တန်ဆွန်းညက် အပြည်ပြည်ဆိုင်ရာလေဆိပ်
From Wikipedia, the free encyclopedia
Remove ads
တန်ဆွန်းညက် နိုင်ငံတကာ လေဆိပ်သည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးလေဆိပ်ဖြစ်ပြီး ဟိုချီမင်းစီးတီးမှ ၇ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ လေဆိပ်ကို ၁၉၃ဝ လွန်နှစ်များက ပြင်သစ်တို့ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ဗီယက်နမ်စစ်ပွဲအပြီး၌ အဆင့်မြှင့်ခဲ့သည်။ ၎င်းတွင် ပြေးလမ်းနှစ်ခုရှိပြီး တစ်နှစ်လျှင် ခရီးသည် ၂၅ သန်းကို ဝန်ဆောင်မှုပေးနိုင်သည်။ ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးလေဆိပ်ကြီး ဖြစ်ရုံကမက ကမ္ဘာပေါ်တွင် ခရီးသည်အရေအတွက်အရ အလုပ်အရှုပ်ဆုံးလေဆိပ် (၅၀) တွင်လည်း ပါဝင်သည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၂၆ သန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့သည်။

Remove ads
သမိုင်း
"တန်ဆွန်းညက် နိုင်ငံတကာလေဆိပ်သည် ၁၉၃၀ ကတည်းက ပြင်သစ်တို့က တန်ဆွန်းညက်ရွာအနီးတွင် လေတပ်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၆ ခုနှစ် နှစ်လယ်ပိုင်းတွင် အမေရိကန်တို့၏ အကူအညီနှင့် လေယာဉ်ပြေးလမ်းကို ပေ၇၂၀၀ (၂၁၉၀ မီတာ) အထိ ဆိုင်ဂွန်အနီးတွင် တိုးချဲ့ခဲ့သည်။ ထို့နောက် ဗီယက်နမ်(တောင်ပိုင်း)၏ အဓိကပြည်ပလေဆိပ်ဖြစ်လာခဲ့သည်။ ဗီယက်နမ်စစ်ပွဲအတွင်းတွင် လေဆိပ်သည် အမေရိကန် နှင့် တောင်ဗီယက်နမ် တို့၏ အဓိက လေတပ်စခန်းဖြစ်ခဲ့သည်။ ၁၉၆၈ ခုနှစ် နှင့် ၁၉၇၄ ခုနှစ်အတွင်းတွင် တန်ဆွန်းညက်လေဆိပ်သည် ကမ္ဘာပေါ်တွင် အလုပ်အများဆုံး စစ်တပ်လေယာဉ်ကွင်းဖြစ်ခဲ့သည်။
စစ်ပြီးခေတ်ကာလ
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ယူနိုက်တက် လေကြောင်းလိုင်းသည် ဗီယက်နမ်သို့ စတင်ပျံသန်းသော လေကြောင်းလိုင်း ဖြစ်ခဲ့သည်။ ယူနိုက်တက် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ယူအေ ၈၆၉ အဖြစ် ဘိုးရင်း ၇၄၇-၄၀၀ လေယာဉ်ကြီးဖြင့် ဟိုချင်းမင်းမြို့ လေဆိပ်ကို ဆင်းသက်ခဲ့သည်။ အဆိုပါ ခရီးစဉ်သည် ဆန်ဖရန်စစ္စကိုမြို့မှ ပျံသန်းလာခဲ့ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့တွင် အဆိုပါ ခရီးစဉ်သည် ဆန်ဖရန်စစ္စကို မြို့မှ လော့အိဂျလိစ်မြို့သို့ ပြောင်းရွေ့ပျံသန်းခဲ့သည်။ ၂၀၀၉ ခုနှစ် တွင် ဆန်ဖရန်စစ္စကို ခရီးစဉ် ပြန်လည်ပျံသန်းခဲ့သည်။ သို့သော်လည်း ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ပြန်လည်ရပ်ဆိုင်းခဲ့သည်။
၂၀၀၆ ခုနှစ်တွင် တန်ဆွန်းညက် နိုင်ငံတကာလေဆိပ်သည် ခရီးသည် ၈.၅သန်းခန့်ရှိခဲ့ပြီး (၂၀၀၅ ခုနှစ်တွင် ခရီးသည် ၇ သန်း) လေယာဉ်အဆင်းရေ ၆၄၀၀၀ ကျော် ဆင်းသက်ခဲ့သည်။ အဆိုပါ အရေအတွက်သည် ဗီယက်နမ် နိုင်ငံ လေကြောင်းကဏ္ဍတစ်ခုလုံး၏ ၃ ပုံ ၂ ပုံခန့် ရှိသည်။ ခရီးသည်ပိုမိုများပြားမှုကြောင့် တောင်ပိုင်းလေဆိပ်ကော်ပိုရေးရှင်း သည် လေဆိပ်ကို အဆက်မပြတ်တိုးချဲ့ခဲ့သည်။
တန်ဆွန်းညက် နိုင်ငံတကာလေဆိပ်သည် ၂၀၀၇ ခုနှစ်တွင် ခရီးသည် ၁၁ သန်း၊ ၂၀၀၈ ခုနှစ်တွင် ၁၂.၄ သန်း၊ ၂၀၁၀ ခုနှစ်တွင် ၁၅.၅ သန်း အသီးသီး ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ပြည်တွင်းလေဆိပ် အဆောက်အဦးသည် ခရီးသည် ၈ သန်း ဝန်ဆောင်မှုပေးခဲ့ပြီး အများဆုံးဝန်ဆောင်မှုပေးနိုင်သည့် အရေအတွက်ကို ရောက်ရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် လေဆိပ်တစ်ခုလုံး ခရီးသည် သန်း ၂၀ ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး အများဆုံးဝန်ဆောင်မှုပေးနိုင်သည့် အရေအတွက်ကို ခန့်မှန်းထားသည်ထက် ၂ နှစ်စောပြီး ရောက်ခဲ့သည်။ လေဆိပ်အဆောက်အဦးတိုးချဲ့မှုများကို ပြည်တွင်း၊ ပြည်ပ နှစ်ခုလုံးတွင် လုပ်ဆောင်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် ပြည်တွင်း လေဆိပ်အဆောက်အဦး တိုးချဲ့တာ ပြီးဆုံးခဲ့ပြီး ခရီးသည် ၁၃ သန်းထိ ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ လေဆိပ် တိုးချဲ့မှု စီမံကိန်းတွင် ပြည်ပလေဆိပ်အဆောက်အဦးကို ခရီးသည် (၁၃) သန်းထိ ဝန်ဆောင်မှုပေးနိုင်ရန်၊ လေယာဉ်ရပ်နားနေရာ (၁၀) နေရာ တို့လည်း ပါဝင်သည်။ ၂၀၁၅ ခုနှစ်တွင် လေဆိပ်တိုးချဲ့မှုစီမံကိန်း ပြီးဆုံးခဲ့ပြီး ၁ နှစ်လျှင် ခရီးသည် ၂၅ သန်းအထိ ဝန်ဆောင်မှုပေးနိုင်ပြီ ဖြစ်သည်။
ပြည်ပလေဆိပ်အဆောက်အဦး
ပြည်ပလေဆိပ်အဆောက်အဦးကို ဂျပန်နိုင်ငံ၏ အကူအညီနှင့် တည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ၁ နှစ်လျှင် ခရီးသည် ၁၂ သန်း ဝန်ဆောင်မှုပေးနိုင်ရန် ဖွင့်လှစ်ခဲ့သည်။ လေဆိပ်အဆောက်အဦးအဟောင်းကို ပြည်တွင်းလေကြောင်းလိုင်းများအတွက် အသုံးပြုသည်။ သို့သော် ၂၀၂၀ တွင် လေဆိပ်အသစ် လောင်းတန့် အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ပြီးစီးသောအခါ တန်းဆွန်းညက် လေဆိပ်သည် အဓိက ပြည်တွင်းလေကြောင်းလိုင်းများသာ ဆင်းသက်တော့မည်ဖြစ်သည်။
Remove ads
လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ



Passenger
1: Beginning 27 June 2016, Turkish Airlines's flight from Ho Chi Minh City to Istanbul will make a stop or continue on to Hanoi. Turkish Airlines, however, will not have eighth freedom traffic rights to transport passengers solely from Ho Chi Minh City to Hanoi.
Cargo
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads