငံအဖြစ် ခွင့်ပြုခဲ့ပြီး၊ နားလည်မှု စာချွန်လွှာကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zhang Ming တို့မှ ၅-၅-၂၀၂၃ ရက်တွင် လက်မှတ် ရေးထိုးခဲ့သည်။[၉]
- ၁၇ ဇွန် - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးမြတ်သက်ဦးအား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။[၁၀]
- ၂၆ ဇူလိုင် - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သည် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးဦးတင်ယု အား ၎င်း၏လက်ရှိ တာဝန်ဝတ္တရားများအပြင် ဘာရိန်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်သည်။ [၁၁]
- ၂၅ ဩဂုတ် - နိုင်ငံခြားရေးဝန်ကြီးဌာနသည် တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မတိုင်မီ မြန်မာနိုင်ငံမှ ထွက်ခွာရန် သံတမန်စာဖြင့် အကြောင်းကြားခဲ့သည်။ တီမောလက်စ်တေအစိုးရသည် မြန်မာအစိုးရ၏ သတိပေးပြောကြားမှုများကြားမှပင် NUG နှင့် ထိတွေ့ဆက်ဆံခဲ့ရာ၊ ဤလုပ်ရပ်သည် နှစ်နိုင်ငံချစ်ကြည်ရေးကို ထိခိုက်စေပြီး အကြမ်းဖက်လုပ်ဆောင်မှုများကို အားပေးရာရောက်သောကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်ဟု ထုတ်ပြန်သည်။ [၁၂]
- ၁၁ စက်တင်ဘာ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေအား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်သည်။[၁၃]
- ၂၄ အောက်တိုဘာ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးအား ကူဝိတ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။ [၁၄]
- ၁၇ ဒီဇင်ဘာ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကမ္ဘာဒီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်း အား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်သည်။[၁၅]
- ၁၉ ဒီဇင်ဘာ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးတင်ယုအား ၎င်း၏လက်ရှိတာဝန်ဝတ္တရားများအပြင် အိုမန်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်သည်။[၁၆]
၂၀၂၄
- ၁၃ ဇန်နဝါရီ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးကျော်စိုးမင်းအား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။[၁၇]
- ၁၈ ဇန်နဝါရီ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုအား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။[၁၈]
- ၇ မေ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးကျော်စိုးမိုးအား ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်သည်။ [၁၉]
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်အား သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်သည်။[၂၀]
- ၃၀ မေ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်အား ပါကစ္စတန်အစ္စလာမစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်သည်။[၂၁]
- ၂၄ ဇူလိုင် - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးမျိုးမြင့်မောင်အား နီပေါနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။[၂၂]
၂၀၂၅
- ၁၉ ဖေဖော်ဝါရီ - ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးကို ၎င်း၏ လက်ရှိ တာဝန်ဝတ္တရားများအပြင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ် ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်သည်။ [၂၃]
- ၂၂ ဖေဖော်ဝါရီ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးသစ်လင်းအုန်းအား ၎င်း၏ လက်ရှိတာဝန်ဝတ္တရားများအပြင် ကာဇက်စတန်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်လိုက်ပြီးဖြစ်သည်။ [၂၄]
- မြန်မာနိုင်ငံသည် ဂီနီဘစ်ဆောသမ္မတနိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ခဲ့ပြီး၊ ယင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၂၆) နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သည့် နိုင်ငံ ဖြစ်လာခဲ့သည်။[၂၅] [၂၆]
- ၂၅ ဧပြီ - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးစိန်ဦး အား ဘရူနိုင်း ဒါရူဆလမ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။ [၂၇]
- ၂၅ မတ် - နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်။[၂၈]
Remove ads
အခြားကြည့်ရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads